သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီခေါင်းဆောင်ဟောင်း ဝန်ချ တောင်းပန်


ခမာနီခေါင်းဆောင်ဟောင်း Nuon Chea
ခမာနီခေါင်းဆောင်ဟောင်း Nuon Chea
ကမ္ဘောဒီးယား နိုင်ငံမှာ ၁၉၇၀ နှစ်တွေအတွင်း ခမာနီခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေအတွက် ခမာနီခေါင်းဆောင် တဦးက ပထမဆုံးအကြိမ် အဖြစ် တောင်းပန်လိုက်ပါတယ်။

Brother နံပါတ် တူး လို့ လူသိများတဲ့ ခမာနီခေါင်းဆောင် နုံချာ (Nuon Chea) က ကြာသပတေးနေ့က ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့ တရားရုံးမှာ အခုလိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။ သူတို့အုပ်ချုပ်တဲ့ ကာလ အတွင်း နိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ နစ်နာ ထိခိုက်မှုတွေ အတွက် ခေါင်းဆောင်တဦး အနေနဲ့ သူ့မှာ တာဝန်အပြည့်ရှိ တယ်လို့ တရားရုံးကို ပြောကြားခဲ့တဲ့အပြင် ဒုက္ခ ခံစားခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစွန်းရောက် မော်ဝါဒီအဖွဲ့တဖွဲ့ဖြစ်တဲ့ ခမာနီတွေဟာ ကမ္ဘောဒီးယားကို ၁၉၇၅ ခုနှစ်မှာ သိမ်းပိုက် အုပ်စိုးခဲ့ပြီး သူတို့ အုပ်ချုပ်တဲ့ ၁၉၇၉ ခုနှစ်အထိ ၄ နှစ်အတွင်း ငတ်မွတ်မှု၊ နာမကျန်းဖြစ်မှုနဲ့ အကွပ်မျက်ခံရမှုတွေကြောင့် ကမ္ဘောဒီးယား နိုင်ငံသား ၂ သန်းလောက် သေကြေခဲ့ရပါတယ်။

သူက အခုလို တောင်းပန်ခဲ့ပေမယ့် ကမ္ဘောဒီးယား နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေရှိခဲ့တယ် ဆိုတာနဲ့ ဒီဖြစ်ရပ်အတွက် တာဝန်ယူဖို့တော့ အခုထိ ငြင်းဆိုနေဆဲဖြစ်ပါတယ်။ သူဟာ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

သူ့နဲ့အတူ အရင် နိုင်ငံံ့အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့တဲ့ Khieu Samphan ကလည်း ဒုက္ခရောက်ခဲ့ရသူတွေအတွက် တောင်းပန်ခဲ့ပေမယ့် သူဟာ အဲဒီအချိန်က အာဏာမရှိပဲ ရုပ်ပြသက်သက်ပဲမို့ သူ့မှာ တာဝန်မရှိဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG