သုံးရလွယ်ကူစေသည့် Link များ

ဓါတုဆေးဝါးပါသည့် အစားအသောက်များ - အပိုင်း (၁)


လူထုကို အန္တရာယ်ဖြစ်စေသည့် အစားအစာများအား စစ်ဆေးနေစဉ်။

မြန်မာနိုင်ငံအတွင်း ရောင်းချနေတဲ့ စားသောက်ကုန်တွေထဲမှာ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ဓါတု ဆေးဝါးတွေပါနေတုန်းပဲလို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။ စားသုံးသူကာကွယ်ရေး အသင်း အနေနဲ့ လူထုပညာပေးလုပ်ငန်းတွေ လုပ်ဆောင်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ရောင်းချသူတွေထံကနေ သိမ်းဆည်း ဖျက်ဆီးတာတွေ လုပ်ဆောင် နေတဲ့ကြားက ဈေးကွက်ထဲမှာ အများပြည်သူရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေ ရောင်းချနေတာ ဖြစ်ပါတယ်။ စားသုံးသူတွေ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကို ဆက်သွယ်မေးမြန်းပြီး အခု သီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG