သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်တွေကြား သဘောတူစာချုပ် လက်မှတ်ထိုးတော့မယ်


သမ္မတ Juan Manuel Santos က FARC သူပုန်တွေကြား လက်မှတ်ထိုးမည့် သဘောတူစာချုပ် ကို လွှတ်တော်သို့ ယူလာစဉ်
သမ္မတ Juan Manuel Santos က FARC သူပုန်တွေကြား လက်မှတ်ထိုးမည့် သဘောတူစာချုပ် ကို လွှတ်တော်သို့ ယူလာစဉ်

ကိုလံဘီယာနိုင်ငံမှာ ရာစုနှစ်ထက်ဝက်ကြာဖြစ်နေတဲ့ စစ်ပွဲကိုအဆုံးသတ်ရေး တရားဝင် သဘောတူညီချက် တရပ်ကို အစိုးရနဲ့ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ FARC သူပုန်တွေအကြား နောက်လ နှောင်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာပြောပါတယ်။

တရားဝင် လက်မှတ်ရေးထိုးပွဲကို ဘယ်သူတွေ တက်မယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက မပြောပါဘူး။

လက်မှတ်ထိုးဖို့ တရားဝင် သတ်မှတ်ထားတဲ့ရက်ကတော့ စက်တင်ဘာလ ၂၀ ရက်နဲ့ ၂၆ ရက်ကြားမှာဖြစ်ပြီးအစီအစဉ်တွေနဲ့ တက်ရောက်မယ့် လူပုဂ္ဂိုလ်တွေပေါ်မူတည်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လက်မှတ်ထိုးပွဲလုပ်မယ့်နေရာအဖြစ် ဘိုဂိုတာ ဒါမှမဟုတ် ကျူးဘားက ကုလသမဂ္ဂရုံးချုပ်ကို စဉ်းစားနေတယ် လို့ သမ္မတ Juan Manuel Santos က ပြောပါတယ်။

နောက်ဆုံးလက်မှတ်ရေးထိုးပွဲ မတိုင်ခင် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ San Vicente del Caguan ဒေသမှာလုပ်မယ့် FARC ခေါင်းဆောင်တွေရဲ့ နောက်ဆုံး အစည်းအဝေးကို FARC ကိုယ်စားလှယ် အယောက် ၂၀၀ ထက်မနည်းတက်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG