သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်စုနှစ်ကြာ ရပ်ဆိုင်းထားတဲ့ ကမ္ဘောဒီးယား ရေကာတာစီမံကိန်းတွေ စဖို့ပြင်


A general view of the Cambodia's 400 megawatt Lower Sesan 2 hydroelectric dam is seen during the inauguration in Stung Treng province on Dec. 17, 2018.
A general view of the Cambodia's 400 megawatt Lower Sesan 2 hydroelectric dam is seen during the inauguration in Stung Treng province on Dec. 17, 2018.

ကမ္ဘောဒီးယားနိုင်ငံမှာ ရပ်တန့်နေတဲ့ ရေကာတာစီမံကိန်းကြီး ၂ ခုကို ပြန်စနိုင်ဖို့ ခွင့်ပြုချက်ရရေး နာမည်ကြီး ကမ္ဘောဒီးယား သူဋ္ဌေးကြီးတယောက်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့ ကုမ္ပဏီတွေက တိတ်တဆိတ် ကြိုးပမ်းနေကြောင်း ဗွီအိုအေက ရရှိထားတဲ့ အထောက်အထားမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

Ratanakiri ပြည်နယ်က စီမံကိန်းတွေကြောင့် ဌာနေလူမျိုးတွေရဲ့ လူနေမှုဘဝတွေ၊ မဲခေါင်မြစ် ဂေဟဗေဒစနစ်တွေကို ထိခိုက်မှာကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ စိုးရိမ်နေပါတယ်။ ၂၀၀၃ ခုနှစ်က စတင်ခဲ့တဲ့ မဲခေါင်မြစ် အဓိက မြစ်လက်တက်တွေမှာ တည်ဆောက်မယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ရေကာတာ စီမံကိန်းတွေထဲမှာ Lower Srepok 3 နဲ့ Lower Sesan 3 တို့လည်း ပါဝင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက စီမံကိန်းတည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီတွေ ခွင့်ပြုချက်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုအခါမှာတော့ ကမ္ဘောဒီးယားသူဋ္ဌေး Kith Meng ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကုမ္ပဏီတွေက စီမံကိန်းအတွက် ကနဦးဆန်းစစ်ချက်တွေ စတင်နေပါပြီ။ ဒီစီမံကိန်း ၂ ခုကြောင့် အိမ်ထောင်စု ၁ သောင်းလောက် ထိခိုက်နိုင်ကြောင်း ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ 3S မြစ်ထိန်းသိမ်းရေး ကွန်ရက် ဒါရိုက်တာ Leang Bunleap ကပြောပါတယ်။

XS
SM
MD
LG