လွှတ်တော်အမတ် ဂါဘရီရယ်လ် ဂစ်ဖို့ဒ် (Gabrielle Giffords) ဟာ အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဝမ်းနည်းကြေကွဲစွာဘဲ သူရာထူးကနေ နှုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်က သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ အာရီဇိုးနားပြည်နယ် တူစင်မှာ ဒေသခံတွေနဲ့ တွေ့ဆုံချိန် သူဟာ ဦးခေါင်းမှာ သေနတ်ပစ်ခံရပြီး ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ်ကို ရီပတ်ပလစ်ကန်ရော ဒီမိုကရက်ကပါ ၂ ပါတီစလုံးက ဝိုင်းဝန်းချီးကျူး နှုတ်ဆက်ခဲ့ကြပါတယ်။ အောက်လွှတ်တော်အမတ် Giffords နဲ့ပတ်သက်လို့ ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
အောက်လွှတ်တော်အမတ် Giffords အကြောင်း တစေ့တစောင်း
