သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မပြုကျင့်ခံရသူ အိန္ဒိယကျောင်းသူ ဒဏ်ရာအခြေအနေဆိုး


 အုပ်စု လိုက်အဓမ္မပြုကျင့်ခံရသူ အိန္ဒိယကျောင်းသူလေး အတွက် အိန္ဒိယနိုင်ငံ New Delhi မြို့မှာ ပိုစတာကိုင် ဆန္ဒထုတ်ဖော်နေပုံ (ဒီဇင်ဘာ ၂၇ ၂၀၁၂)
အုပ်စု လိုက်အဓမ္မပြုကျင့်ခံရသူ အိန္ဒိယကျောင်းသူလေး အတွက် အိန္ဒိယနိုင်ငံ New Delhi မြို့မှာ ပိုစတာကိုင် ဆန္ဒထုတ်ဖော်နေပုံ (ဒီဇင်ဘာ ၂၇ ၂၀၁၂)
ဒီဇင်ဘာ အစောပိုင်းက အိန္ဒိယနိုင်ငံ New Delhi မြို့မှာ အုပ်စုလိုက် မတရားပြုကျင်မှုခံခဲ့ရတဲ့ ကျောင်းသူလေးဟာ ဦးခေါင်းပိုင်းဒဏ်ရာပြင်းထန်တဲ့အတွက် ဦးနှောက် ဒဏ်ရာရခဲ့ပြီး အသက်ရှင် ရေးအတွေက် ကြိုးစားရုန်းကန်နေရဆဲဖြစ်တယ်လို့ သူ့ကို ကုသမှုပေးနေတဲ့ စင်္ကာပူဆေးရုံက ပြောလိုက်ပါတယ်။ အသက်၂၃ အရွယ် ကျောင်းသူ လေးဟာ ဦးနှောက်မှာ ပြင်းထန်တဲ့ ဒဏ်ရာရထားရုံတင်မက ဝမ်းခေါင်းပိုင်းဆိုင်ရာခွဲစိတ်မှု ၃ ကြိမ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှလုံးဆိုင်ရာ ပြဿနာပါခံစားနေရတယ် လို့ စင်္ကာပူ Mount Elizabeth ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Kelvin Loh က သောကြာနေ့ကပြောဆိုပါတယ်။

သူမဟာ ဝမ်းခေါင်းနဲ့ အဆုပ်မှာလဲ ပိုးဝင်တဲ့ ဒဏ်ကို ခံစားနေရတာကြောင့် အဲဒီဝေဒနာတွေအားလုံးကို ရင်ဆိုင်ပြီး အသက်ရှင်သန်ဖို့ ကြိုးစားနေရတယ် လို့ Kelvin Loh ကရှင်းပြပါတယ်။ မတရားပြုကျင့်ခံခဲ့ရတဲ့ အိန္ဒိယကျောင်းသူလေးဟာ အလွန်အမင်းစိုးရိမ်ရတဲ့ အနေအထားနဲ့ဆေးရုံကို ရောက်လာခဲ့တယ်လို့လည်း သူကပြောဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က သူမကို New Delhi ဆေးရုံကနေ စင်္ကာပူ ကို လေယာဉ်နဲ့ သယ်ဆောင်လာခဲ့ တာဖြစ်ပါတယ်။

သူမကို ဆေးရုံရောက်လာချိန်ကစပြီးသက်ဆိုင်ရာအထူးကု ဆရာဝန်အဖွဲ့ တွေက မနားတမ်း ကုသပေးနေကြပြီး လာမယ့်ရက်အနည်းငယ်အတွင်း သူမရဲ့ အခြေအနေတည်ငြိမ်မှုရအောင် တတ်နိုင်သမျှနည်းလမ်းတွေနဲ့ကြိုးစားကုသနေကြရတယ်လို့ Mr. Kelvin Loh က ပြောဆိုပါတယ်။

ဒီဇင်ဘာ လ ၁၆ ရက်နေ့က ဘတ်စ်ကားတစင်းပေါ်မှာ ဒီကျောင်းသူလေးကို ကားပေါ်ပါလာတဲ့ အမျိုးသားအုပ်စု က မတရားပြုကျင့်စော်ကားပြီး တဲ့ နောက် ခေါင်းကို သံတုတ်နဲ့ရိုက်နှက်ပြီး ကားပေါ်ကနေပစ်ချထားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မုဒိန်းကျင့်သတ်ဖြတ်တယ်လို့ စွပ်စွဲထားသူ ၆ဦးကို ဖမ်းဆီး ထိမ်းသိမ်းထားပြီးဖြစ်ပါတယ်။
XS
SM
MD
LG