သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယခရီးစဉ်စတင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာစဉ်။ (ဓာတ်ပုံ- MOI)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာစဉ်။ (ဓာတ်ပုံ- MOI)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့အိန္ဒိယနိုင်ငံ ၆ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့စတင်လိုက်ပါတယ်။ အိန္ဒိယနဲ့မြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို နှိမ်နင်းရေး စစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့နဲ့ ပတ်သက်ပြီး ဒီခရီးစဉ်အတွင်း ဆွေးနွေးမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး Manohar Parrikar နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်တယ်လို့ အိန္ဒိယစစ်ဖက်ကလာတဲ့သတင်းတွေကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေကိုလည်း ဗိုလ်ချုပ်မှူးကြီး လိုက်လံကြည့်ရှုမယ့်အပြင် ဗုဒ္ဓဂါယာကိုလည်း သွားရောက်လည်ပတ်မယ်လို့ ထောက်လှမ်းရေးရပ်ကွက်က ထွက်ပေါ်လာတဲ့ သတင်းတွေကိုကိုးကားပြီး ဖေါ်ပြပါတယ်။

လွန်ခဲ့တဲ့ကာလတွေအတွင်း အိန္ဒိယနိုင်ငံဟာ အဆင့်မြင့် ရေဒါနဲ့ဆိုနာ system တွေကို မြန်မာရေတပ် အတွက် ရောင်းချခဲ့ဖူးပါတယ်။ မကြာသေးခင်တုန်းကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာကျင်းပတဲ့ အိန္ဒိယ မြန်မာ ပူးတွဲညှိနှိုင်းတိုင်ပင်ရေးကော်မရှင် JCC အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တက်ရောက်ခဲ့ပြီး အဲဒီ အစည်းအဝေးအတွင်း ကုန်သွယ်ရေးနဲ့ စွမ်းအင် ကဏ္ဍမှာ အရှိန်တိုးမြှင့်ဖို့ကိစ္စရပ်တွေအပါအဝင်ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါသေးတယ်။

ကီလိုမီတာ ၆ သိန်းကျော် ရှည်လျားတဲ့ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ခြုံခို တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့အပြီးမှာ အိန္ဒိယနဲ့ မြန်မာအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အခုလို အရှိန်မြှင့်တင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG