Zawgyi/Unicode
Zawgyi
စေကာ့တလန္က Glasgow ၿမိဳ႕မွာ က်င္းပတဲ႔ ကုလသမဂၢရဲ႕ ရာသီဥတု ေျပာင္းလဲမႈ ဆိုင္ရာ ညီလာခံ - COP26 ရဲ႕ ခန္းမတြင္းမွာေကာ ခန္းမအျပင္ဖက္မွာပါ လူငယ္တက္ၾကြလႈပ္ရွားသူေတြက ႏိုင္ငံတကာေခါင္းေဆာင္ေတြအေနနဲ႔ ကမၻာႀကီးပူေႏြးလာမႈရဲ႕ အျဖစ္ဆိုးႀကီးကေန ေရွာင္ရွားႏိုင္ေအာင္ ကမၻာေခါင္းေဆာင္ေတြအေနနဲ႔ အတူတကြ ခိုင္ခုိင္မာမာေဆာင္ရြက္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ ရာသီဥတုဆိုင္ရာ လႈပ္ရွားမႈမွာ ထင္ရွားသူ တဦးျဖစ္တဲ့ ဆယ္ေက်ာ္သက္အရြယ္ Greta Thunberg ကေတာ့ အခုညီလာခံမွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္တာ မရွိခဲ့ဘူးဆိုၿပီး ေ၀ဖန္ခဲ့တာပါ။
“ဘာအတြက္ က်မတို႔ တိုက္ပဲြ၀င္ေနသလဲဆိုတာ ေမးခြန္းထုတ္ၾကရမွာပါ။ က်မတို႔ ကိုယ့္ဖာသာ ကယ္တင္ဖို႔လား၊ ကမာၻႀကီး ရွင္သန္ေရးအတြက္ တိုက္ပဲြ၀င္ေနၾကတာလား၊ လုပ္႐ိုးလုပ္စဥ္အတိုင္းပဲ ေနၾကဖို႔လား။ က်မတို႔ရဲ႕ ေခါင္းေဆာင္ေတြကေတာ့ ၂ ခုစလုံး ျဖစ္ႏိုင္ပါတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ တကယ့္လက္ေတြ႕မွာ မျဖစ္ႏိုင္ဘူးဆိုတာကေတာ့ လက္ခံဖို႔ခက္တဲ့ အမွန္တရားပါ။” လို႔ တက္ႂကြလႈပ္ရွားသူ Thunberg ကေျပာသြားတာပါ။
ကုလသမဂၢရဲ႕အဲဒီညီလာခံမွာ မေန႔ေသာၾကာေန႔က လူငယ္ေတြကို အဓိက ဦးတည္ခဲ့ေပမယ့္ လက္ေတြ႕ အစီအစဥ္ေတြမွာ လူငယ္ေတြ အခန္းက႑ အားနည္းေနတာကိုလည္း လႈပ္ရွားသူေတြ ေထာက္ျပခဲ့ၾကပါတယ္။ သတင္းစာရွင္းလင္းပြဲတခုမွာ လူငယ္ေတြရဲ႕ပါဝင္ပတ္သက္မႈကို ေျပာၾကားေပမဲ့ စင္ျမင့္ေပၚက ဦးေဆာင္ေျပာသူေတြထဲမွာေတာ့ အသက္ ၃ဝ ေအာက္ လူငယ္တေယာက္မွ မပါခဲ့ၾကပါဘူး။
Unicode
စကော့တလန်က Glasgow မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ - COP26 ရဲ့ ခန်းမတွင်းမှာကော ခန်းမအပြင်ဖက်မှာပါ လူငယ်တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဖြစ်ဆိုးကြီးကနေ ရှောင်ရှားနိုင်အောင် ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ အတူတကွ ခိုင်ခိုင်မာမာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုမှာ ထင်ရှားသူ တဦးဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် Greta Thunberg ကတော့ အခုညီလာခံမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိခဲ့ဘူးဆိုပြီး ဝေဖန်ခဲ့တာပါ။
“ဘာအတွက် ကျမတို့ တိုက်ပွဲဝင်နေသလဲဆိုတာ မေးခွန်းထုတ်ကြရမှာပါ။ ကျမတို့ ကိုယ့်ဖာသာ ကယ်တင်ဖို့လား၊ ကမ္ဘာကြီး ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေကြတာလား၊ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ နေကြဖို့လား။ ကျမတို့ရဲ့ ခေါင်းဆောင်တွေကတော့ ၂ ခုစလုံး ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကတော့ လက်ခံဖို့ခက်တဲ့ အမှန်တရားပါ။” လို့ တက်ကြွလှုပ်ရှားသူ Thunberg ကပြောသွားတာပါ။
ကုလသမဂ္ဂရဲ့အဲဒီညီလာခံမှာ မနေ့သောကြာနေ့က လူငယ်တွေကို အဓိက ဦးတည်ခဲ့ပေမယ့် လက်တွေ့ အစီအစဉ်တွေမှာ လူငယ်တွေ အခန်းကဏ္ဍ အားနည်းနေတာကိုလည်း လှုပ်ရှားသူတွေ ထောက်ပြခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲတခုမှာ လူငယ်တွေရဲ့ပါဝင်ပတ်သက်မှုကို ပြောကြားပေမဲ့ စင်မြင့်ပေါ်က ဦးဆောင်ပြောသူတွေထဲမှာတော့ အသက် ၃ဝ အောက် လူငယ်တယောက်မှ မပါခဲ့ကြပါဘူး။