ပြီးခဲ့တဲ့နှစ်က မွန်ဘိုင်းမြို့မှာ တာဝန်နဲ့ သတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် တဦးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့သူ လေးဦးကို မွန်ဘိုင်းမြို့ တရားရုံးတခုက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အသက် ၂၂ နှစ်အရွယ် သတင်းထောက်အမျိုးသမီးကို ဝိုင်းဝန်း အဓမ္မ ပြုကျင့်မှုနဲ့ အမျိုးသားလေးဦးကို အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့ အမိန့်ချလိုက်တာပါ။
စွန့်ပစ်ထားတဲ့ စက်ရုံတခုကို အမျိုးသား အဖော်တဦးနဲ့အတူ သတင်း ဓာတ်ပုံရိုက်ယူနေတုန်းမှာ ဒီအမျိုးသမီး အဓမ္မပြုကျင့် ခံခဲ့ရတာပါ။ ဒီအုပ်စုဖွဲ့ ပြုကျင့်မှုမှာ ပါဝင်တဲ့ ငါးယောက်မြောက် နောက်တဦးကတော့ ဆယ်ကျော်သက်တဦးဖြစ်တဲ့အတွက် သူ့ကို လူငယ်တရားရုံးမှာ သီးခြား စစ်ဆေးနေပါတယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦး နယူးဒေလီမြို့က ဘက်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ချိန်ကစလို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပိုမို အာရုံစိုက် ခံခဲ့ရပါတယ်။
ဒီလို အဓမ္မပြုကျင့် တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတွေကို နှောက်ယှက်စော်ကား တဲ့ အမျိုးသားတွေကို အရင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူ အပြစ်မပေးမှုတွေလည်း ရှိလာခဲ့တာပါ။ ဒီကနေ့ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရသူ လေးဦးအနေနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရဖွယ် ရှိပြီး မနက်ဖြန် သောကြာနေ့မှာ သူတို့ကို ပြစ်ဒဏ် စီရင်မှာ ဖြစ်ပါတယ်။