အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်တွေက အစိုးရဌာနတွေ နောက်တကြိမ်ထပ်ပြီး ပိတ်ပစ်ရမယ့်အရေး ရှောင်လွှဲနိုင်အောင် ဗဟိုအစိုးရရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် အစီအစဉ်နဲ့ ပတ်သက်ပြီး အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့ စတင် စဉ်းစားနေကြပါပြီ။ ဒါပေမဲ့ အရေးကြီးဆုံး အဓိက ဆုံးဖြတ်ရမယ့် ရေရှည်ဘဏ္ဍာရေးပြဿနာကိုတော့ ထပ်ပြီး ရွှေ့ဆိုင်းထားရပါတယ်။
ဘားဂျက် ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ရက်မတိုင်မီ နောက်ဆုံးအချိန်ထိ အခြေအတင် ငြင်းခုံရတာတွေ ထပ်မဖြစ်ရအောင် လွှတ်တော်စေ့စပ်ရေးမှူးတွေက အသုံးစရိတ် အစီအစဉ် အသေးစိတ်ကို ပါတီကြီး ၂ ရပ်စလုံးကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ကြပါတယ်။
လွှတ်တော်မှာ ဘားဂျက်အရေး မပြေလည်ခဲ့တာကြောင့် အောက်တိုဘာလအတွင်းက ၁၆ ရက်ကြာ အစိုးရဌာနတချို့ ပိတ်ထားခဲ့ရပါတယ်။ နောက်ဆုံး ယာယီပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ပေမဲ့ လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့အထိပဲ အစိုးရအသုံးစရိတ် ခွင့်ပြုထားတာဖြစ်ပါတယ်။
အခု လွှတ်တော်စေ့စပ်ရေးမှူးတွေ အဆိုပြုချက်အရ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ ဗဟိုအစိုးရ အသုံးစရိတ်ဟာ တနှစ်ကို ၁ ထရီလီယံ ဒေါ်လာကျော်ကျော် ခွင့်ပြုနိုင်ပါတယ်။ ဒီဘားဂျက်ဟာ လွှတ်တော်က လာမယ့် ၂ နှစ်အတွင်း နဂိုက ခွင့်ပြုထားတာထက်ပိုပေမဲ့၊ ၁၀ နှစ်အတွင်းမှာတော့ တချို့ ဖြတ်တောက်ပစ်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒီရသုံးမှန်းခြေ အဆိုပြုချက်ကို လွှတ်တော်မှာ လာမယ့်ရက်တွေအတွင်း မဲခွဲကြဖို့ ရှိပါတယ်။