သုံးရလွယ်ကူစေသည့် Link များ

လူရွှင်တော်ပါပါလေး ကွယ်လွန်

  • ဗွီအိုအေ (မြန်မာဌာန)

လူရှင်တော် ပါပါလေး (ဘယ်) နဲ့ လူရွှင်တော် လူမော် (ယာ)
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ နာမည်ကြီး လူရွှင်တော် ဦးပါပါလေးဟာ သောကြာနေ့ နေ့လည်တစ်နာရီက မန္တလေးကနေအိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

ဦးပါပါလေးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ဆီးနဲ့ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတင်ထားခဲ့ရပြီး ဆေးရုံကပြန်အဆင်းမှာ ကွယ်လွန်ခဲ့တာပါ။ နှုတ်ခမ်းမွှေးညီအကိုတွေအဖြစ် နာမည်ကြီးတဲ့ လူရွှင်တော် ဦးပါပါလေးနဲ့ ဦးလူမော်တို့ရဲ့ ပြက်လုံးတွေကို မြန်မာနိုင်ငံထဲမှာသာမက နိုင်ငံရပ်ခြားကပါ နှစ်သက် သဘောကျကြတာပါ။

ဦးပါပါလေးဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ သူ့ ပြက်လုံးတွေကြောင့် ထောင် တစ်ခါ ကျခဲ့တာဖြစ်ပြီး ၁၉၉၆ ခုနှစ် လွတ်လပ်ရေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ခြံမှာ သွားကပြခဲ့တဲ့အတွက် နောက်တခါ အကျဉ်းချခံခဲ့ရသလို သံဃာ့အရေးအခင်းနောက်ပိုင်းမှာလည်း တစ်ခါ ဖမ်းဆီးထောင်ချတာ ခံခဲ့ရသူ ဖြစ်ပါတယ်။

လူရွှင်တော် ဦးပါပါလေးရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ (၄) ရက်၊ နေ့လည် (၂) နာရီခွဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG