{{Zawgyi/Unicode}}
ဥတုရာသီ ကုလထိပ္သီးညီလာခံနဲ႔ ျမန္မာပါဝင္မႈ
အခု Glasgow မွာ က်င္းပေနတဲ့ ဥတုရာသီဆိုင္ရာ ကုလသမဂၢထိပ္သီးညီလာခံမွာ ျမန္မာႏိုင္ငံအေနနဲ႔ လိုက္နာဖို႔ ကတိကဝတ္ေတြကို ႀကိဳတင္ေဆြးေႏြးမႈေတြရွိထားၿပီးသားျဖစ္တယ္လို႔ သိရပါတယ္။ အစည္းအေဝးအတြက္ ျမန္မာစစ္ေကာင္စီနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရတို႔ အၿပိဳင္အစီရင္ခံစာတင္ခဲ့ေပမယ့္ စစ္ေကာင္စီအစီရင္ခံစာကို အစည္းအေဝးက လက္ခံထားပါတယ္။
ေအာက္တိုဘာ ၃၁ ကစၿပီး အခု ႏိုဝင္ဘာ ၁၂ ရက္အထိ UK ကလက္ခံက်င္းပေပးေနတဲ့ COP26 (ေခၚ) ဒီထိပ္သီးပြဲအတြင္း ျမန္မာနဲ႔ဆိုင္တဲ့ အေျခအေနေတြကို ကိုဝင္းမင္းဆက္သြယ္ေမးျမန္းထားပါတယ္။
ဒီ ထိပ္သီးစည္းေဝးပြဲလက္ခံက်င္းပတဲ့ အိမ္ရွင္ UK ႏိုင္ငံကို သုေတသနအတြက္ေရာက္ေနတဲ့၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆုိင္ရာကၽြမ္းက်င္သူ စိမ္းလမ္းအမိေျမအဖြဲ႔က အႀကီးတန္း အႀကံေပး ဦးဝင္းမ်ဳိးသူက ျမန္မာႏိုင္ငံဘက္ကအေျခအေနကို အခုလို စရွင္းျပပါတယ္။
“ျမန္မာႏိုင္ငံက အဓိကသက္ဆိုင္တာကေတာ့ NDC လို႔ေခၚတဲ့ report ႀကီးေပါ့ဗ်ာ။ ကမၻာ့ရာသီဥတု ေျပာင္းလဲမႈအေပၚမွာ ႏုိင္ငံအလုိက္တာဝန္ယူမယ့္ ဘယ္လိုအစီအစဥ္ေတြကို ေရးဆြဲေနပါတယ္ဆိုတာမွာ က်ေနာ္လည္း အစိတ္အပိုင္းတခုအေနနဲ႔ ပါခဲ့တာေတြ။ အဓိက တပိုင္းကေတာ့ သစ္ေတာေတြ ပ်က္စီးျပဳန္းတီးတာကို ထိန္းသိမ္းတဲ့အပိုင္း ဒါလ်ာထားခ်က္ေတြမွာလည္း ၂၀၃၀ မွာ Zero Deforestation လို႔ေခၚတဲ့ သစ္ေတာျပဳန္းတီးမႈကို လံုးဝေလွ်ာ့ခ်သြားမယ္လို႔၊ဒီလိုမ်ဳိးလ်ာထားခ်က္ဆိုေတာ့ ဆယ္ႏွစ္ပဲ က်န္ေတာ့တာေပါ့ဗ်ာ။ ျမန္မာႏုိင္ငံက သစ္ေတာျပဳန္းတီးမႈမွာ ကမၻာမွာ အခု ၂၀၂၁ ေပါ့ဗ်ာ၊ ျမန္မာႏိုင္ငံေရးအေျခအေနမေျပာင္းလဲခင္တုန္းက အျမင့္ဆံုး ျဖစ္ေနတယ္။ အခုလိုမ်ဳိး ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္သြားတဲ့အခ်ိန္မွာဆိုရင္ လူေတြ စီးပြါးေရးက်သြားရင္ သဘာဝသယံဇာတေပၚမွာပဲ မီွခိုေနရတဲ့အခါက်ေတာ့ ဒီ သစ္ေတာျပဳန္းတီးမႈဟာ ပိုျမန္လာမယ္လို႔ ယူဆစရာရွိတာျဖစ္တဲ့အတြက္ တဘက္မွာ သစ္ေတာျပဳန္းတီးမႈကို ေလွ်ာ့ခ်မယ္လို႔ေျပာေနတဲ့အခ်ိန္မွာ လက္ေတြ႔မွာ လိုက္လုပ္ဖို႔ခက္တဲ့၊ ပိုအေျခအေနဆိုးဝါးတဲ့အေျခအေနေတြ ျဖစ္လာႏိုင္တယ္ေပါ့။
NUG သယံဇာတနဲ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ တူးေခါင္ကေတာ့ ျမန္မာစစ္ေကာင္စီတက္ခြင့္မရဖို႔ အရင္အစီရင္ခံစာ စတင္ကတည္းက ႀကိဳးပမ္းခဲ့ေပမယ့္ ခက္ခဲခဲ့ပံုကို အခုလို ရွင္းျပပါတယ္။
“COP26 က က်ေနာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ကေတာ့ အတတ္ႏုိင္ဆံုးေတာ့ Credential Issue ႀကိဳးစားထားတာ ရွိတယ္။ ဒါေပမယ့္ COP 26 ရဲ႕ လုပ္ထံုးလုပ္နည္းအရေပါ့ေနာ္- ႏုိင္ငံေရးနဲ႔ဆုိင္တဲ့ပြဲ မဟုတ္တဲ့အခါက်ေတာ့ က်ေနာ္တို႔ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီးေတာ့မွ Focal Person သူတို႔ရွိတယ္ေလ။ အဲဒီ Focal Person က Non-CDM ျဖစ္တဲ့အခါက်ေတာ့ သူတို႔ရဲ႕ System မွာကအဲဒီ Focal Person ကေန ေပးပို႔တဲ့စာကိုပဲ လက္ခံတယ္။ အဲဒီအခါက်ေတာ့ က်ေနာ္တို႔အေနနဲ႔ကေတာ့ ႀကိဳးစားေပမယ့္လို႔အခက္အခဲေလးေတြေတာ့ ရွိသြားတာေပါ့ေနာ္။ ဒါေပမယ့္ အဘက္ဘက္ကေန အားလံုးကေတာ့ ဝုိင္းၿပီးေတာ့ ႀကိဳးစားေပးၾကပါတယ္။ CSO ေတြ၊ ေနာက္ၿပီးေတာ့ ႏုိင္ငံတကာေရာက္တဲ့ျမန္မာေတြ။ သီးသန္းဒီ (NUG) ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေန ခန္႔ထားတဲ့ အစုအဖြဲ႔ေတြ ႀကိဳးစားလုပ္ေဆာင္ထားတာေတြလည္း ရွိတာေပါ့ေနာ္။ က်ေနာ္တို႔ သမၼတႀကီးေပါ့-ယာယီသမၼတအေနနဲ႔ Statement ထုတ္တဲ့သေဘာမ်ဳိးေတာ့ က်ေနာ္တို႔ ႀကိဳးစားထားတာ ရွိပါတယ္။
အဲဒီေတာ့ အေသးစိတ္ အစီရင္ခံစာေတြ ျဖစ္ခဲ့ပံုကိုလည္း NUG ပတ္ဝန္းက်င္ဝန္ႀကီးရဲ႕ အမည္မေဖာ္လိုသူ နည္းပညာအႀကံေပးက အခုလို ဆက္ရွင္းျပပါတယ္။
“UNFCCC ရဲ့ System ႀကီးမွာ NDC လို႔ေခၚတဲ့ Nationally Determined Contribution ဆိုၿပီးကာမွ ႏိုင္ငံေတြကေန ကိုယ္ေတြလာလုပ္မယ္ဆိုတဲ့ ကြန္မစ္မဲန္႔ေလး ေရးထားတဲ့ Document ေလးကို တင္ရတယ္? Climate Change မွာ။ က်ေနာ္တို႔ကေတာ့ လက္ဦးမႈယူၿပီးတင္လုိက္တယ္။ သို႔ေသာ္ က်ေနာ္တို႔တင္ထားတဲ့ဟာကို ဝဘ္ဆုိက္မွာတင္မေပးဘဲနဲ႔ စကစ (စစ္ေကာင္စီ) က တင္လာတဲ့ဟာကိုပဲ ဝဘ္ဆိုက္မွာတင္ေပးထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕အရင္ခန္႔ထားတဲ့ Focal Person ကတင္တာကလြဲရင္ ဘယ္သူလာတင္တင္ သူတို႔ကလက္မခံတာ။ အထဲကစာေတြက တထပ္တည္းလို တူတယ္ေပါ့ေနာ္။ ဘာေတြ ကြာသြားသလဲဆိုရင္ ပထမကနဦးစာမ်က္ႏွာေတြျဖစ္တဲ့ ဥေယ်ာဇဥ္တုိ႔ဘာတို႔ ကြာသြားတယ္ေပါ့။ ေနာက္ ဒုတိယတပိုင္းကက်ေတာ့ တခ်ဳိ႕ အပိတ္ပိုင္းေလးေတြက မထည့္ဘူးေပါ့၊ အဲလိုမ်ဳိး ျပင္ဆင္ခ်က္ေလးေတြ နည္းနည္းပါးပါး ရွိတယ္ဆိုတာေတာ့ သိရတယ္။သို႔ေသာ္ ကၽြန္ေတာ္ ဒါသည္ အရင္ အစိုးရလက္ထက္က၊ ျပည္သူ႔အစိုးရလက္ထက္က ေရးဆြဲခဲ့တာျဖစ္တယ္။”
ဒီေနရာမွာ စစ္ေကာင္စီကိုယ္စားလွယ္အေနနဲ႔ ဒီထိပ္သီးအစည္းအေဝးပြဲကို တက္ဖို႔ အဖိတ္ခံခဲ့ရၿပီးမွ ေနာက္ဆံုးတက္ဖို႔ အခြင့္အလမ္းနည္းေနပံုကိုလည္း ယူေကဆုိင္ရာ NUG ကိုယ္စားလွယ္ ကိုေမာင္ေမာင္ေအာင္က အခုလို ရွင္းျပပါတယ္။
“က်ေနာ္တို႔သိရသေလာက္ကေတာ့ ဧည့္ခံႀကိဳဆိုေရးက ျမန္မာ စကစကိုယ္စားလွယ္ေတြကို ဂလက္စ္ဂိုမွာလာေရာက္တည္းခုိဖို႔အတြက္ ဟိုတယ္စရိတ္ေတြဘာေတြ ထုတ္ေပးဖို႔ဆိုၿပီးေတာ့ သူတို႔ စာပို႔တယ္။ အဲဒီေတာ့ က်ေနာ္တို႔သိသေလာက္ကေတာ့ စကစဘက္က ကုိယ္စားလွယ္ငါးေယာက္က ဂလက္စ္ဂိုအထိ ေရာက္လာတယ္။ တည္းၿပီးေတာ့ ရီဂ်စၥ္ေတးရွင္းသြားလုပ္တယ္။ ရီဂ်စၥ္ေတးရွင္းမွာက Cancel ျဖစ္ေနၿပီ။ Cancel ျဖစ္ေနေတာ့ သူတို႔ ရီဂ်စၥ္ေတးရွင္း လုပ္လို႔မရဘူးေပါ့ေနာ္။ အဲဒီေတာ့ ၿခံဳၿပီးေတာ့ ေျပာရရင္ေတာ့ တက္လို႔မရဘူးေပါ့ဗ်ာ။ တက္ခြင့္မရခဲ့ဘူး။ က်ေနာ္တို႔အဲဒါ သိရပါတယ္။
ဒါေပမယ့္ ဒီ COP 26 ထိပ္သီးပြဲကို ျမန္မာစစ္ေကာင္စီကိုယ္စားလွယ္တက္ခြင့္ ရမရကို ဗီြအိုေအအေနနဲ႔ သီးျခားအတည္ျပဳႏုိင္ျခင္းေတာ့ မရွွိေသးပါဘူး။ တခ်ိန္တည္းမွာ စစ္ေကာင္စီေျပာခြင့္ရနဲ႔ စစ္ေကာင္စီ သံတမန္အရာရွိႀကီးေတြကို ဗီြအိုေအအေနနဲ႔ ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ ေျဖဆိုျခင္း မရွိခဲ့ေသးပါဘူးခင္ဗ်ာ။
-------------
{{Unicode}}
ဥတုရာသီ ကုလထိပ်သီးညီလာခံနဲ့ မြန်မာပါဝင်မှု
အခု Glasgow မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ ကုလသမဂ္ဂထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ကတိကဝတ်တွေကို ကြိုတင်ဆွေးနွေးမှုတွေရှိထားပြီးသားဖြစ်တယ်လို့သိရပါတယ်။ အစည်းအဝေးအတွက် မြန်မာစစ်ကောင်စီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ အပြိုင်အစီရင်ခံစာတင်ခဲ့ပေမယ့် စစ်ကောင်စီအစီရင်ခံစာကို အစည်းအဝေးက လက်ခံထားပါတယ်။
အောက်တိုဘာ ၃၁ ကစပြီး အခု နိုဝင်ဘာ ၁၂ ရက်အထိ UK ကလက်ခံကျင်းပပေးနေတဲ့ COP26 (ခေါ်) ဒီထိပ်သီးပွဲအတွင်း မြန်မာနဲ့ဆိုင်တဲ့ အခြေအနေတွေကို ကိုဝင်းမင်းဆက်သွယ်မေးမြန်းထားပါတယ်။
ဒီ ထိပ်သီးစည်းဝေးပွဲလက်ခံကျင်းပတဲ့ အိမ်ရှင် UK နိုင်ငံကို သုတေသနအတွက်ရောက်နေတဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကျွမ်းကျင်သူ စိမ်းလမ်းအမိမြေအဖွဲ့က အကြီးတန်း အကြံပေး ဦးဝင်းမျိုးသူက မြန်မာနိုင်ငံဘက်ကအခြေအနေကို အခုလို စရှင်းပြပါတယ်။
“မြန်မာနိုင်ငံက အဓိကသက်ဆိုင်တာကတော့ NDC လို့ခေါ်တဲ့ report ကြီးပေါ့ဗျာ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ နိုင်ငံအလိုက်တာဝန်ယူမယ့် ဘယ်လိုအစီအစဉ်တွေကို ရေးဆွဲနေပါတယ်ဆိုတာမှာ ကျနော်လည်း အစိတ်အပိုင်းတခုအနေနဲ့ ပါခဲ့တာတွေ။ အဓိက တပိုင်းကတော့ သစ်တောတွေ ပျက်စီးပြုန်းတီးတာကို ထိန်းသိမ်းတဲ့အပိုင်း ဒါလျာထားချက်တွေမှာလည်း ၂၀၃၀ မှာ Zero Deforestation လို့ခေါ်တဲ့ သစ်တောပြုန်းတီးမှုကို လုံးဝလျှော့ချသွားမယ်လို့၊ဒီလိုမျိုးလျာထားချက်ဆိုတော့ ဆယ်နှစ်ပဲ ကျန်တော့တာပေါ့ဗျာ။ မြန်မာနိုင်ငံက သစ်တောပြုန်းတီးမှုမှာ ကမ္ဘာမှာ အခု ၂၀၂၁ ပေါ့ဗျာ၊ မြန်မာနိုင်ငံရေးအခြေအနေမပြောင်းလဲခင်တုန်းက အမြင့်ဆုံး ဖြစ်နေတယ်။ အခုလိုမျိုး နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတဲ့အချိန်မှာဆိုရင် လူတွေ စီးပွါးရေးကျသွားရင် သဘာဝသယံဇာတပေါ်မှာပဲ မှီခိုနေရတဲ့အခါကျတော့ ဒီ သစ်တောပြုန်းတီးမှုဟာ ပိုမြန်လာမယ်လို့ ယူဆစရာရှိတာဖြစ်တဲ့အတွက် တဘက်မှာ သစ်တောပြုန်းတီးမှုကို လျှော့ချမယ်လို့ပြောနေတဲ့အချိန်မှာ လက်တွေ့မှာ လိုက်လုပ်ဖို့ခက်တဲ့၊ ပိုအခြေအနေဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ်ပေါ့။
NUG သယံဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်ကတော့ မြန်မာစစ်ကောင်စီတက်ခွင့်မရဖို့ အရင်အစီရင်ခံစာ စတင်ကတည်းက ကြိုးပမ်းခဲ့ပေမယ့် ခက်ခဲခဲ့ပုံကို အခုလို ရှင်းပြပါတယ်။
“COP26 က ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ အတတ်နိုင်ဆုံးတော့ Credential Issue ကြိုးစားထားတာ ရှိတယ်။ ဒါပေမယ့် COP 26 ရဲ့ လုပ်ထုံးလုပ်နည်းအရပေါ့နော်- နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲ မဟုတ်တဲ့အခါကျတော့ ကျနော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှ Focal Person သူတို့ရှိတယ်လေ။ အဲဒီ Focal Person က Non-CDM ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ System မှာကအဲဒီ Focal Person ကနေ ပေးပို့တဲ့စာကိုပဲ လက်ခံတယ်။ အဲဒီအခါကျတော့ ကျနော်တို့အနေနဲ့ကတော့ ကြိုးစားပေမယ့်လို့အခက်အခဲလေးတွေတော့ ရှိသွားတာပေါ့နော်။ ဒါပေမယ့် အဘက်ဘက်ကနေ အားလုံးကတော့ ဝိုင်းပြီးတော့ ကြိုးစားပေးကြပါတယ်။ CSO တွေ၊ နောက်ပြီးတော့ နိုင်ငံတကာရောက်တဲ့မြန်မာတွေ။ သီးသန်းဒီ (NUG) နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ခန့်ထားတဲ့ အစုအဖွဲ့တွေ ကြိုးစားလုပ်ဆောင်ထားတာတွေလည်း ရှိတာပေါ့နော်။ ကျနော်တို့ သမ္မတကြီးပေါ့-ယာယီသမ္မတအနေနဲ့ Statement ထုတ်တဲ့သဘောမျိုးတော့ ကျနော်တို့ ကြိုးစားထားတာ ရှိပါတယ်။
အဲဒီတော့ အသေးစိတ် အစီရင်ခံစာတွေ ဖြစ်ခဲ့ပုံကိုလည်း NUG ပတ်ဝန်းကျင်ဝန်ကြီးရဲ့ အမည်မဖော်လိုသူ နည်းပညာအကြံပေးက အခုလို ဆက်ရှင်းပြပါတယ်။
“UNFCCC ရဲ့ System ကြီးမှာ NDC လို့ခေါ်တဲ့ Nationally Determined Contribution ဆိုပြီးကာမှ နိုင်ငံတွေကနေ ကိုယ်တွေလာလုပ်မယ်ဆိုတဲ့ ကွန်မစ်မဲန့်လေး ရေးထားတဲ့ Document လေးကို တင်ရတယ်? Climate Change မှာ။ ကျနော်တို့ကတော့ လက်ဦးမှုယူပြီးတင်လိုက်တယ်။ သို့သော် ကျနော်တို့တင်ထားတဲ့ဟာကို ဝဘ်ဆိုက်မှာတင်မပေးဘဲနဲ့ စကစ (စစ်ကောင်စီ) က တင်လာတဲ့ဟာကိုပဲ ဝဘ်ဆိုက်မှာတင်ပေးထားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အရင်ခန့်ထားတဲ့ Focal Person ကတင်တာကလွဲရင် ဘယ်သူလာတင်တင် သူတို့ကလက်မခံတာ။ အထဲကစာတွေက တထပ်တည်းလို တူတယ်ပေါ့နော်။ ဘာတွေ ကွာသွားသလဲဆိုရင် ပထမကနဦးစာမျက်နှာတွေဖြစ်တဲ့ ဥယျောဇဉ်တို့ဘာတို့ ကွာသွားတယ်ပေါ့။ နောက် ဒုတိယတပိုင်းကကျတော့ တချို့ အပိတ်ပိုင်းလေးတွေက မထည့်ဘူးပေါ့၊ အဲလိုမျိုး ပြင်ဆင်ချက်လေးတွေ နည်းနည်းပါးပါး ရှိတယ်ဆိုတာတော့ သိရတယ်။သို့သော် ကျွန်တော် ဒါသည် အရင် အစိုးရလက်ထက်က၊ ပြည်သူ့အစိုးရလက်ထက်က ရေးဆွဲခဲ့တာဖြစ်တယ်။”
ဒီနေရာမှာ စစ်ကောင်စီကိုယ်စားလှယ်အနေနဲ့ ဒီထိပ်သီးအစည်းအဝေးပွဲကို တက်ဖို့ အဖိတ်ခံခဲ့ရပြီးမှ နောက်ဆုံးတက်ဖို့ အခွင့်အလမ်းနည်းနေပုံကိုလည်း ယူကေဆိုင်ရာ NUG ကိုယ်စားလှယ် ကိုမောင်မောင်အောင်က အခုလို ရှင်းပြပါတယ်။
“ကျနော်တို့သိရသလောက်ကတော့ ဧည့်ခံကြိုဆိုရေးက မြန်မာ စကစကိုယ်စားလှယ်တွေကို ဂလက်စ်ဂိုမှာလာရောက်တည်းခိုဖို့အတွက် ဟိုတယ်စရိတ်တွေဘာတွေ ထုတ်ပေးဖို့ဆိုပြီးတော့ သူတို့ စာပို့တယ်။ အဲဒီတော့ ကျနော်တို့သိသလောက်ကတော့ စကစဘက်က ကိုယ်စားလှယ်ငါးယောက်က ဂလက်စ်ဂိုအထိ ရောက်လာတယ်။ တည်းပြီးတော့ ရီဂျစ္စ်တေးရှင်းသွားလုပ်တယ်။ ရီဂျစ္စ်တေးရှင်းမှာက Cancel ဖြစ်နေပြီ။ Cancel ဖြစ်နေတော့ သူတို့ ရီဂျစ္စ်တေးရှင်း လုပ်လို့မရဘူးပေါ့နော်။ အဲဒီတော့ ခြုံပြီးတော့ ပြောရရင်တော့ တက်လို့မရဘူးပေါ့ဗျာ။ တက်ခွင့်မရခဲ့ဘူး။ ကျနော်တို့အဲဒါ သိရပါတယ်။
ဒါပေမယ့် ဒီ COP 26 ထိပ်သီးပွဲကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့် ရမရကို ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ တချိန်တည်းမှာ စစ်ကောင်စီပြောခွင့်ရနဲ့ စစ်ကောင်စီ သံတမန်အရာရှိကြီးတွေကို ဗွီအိုအေအနေနဲ့ မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်း မရှိခဲ့သေးပါဘူးခင်ဗျာ။
#MyanmarCOP26 #MyanmarClimateChange #VOABurmdse
#NUG#MilitaryCoup#ရာသီဥတုဆိုင်ရာညီလာခံ