သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနသဟာယ အားကစားပွဲ အိန္ဒိယမှာ စတင်ကျင်းပ

ဓနသဟာယ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ်။ အောက်တိုဘာ ၃၊ ၂၀၁၀။
ဓနသဟာယ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ်။ အောက်တိုဘာ ၃၊ ၂၀၁၀။

အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ကျူးတဲ့ အလှပြ ကကွက်တွေနဲ့ ဓနသဟာယ နိုင်ငံတွေရဲ့ အားကစားပွဲတော်ကို တနင်္ဂနွေနေ့က နယူးဒေလီမြို့တော်မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

ပွဲတော်အတွက် အကြိုပြင်ဆင်မှုပိုင်းမှာ ဝေဖန်ခံရမှုတွေ ရှိခဲ့ပေမဲ့ အားကစားပြိုင်ပွဲ ဖွင့်ပွဲကိုတော့ ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တာပါ။

ဂျဝါဟာလာနေရူး အားကစားကွင်းကြီးမှာ ဗြိတိနိုင်ငံရဲ့ အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်က ၁၉ ကြိမ်မြောက် ဓနသဟာယ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါတယ်။ သမ္မတ ပရာတီဘာ ပတေး (Pratibha Patil) ကလည်း ဖွင့်ပွဲမိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။

အားကစားရွာမှာ နေရာထိုင်ခင်းတွေ မသန့်ရှင်းမှု၊ လုံခြုံရေးအတွက် စိတ်မချရမှု၊ လာဘ်ပေး လာဘ်ယူမှု စတဲ့ ပြဿနာမျိုးစုံကို အားကစားပြိုင်ပွဲကြီး မစခင်က ပွဲစီစဉ်သူတွေ ဖြေရှင်းခဲ့ကြရတာပါ။

ဖွင့်ပွဲအခမ်းအနားမှာ အားကစားပွဲ ကြီးကြပ်စီစဉ်သူ စူရပ်စ် ကာလ်မာဒီ (Suresh Kalmadi) က မိန့်ခွန်းစကားပြောဖို့ ထွက်လာတဲ့ အချိန်မှာ ၆၀,၀၀၀ လောက်ရှိတဲ့ ပရိသတ်တွေက သူ့ကို အော်ဟစ် ရှုတ်ချခဲ့ကြပါတယ်။

၂၀၁၀ ပြည့်နှစ် ဓနသဟာယ အားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇၁ နိုင်ငံက အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG