သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ေသဒဏ္ေပး ကြပ္မ်က္မႈဂယက္ ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈမ်ား


ေသဒဏ္စီရင္မႈသတင္း စစ္ေကာင္စီက ထုတ္ျပန္လိုက္အၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးေရွ႕ ထိုင္းေရာက္ျမန္မာေတြ ဆႏၵျပ

ဒီတစ္ပတ္အတြင္းမွာေတာ့ အားလုံးသိၾကတဲ့အတိုင္း စစ္ေကာင္စီက ေသဒဏ္ခ်မွတ္ထားျခင္းခံရတဲ့ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္နဲ႔ ကိုေအာင္သူရေဇာ္တို႔ ေလးဦးကို အျငင္းပြားဖြယ္ ကြပ္မ်က္လိုက္တဲ့သတင္းေတြက ျမန္မာနဲ႔ ကမာၻ႔မီဒီယာေတြမွာ လႊမ္းမိုးေနရာယူထားတာ ေတြ႕ရပါတယ္။ ၾသဇာႀကီးတဲ့ သတင္းစာႀကီးေတြျဖစ္ၾကတဲ့ အေမရိကန္အေျခစိုက္ Washington Post,The Nwe York Times၊ ၿဗိတိန္ ကThe Guardian, ျပင္သစ္သတင္းဌာန ႐ိုက္တာ၊ ဂ်ာမဏီရဲ႕ DW၊ဂ်ပန္က Nikkei Asia ၊အိႏၵိယက Time of India အပါအဝင္ အေရွ႕ေတာင္အာရွသတင္းစာႀကီးေတြ ျဖစ္ၾကတဲ့ The Striate Time, Bangkok Post သတင္းစာႀကီးေတြ၊ ကမာၻ႔႐ုပ္သံသတင္းဌာနႀကီးေတြ ျဖစ္ၾကတဲ့ BBC, CNN, Aljazeera, CNA တို႔မွာ ဦးစားေပးသတင္းအျဖစ္ ေဖာ္ျပၾကတာ ေတြ႕ရပါတယ္။ အဲဒီလိုေဖာ္ျပခဲ့တဲ့အထဲက တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပရရင္ အယ္ဂ်ာဇီးယားသတင္းဌာနက "စစ္ေကာင္စီရဲ႕ လုပ္ရပ္ဟာ အာဆီယံကို ႀကီးမားတဲ့အခက္အခဲ ေတြ႕ေစတယ္။ ျပစ္တင္ရႈတ္ခ်ရမယ့္ ကိစၥျဖစ္တယ္" လို႔ အာဆီယံဥကၠ႒ ကေမာၻဒီးယားရဲ႕ေျပာၾကားခ်က္ကို ကိုးကားေရးပါတယ္။

စကၤာပူ႐ုပ္သံ CNA ကလည္း" အခုလိုကြပ္မ်က္မႈဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း တပ္မေတာ္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ေပၚေပါက္လာခဲ့တဲ့ ဒီမိုကေရစီလိုလားသူမ်ားရဲ႕ ေခါင္းေဆာင္မႈကို တိတ္ဆိတ္သြားေစဖို႔ ျမန္မာျပည္သူေတြကိုေရာ ကမာၻကိုပါသတင္းစကား ပါးလိုက္တာျဖစ္တယ္"လို႔ မွတ္ခ်က္ေပးပါတယ္။ ကမာၻ႔နာမည္ႀကီးသတင္းစာျဖစ္တဲ့ နယူးေယာက္တိုင္းမ္ကေတာ့ "နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ စစ္ေကာင္စီရဲ႕ ကြပ္မ်က္မႈဟာ အေနာက္တိုင္းက ေခါင္းေဆာင္ေတြကို ဂ႐ုမစိုက္ဘူးဆိုတာ အခ်က္ျပလိုက္တာျဖစ္တယ္"လို႔ မွတ္ခ်က္ေပးေရးသားပါတယ္။

ဒါ့အျပင္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂူတားရက္စ္ကလည္း စစ္ေကာင္စီလုပ္ရပ္ကို ျပင္းထန္စြာ ျပစ္တင္ရႈတ္ခ်လိုက္ၿပီး "ဒီလို ကြပ္မ်က္မႈဟာ အလြန္ဆိုး႐ြားတဲ့ ေနာက္ထပ္အမွတ္လကၡဏာတစ္ခုျဖစ္ၿပီး ၊ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရးအေျခအေနဟာ ေသေရးရွင္ေရးတမွ် အေရးႀကီးေနၿပီ" လို႔ ေျပာၾကားလိုက္ပါတယ္။ လုံၿခဳံေရးေကာင္စီကလည္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီလိုလားသူေလးဦးကို ေသဒဏ္ေပး ကြပ္မ်က္ခဲ့တာကို ျပင္းထန္စြာ ရႈတ္ခ်တဲ့ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး မတရားဖမ္းဆီးထားတဲ့ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခ်က္ျခင္းလႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တာေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Edward "Ned" Price ကလည္း အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာစစ္ေကာင္စီကို အေရးယူဖို႔ ဘက္စုံကေန စဥ္းစားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ စက္မႈဖြံ႕ၿဖိဳးၿပီး စီးပြားေရး အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ G7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ထုတ္ျပန္ခ်က္မွာလည္း "လြတ္လပ္မွ်တတဲ့ တရားစီရင္မႈ မဟုတ္ဘဲ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ပထမဆုံး ကြပ္မ်က္တာကိုၾကည့္ရင္ ဒီမိုကေရစီလိုလားတဲ့ ျမန္မာျပည္သူေတြရဲ႕ ခိုင္မာတဲ့စိတ္ဓါတ္ကို ဂ႐ုမစိုက္ဘူးဆိုတာ ျပသလိုက္တာျဖစ္တယ္"လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားသူေလးဦး ႀကိဳးေပးသတ္ျဖတ္ခံရတာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက ဖိအားေပး ေျပာဆိုေနတာေတြရွိေပမဲ့ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က "သူတို႔အေနနဲ႔ တျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးရာ ကိစၥေတြကို ဝင္ၿပီးမစြက္ဖက္ဘူးဆိုတဲ့ မူအတိုင္းပဲ ရပ္တည္တယ္" လို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ျပည္တြင္းေရးကို ဝင္မစြက္ဘူးလို႔ ေျပာေပမဲ့ ဇူလိုင္ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ကုလသသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မွာေတာ့ အဖြဲ႕ဝင္ ၁၅ ႏိုင္ငံအားလုံးနည္းတူ တ႐ုတ္ႏိုင္ငံေရာ၊ ျမန္မာစစ္ေကာင္စီနဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ ႐ုရွားႏိုင္ငံကပါ ဒီလိုႀကိဳးေပးကြပ္မ်က္မႈကို ဆန႔္က်င္ရႈတ္ခ်ေၾကာင္း တခဲနက္ သေဘာတူေၾကျငာခ်က္ ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ျမန္မာစစ္ေကာင္စီဟာ ျပည္သူက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ တရားဝင္အစိုးရမဟုတ္ဘူး။ ဒါေၾကာင့္ စစ္ေကာင္စီအေနနဲ႔ အခုလိုေသဒဏ္ေပး ကြပ္မ်က္ခြင့္ရွိသလား။ ဥပေဒေၾကာင္းအရ တရားဝင္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။ဒါေၾကာင့္လည္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္ တြမ္အင္ဒ႐ူးက "တရားမဝင္စစ္အစိုးရရဲ႕ တရားမဝင္တရား႐ုံးက ခ်မွတ္ထားတဲ့ ဒီေသဒဏ္ေတြဟာ ျမန္မာျပည္သူေတြၾကား အေၾကာက္တရားေတြ တိုးပြားေအာင္လုပ္ဖို႔ ယုတ္မာတဲ့ ႀကိဳးပမ္းမႈ ျဖစ္တယ္" လို႔ ေျပာၾကားခဲ့တာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ထုတ္ျပန္ခ်က္မွာ ၂၀၂၁၊ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခ်ိန္ကေန ၂၀၂၂၊ ဇူလိုင္ ၂၈ ရက္ေန႔အထိ စစ္ေကာင္စီရဲ႕ သတ္ျဖတ္ခံရသူ (၂,၁၃၃)ဦး၊ ဖမ္းဆီးထိန္းသိမ္းျခင္းခံရသူ ႏိုင္ငံေရးအက်ဥ္းသား (၁၁,၈၁၅) ဦးရွိၿပီး အဲဒီအထဲက (၁,၃၆၀) ဦးကို၊ ေထာင္ဒဏ္ေတြ ခ်မွတ္ထာထားတယ္။ ေသဒဏ္အေနနဲ႔ကေတာ့ ႏိုင္ငံေရးအက်ဥ္းသား (၇၆) ဦးကို ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္ထားတယ္။ (၄၂) ဦးကိုလည္း မ်က္ကြယ္မွာ ေသဒဏ္ခ်မွတ္ထားတဲ့အတြက္ ေသဒဏ္ေပးခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသား စုစုေပါင္း (၁၁၈) ဦး ရွိတယ္လို႔ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ AAPP ရဲ႕ေၾကညာခ်က္မွာ အခုေသဒဏ္ေပး ကြပ္မ်က္ခံရသူ ေလးဦးဟာ အက်ဥ္းေထာင္လက္စြဲ ဥပေဒအခန္း ၈၊ ပုဒ္မ ၁၄၊ အပိုဒ္ ၆၆၀ ပါ “ေထာင္ အက်ဥ္းတံခါးေပါက္အျပင္သို႔ သယ္ေဆာင္သြားၿပီးေနာက္ ထိုေနရာတြင္ ေဆြမ်ိဳးမ်ား (သို႔) မိတ္ေဆြမ်ားထံ ေပးအပ္ရမည္ ”ျပဌာန္းခ်က္နဲ႔ အပိုဒ္ ၁၀၂၇ တြင္ ျပဌာန္းထားတဲ့ ေသဒဏ္ေပးခံရသူ၏ ႐ုပ္အေလာင္းကို အထူးအေၾကာင္း တစုံတရာေၾကာင့္ ျပန္လည္ မေပးအပ္ခဲ့လွ်င္ “ျမႇဳပ္ႏွံေသာ သခ်ႋဳင္းေျမေနရာမ်ားတြင္ ေသဆုံးသူ၏ အမည္၊ ေနရပ္လိပ္စာႏွင့္ ေသဆုံးသည့္ ေန႔ရက္တို႔ကို မွတ္သားထားရွိရမည္” ဆိုတဲ့ အခြင့္အေရးေတြကို မရရွိၾကဘူး။

ဒီလိုအခြင့္အေရးေတြ မဆိုထားနဲ႔ ႀကိဳးေပးတဲ့ ေနရက္အခ်ိန္ အတိအက်ကိုပင္ မိသားစုဝင္ေတြ မသိၾကရပါဘူး။ ဒါေၾကာင့္လည္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္က “ဒါလူသတ္မႈ က်ဴးလြန္တာပဲ။ သူတို႔က တရားဝင္ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အစိုးရမဟုတ္ဘူး။ သူတို႔မွာ ဒါမ်ိဳးလုပ္ခြင့္မရွိဘူး။ အခုလို လူသတ္အေလာင္းေဖ်ာက္တဲ့ လုပ္ရပ္ဟာ သူရဲေဘာေၾကာင္သူေတြရဲ႕ လုပ္ရပ္သာျဖစ္ၿပီး အႀကီးမားဆုံး ရာဇဝတ္မႈကို က်ဴးလြန္လိုက္တာ ျဖစ္တယ္” လို႔ မွတ္ခ်က္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အခုလို စစ္ေကာင္စီရဲ႕ ေသဒဏ္ေပးကြပ္မ်က္လိုက္တဲ့ လုပ္ရပ္ဟာ အာဆီယံအပါအဝင္ ႏိုင္ငံတခ်ိဳ႕ရဲ႕ ျမန္မာႏိုင္ငံ ပုံမွန္အေျခအေန ျပန္ေရာက္ဖို႔ ႀကိဳးပမ္းအားထုတ္ေရးဟာ မျဖစ္ႏိုင္ေတာ့တဲ့ အေနအထားကို ေရာက္သြားေစတယ္။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းဖို႔ဆိုတာ စစ္ေကာင္စီေအာက္မွာ ျဖစ္တန္ေျခ မရွိသေလာက္ ျဖစ္သြားႏိုင္တယ္။

လက္ရွိစစ္ေကာင္စီေခါင္းေဆာင္ေတြကို ႏိုင္ငံေရးေဆြးေႏြးဖက္ (Stakeholders) အျဖစ္ သေဘာထားဖို႔ထက္ ရာဇဝတ္မႈ က်ဴးလြန္သူမ်ားအျဖစ္ ပုံေဖာ္သတ္မွတ္မႈ ပိုတြင္က်ယ္လာႏိုင္တယ္။ စစ္ေကာင္စီရဲ႕ အဓိကဝင္ေငြရလမ္းျဖစ္တဲ့ စြမ္းအင္က႑ကို ပိတ္ဆို႔အေရးယူေရး က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာႏိုင္စရာရွိတယ္။ တရားဥပေဒစိုးမိုးေရး ပိုမိုကင္းမဲ့လာစရာရွိတယ္လို႔ ISP-Myanmar ရဲ႕ ကနဦး သုံးသပ္ခ်က္ (၁၁) မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္တို႔အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေလးဦးကို ေသဒဏ္စီရင္ကြပ္မ်က္လိုက္တာဟာ ျမန္မာႏိုင္ငံေရးအေပၚ ႏိုင္ငံတြင္းမွာေရာ၊ ႏိုင္ငံတကာမွာပါ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေပၚေစမွာကေတာ့ ေသခ်ာလွေၾကာင္းပါ။

===Unicode ====

ဒီတစ်ပတ်အတွင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားခြင်းခံရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို အငြင်းပွားဖွယ် ကွပ်မျက်လိုက်တဲ့သတင်းတွေက မြန်မာနဲ့ ကမ္ဘာ့မီဒီယာတွေမှာ လွှမ်းမိုးနေရာယူထားတာ တွေ့ရပါတယ်။ သြဇာကြီးတဲ့ သတင်းစာကြီးတွေဖြစ်ကြတဲ့ အမေရိကန်အခြေစိုက် Washington Post,The Nwe York Times၊ ဗြိတိန် ကThe Guardian, ပြင်သစ်သတင်းဌာန ရိုက်တာ၊ ဂျာမဏီရဲ့ DW၊ဂျပန်က Nikkei Asia ၊အိန္ဒိယက Time of India အပါအဝင် အရှေ့တောင်အာရှသတင်းစာကြီးတွေ ဖြစ်ကြတဲ့ The Striate Time, Bangkok Post သတင်းစာကြီးတွေ၊ ကမ္ဘာ့ရုပ်သံသတင်းဌာနကြီးတွေ ဖြစ်ကြတဲ့ BBC, CNN, Aljazeera, CNA တို့မှာ ဦးစားပေးသတင်းအဖြစ် ဖော်ပြကြတာ တွေ့ရပါတယ်။ အဲဒီလိုဖော်ပြခဲ့တဲ့အထဲက တချို့ကို ကောက်နုတ်ဖော်ပြရရင် အယ်ဂျာဇီးယားသတင်းဌာနက "စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အာဆီယံကို ကြီးမားတဲ့အခက်အခဲ တွေ့စေတယ်။ ပြစ်တင်ရှုတ်ချရမယ့် ကိစ္စဖြစ်တယ်" လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့ပြောကြားချက်ကို ကိုးကားရေးပါတယ်။

စင်္ကာပူရုပ်သံ CNA ကလည်း" အခုလိုကွပ်မျက်မှုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီမိုကရေစီလိုလားသူများရဲ့ ခေါင်းဆောင်မှုကို တိတ်ဆိတ်သွားစေဖို့ မြန်မာပြည်သူတွေကိုရော ကမ္ဘာကိုပါသတင်းစကား ပါးလိုက်တာဖြစ်တယ်"လို့ မှတ်ချက်ပေးပါတယ်။ ကမ္ဘာ့နာမည်ကြီး သတင်းစာဖြစ်တဲ့ နယူးယောက်တိုင်းမ်ကတော့ "နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီရဲ့ ကွပ်မျက်မှုဟာ အနောက်တိုင်းက ခေါင်းဆောင်တွေကို ဂရုမစိုက်ဘူးဆိုတာ အချက်ပြလိုက်တာဖြစ်တယ်"လို့ မှတ်ချက်ပေးရေးသားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတားရက်စ်ကလည်း စစ်ကောင်စီလုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး "ဒီလို ကွပ်မျက်မှုဟာ အလွန်ဆိုးရွားတဲ့ နောက်ထပ်အမှတ်လက္ခဏာတစ်ခုဖြစ်ပြီး ၊မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေဟာ သေရေးရှင်ရေးတမျှ အရေးကြီးနေပြီ" လို့ ပြောကြားလိုက်ပါတယ်။ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားသူလေးဦးကို သေဒဏ်ပေး ကွပ်မျက်ခဲ့တာကို ပြင်းထန်စွာ ရှုတ်ချတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မတရားဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့တာတွေ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Edward "Ned" Price ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်ကောင်စီကို အရေးယူဖို့ ဘက်စုံကနေ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ စက်မှုဖွံ့ဖြိုးပြီး စီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာလည်း "လွတ်လပ်မျှတတဲ့ တရားစီရင်မှု မဟုတ်ဘဲ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ကွပ်မျက်တာကိုကြည့်ရင် ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့စိတ်ဓါတ်ကို ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်"လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကတော့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦး ကြိုးပေးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေး ပြောဆိုနေတာတွေရှိပေမဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က "သူတို့အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေကို ဝင်ပြီးမစွက်ဖက်ဘူးဆိုတဲ့ မူအတိုင်းပဲ ရပ်တည်တယ်" လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ ပြောပေမဲ့ ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ အဖွဲ့ဝင် ၁၅ နိုင်ငံအားလုံးနည်းတူ တရုတ်နိုင်ငံရော၊ မြန်မာစစ်ကောင်စီနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ ရုရှားနိုင်ငံကပါ ဒီလိုကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း တခဲနက် သဘောတူကြေငြာချက် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

မြန်မာစစ်ကောင်စီဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရမဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ အခုလိုသေဒဏ်ပေး ကွပ်မျက်ခွင့်ရှိသလား။ ဥပဒေကြောင်းအရ တရားဝင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ် တွမ်အင်ဒရူးက "တရားမဝင်စစ်အစိုးရရဲ့ တရားမဝင်တရားရုံးက ချမှတ်ထားတဲ့ ဒီသေဒဏ်တွေဟာ မြန်မာပြည်သူတွေကြား အကြောက်တရားတွေ တိုးပွားအောင်လုပ်ဖို့ ယုတ်မာတဲ့ ကြိုးပမ်းမှု ဖြစ်တယ်" လို့ ပြောကြားခဲ့တာပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂၊ ဇူလိုင် ၂၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ (၂,၁၃၃)ဦး၊ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ နိုင်ငံရေးအကျဉ်းသား (၁၁,၈၁၅) ဦးရှိပြီး အဲဒီအထဲက (၁,၃၆၀) ဦးကို၊ ထောင်ဒဏ်တွေ ချမှတ်ထာထားတယ်။ သေဒဏ်အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသား (၇၆) ဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်ထားတယ်။ (၄၂) ဦးကိုလည်း မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတဲ့အတွက် သေဒဏ်ပေးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၁၈) ဦး ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် AAPP ရဲ့ကြေညာချက်မှာ အခုသေဒဏ်ပေး ကွပ်မျက်ခံရသူ လေးဦးဟာ အကျဉ်းထောင်လက်စွဲ ဥပဒေအခန်း ၈၊ ပုဒ်မ ၁၄၊ အပိုဒ် ၆၆၀ ပါ “ထောင် အကျဉ်းတံခါးပေါက်အပြင်သို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ဆွေမျိုးများ (သို့) မိတ်ဆွေများထံ ပေးအပ်ရမည် ”ပြဌာန်းချက်နဲ့ အပိုဒ် ၁၀၂၇ တွင် ပြဌာန်းထားတဲ့ သေဒဏ်ပေးခံရသူ၏ ရုပ်အလောင်းကို အထူးအကြောင်း တစုံတရာကြောင့် ပြန်လည် မပေးအပ်ခဲ့လျှင် “မြှုပ်နှံသော သင်္ချိုင်းမြေနေရာများတွင် သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေ့ရက်တို့ကို မှတ်သားထားရှိရမည်” ဆိုတဲ့ အခွင့်အရေးတွေကို မရရှိကြဘူး။

ဒီလိုအခွင့်အရေးတွေ မဆိုထားနဲ့ ကြိုးပေးတဲ့ နေရက်အချိန် အတိအကျကိုပင် မိသားစုဝင်တွေ မသိကြရပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒါလူသတ်မှု ကျူးလွန်တာပဲ။ သူတို့က တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ်” လို့ မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ သေဒဏ်ပေးကွပ်မျက်လိုက်တဲ့ လုပ်ရပ်ဟာ အာဆီယံအပါအဝင် နိုင်ငံတချို့ရဲ့ မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ကြိုးပမ်းအားထုတ်ရေးဟာ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်သွားစေတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ စစ်ကောင်စီအောက်မှာ ဖြစ်တန်ခြေ မရှိသလောက် ဖြစ်သွားနိုင်တယ်။

လက်ရှိစစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံရေးဆွေးနွေးဖက် (Stakeholders) အဖြစ် သဘောထားဖို့ထက် ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် ပုံဖော်သတ်မှတ်မှု ပိုတွင်ကျယ်လာနိုင်တယ်။ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ စွမ်းအင်ကဏ္ဍကို ပိတ်ဆို့အရေးယူရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်စရာရှိတယ်။ တရားဥပဒေစိုးမိုးရေး ပိုမိုကင်းမဲ့လာစရာရှိတယ်လို့ ISP-Myanmar ရဲ့ ကနဦး သုံးသပ်ချက် (၁၁) မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ကွပ်မျက်လိုက်တာဟာ မြန်မာနိုင်ငံရေးအပေါ် နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာမှာပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာကတော့ သေချာလှကြောင်းပါ။

XS
SM
MD
LG