သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဒါဝက်ဝံတွေ မျိုးတုန်းမယ့်အန္တရာယ် မရှိတော့


 (Courtesy of San Diego Zoo)
(Courtesy of San Diego Zoo)

တရုတ်နိုင်ငံမှာရှိတဲ့ ပန်ဒါ ဝက်ဝံကြီးတွေ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်မရှိတော့ဘူးလို့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများရဲ့ နိုင်ငံတကာသမဂ္ဂက တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါဟာ သဘာဝဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သူတွေအတွက် သတင်းကောင်းဖြစ်ပေမယ့် တဘက်မှာတော့ သတင်းဆိုးတခုလည်း ရှိနေတာပါ။

တရုတ်အစိုးရရဲ့သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းနဲ့ တရုတ်နိုင်ငံရဲ့ အထင်ကရ သင်္ကေတတခုဖြစ်တဲ့ ပန်ဒါဝက်ဝံတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ဝါးတောတွေ ပြန်စိုက်ပေးနေတာတွေကြောင့် ဟိုနိုလူလူမှာ ကျင်းပနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက တရုတ်အစိုးရကို ကျေနပ်အားရခဲ့ကြပါတယ်။

ပန်ဒါဝက်ဝံတွေရဲ့ ရှင်သန်နေထိုင်မှုဟာ အခု လတ်တလော အလားအလာကောင်းနေပေမယ့်လည်း လာမယ့် ဆယ်စုနှစ်တွေအတွက်တော့ ဖြစ်နိုင်ခြေမရှိပါဘူး။
ကမ္ဘာကြီးပူနွေးလာနေမှုကြောင့် လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပန်ဒါဝက်ဝံတွေရဲ့ အဓိကအစာဖြစ်တဲ့ ဝါးတောရဲ့ ၃ ပုံ ၁ ပုံ ပျက်စီး ပျောက်ကွယ်သွားနိုင်ပြီး အဲဒီအခြေအနေက ပန်ဒါဝက်ဝံတွေ တိုးပွားလာမှု ကို ကျဆင်းသွားစေနိုင်တယ်လို့ သဘာဝဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထား ပါတယ်။

ဒါ့အပြင် လူသားနဲ့အနီးစပ်ဆုံးဖြစ်သလို ကမ္ဘာ့အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါဖြစ်တဲ့ ဂေါ်ရီလာမျိုးစိတ်လည်း မျိုးတုန်းပျောက် ကွယ်မယ့် အရေးနဲ့ ရင်ဆိုင်နေရကြောင်း သဘာဝဝန်းကျင် ပညာရှင်တွေက ပြောပါတယ်။

ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံမှာ တရားမဝင် အမဲလိုက်တာနဲ့ စစ်ဖြစ်နေတာတွေ၊ အနောက်အာဖရိကနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ သစ်တောတွေ ပျက်စီးဆုံးရှုံးနေရတာတွေကိုလည်း သဘာဝဝန်းကျင်ကျွမ်း ကျင်သူတွေက အပြစ်တင်ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG