အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား လာရောက်ခဲ့စဉ်က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဝတ်ခဲ့တဲ့ အစင်းကြား ဝတ်စုံဟာ အငြင်းပွားစရာဖြစ်ခဲ့ပြီးတဲ့နောက် လေလံတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။
ရေပြာရောင် အဲ့ဒီဝတ်စုံမှာ Narendra Damodardas Modi ဆိုတဲ့ စာလုံးတွေကို ဒေါင်လိုက် အစင်းတွေဖြစ်အောင် ရေးထိုးထားတာပါ။ အဲ့ဒီအင်္ကျီဟာ ဒေါ်လာ ၁ သောင်း ၆ ထောင်လောက် တန်ဖိုးရှိမယ်လို့ ခန့်မှန်းခဲ့ကြပြီး အတိုက်အခံတွေက ဝန်ကြီးချုပ်ဟာ သူ့ကိုယ်သူ မွှမ်းလွန်းတယ်၊ ဘဝင်မြင့်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ဆင်းရဲသား နိုင်ငံတခုရဲ့ ဝန်ကြီးချုပ်တဦးအနေနဲ့ မဝတ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြပြီး သူ့ရဲ့ Bharatiya Janata ပါတီအရေးနိမ့်ခဲ့တဲ့ နယူးဒေလီရွေးကောက်ပွဲမှာ ပြောစရာ လည်း ဖြစ်ခဲ့ပါတယ်။
အခုတော့ အဲ့ဒီအင်္ကျီကို Modi ဝန်ကြီးချုပ်သက်တမ်း ၉ လတာအတွင်း ရရှိခဲ့တဲ့ လက်ဆောင်တွေနဲ့အတူ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ရရှိတဲ့ငွေကို ဂင်္ဂါမြစ်သန့်ရှင်းရေး စီမံကိန်းမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။