သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COP27 ဥတုရာသီ ညီလာခံမွာ စက္မႈႏိုင္ငံေတြက ဆင္းရဲတဲ့ႏိုင္ငံေတြကို ေလွ်ာ္ေၾကးေပးေရး ေတာင္းဆိုမည္


အီဂ်စ္ႏိုင္ငံမွာ က်င္းပျပဳလုပ္ေနတဲ့ COP27 ဥတုရာသီ ညီလာခံ ဖြင့္ပြဲအခမ္းအနား။ ႏုိဝင္ဘာ ၆၊ ၂၀၂၂

ဆင္းရဲတဲ့တိုင္းျပည္ေတြကို ခ်မ္းသာတဲ့ စက္မႈႏိုင္ငံႀကီးေတြက ေလ်ာ္ေၾကးေပးဖို႔ ေတာင္းဆိုသံေတြ က်ယ္ေလာင္မယ့္ ကုလသမဂၢရဲ႕ ရာသီဥတု ဆိုင္ရာညီလာခံကို အီဂ်စ္မွာ တနဂၤေႏြေန႔က ဖြင့္လွစ္လိုက္ပါတယ္။ ဘာမွမလုပ္တာဟာ အေျမာ္အျမင္နည္းရာေရာက္ၿပီး၊ ရာသီဥတုကပ္ေဘးကို အေလွ်ာ့ေပးရာ ေရာက္ပါလိမ့္မယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ညီလာခံရဲ႕ ဥကၠ႒ ၿဗိတိန္ႏိုင္ငံက Alok Sharma က ေျပာပါတယ္။ ဒီႏွစ္ COP 27 ရဲ႕ ဥကၠ႒ေနရာကို အီဂ်စ္ကို လႊဲေျပာင္းေပးရမွာပါ။ “ကမာၻ႔ေခါင္းေဆာင္ေတြကို ဘယ္ႏွစ္ခါ ႏႈိးရဦးမွာလဲ” လို႔ သူက ဖြင့္ပြဲမွာ ေမးခြန္းထုတ္သြားပါတယ္။

ဖန္လုံအိမ္ဓာတ္ေငြ႔ကို ၂၀၃၀ မွာ ၄၅ ရာႏႈန္း ေလွ်ာ့ရမွာျဖစ္ၿပီး၊ ကမာၻ႔အပူခ်ိန္က ၁၉ ရာစုေႏွာင္းပိုင္း အပူခ်ိန္ထက္ ၁.၅ စင္တီဂရိတ္ထက္ ပိုမပူဖို႔ လိုအပ္ပါတယ္။ မလုပ္ႏိုင္ရင္ ကမာၻႀကီးဟာ အပူေလာင္တဲ့ ကိန္းဆိုက္ႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက သတိေပးထားၾကတာပါ။ ဒါေပမဲ့ လက္ရွိ အေျခအေနအတိုင္းဆိုရင္ေတာ့ ဒီဆယ္စုအကုန္မွာ ကာဘြန္ထုတ္လုပ္မႈက ၁၀ ရာႏႈန္းတိုးၿပီး အပူခ်ိန္က ၂.၈ ဒီဂရီ စင္တီဂရိတ္ တက္လာမယ့္သေဘာ ရွိပါတယ္။

ကမာၻႀကီးဟာ စက္မႈႏိုင္ငံေတြေၾကာင့္ ရာသီဥတုပူေႏြးလာတာျဖစ္ၿပီး ေဖာက္ျပန္မႈဒဏ္ကို ဆင္းရဲတဲ့တိုင္းျပည္ေတြက ခံရတာ ျဖစ္ပါတယ္။ အခု COP 27 ညီလာခံမွာေတာ့ ဒီအတြက္ ေလ်ာ္ေၾကးေတာင္းဆိုသံေတြက အဓိက ျဖစ္မွာပါ။ ဖြံၿဖိဳးဆဲႏိုင္ငံေတြက အဲဒီလိုေလ်ာ္ေၾကးေပးဖို႔ ျမင့္ျမင့္မားမား ေမွ်ာ္လင့္ထားၾကေၾကာင္း ကုလသမဂၢ ရာသီဥတုအေျပာင္းအလဲဆိုင္ရာ အလုပ္အမႈေဆာင္ အတြင္းေရးမႉး Simon Stiell က ေသာၾကာေန႔က ေျပာပါတယ္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း ဖြံၿဖိဳးၿပီးႏိုင္ငံေတြနဲ႔ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြၾကား သေဘာတူညီခ်က္တစ္ရပ္ ခ်မွတ္ဖို႔ေတာင္းဆိုထားပါတယ္။

တနလၤာေန႔နဲ႔ အဂၤါေန႔ေတြမွာ ကမာၻ႔ေခါင္းေဆာင္ ၁၂၀ က ဒီညီလာခံ ကို တက္ေရာက္လာၾကမွာပါ။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ကေတာ့ အဂၤါေန႔ လႊတ္ေတာ္ အမတ္ေ႐ြးေကာက္ပြဲၿပီးမွ တက္ေရာက္မယ္လို႔ ဆိုပါတယ္။ တ႐ုတ္သမၼတ ရွီက်င္းပင္က ဒီညီလာခံကို တက္ေရာက္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဘိုင္ဒင္နဲ႔ ရွီက်င္းပင္တို႔ဟာ အင္ဒိုနီးရွားႏိုင္ငံ ဘာလီမွာ က်င္းပမယ့္ ကမာၻ႔ႏိုင္ငံႀကီး ၂၀ ရဲ႕ G 20 ညီလာခံမွာ ေတြ႔ဆုံေဆြးေႏြးၾကဖို႔ စီစဥ္ထားပါတယ္။

==== Unicode =====

ဆင်းရဲတဲ့တိုင်းပြည်တွေကို ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးတွေက လျော်ကြေးပေးဖို့ တောင်းဆိုသံတွေ ကျယ်လောင်မယ့် ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာညီလာခံကို အီဂျစ်မှာ တနင်္ဂနွေနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဘာမှမလုပ်တာဟာ အမြော်အမြင်နည်းရာရောက်ပြီး၊ ရာသီဥတုကပ်ဘေးကို အလျှော့ပေးရာ ရောက်ပါလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ်ညီလာခံရဲ့ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံက Alok Sharma က ပြောပါတယ်။ ဒီနှစ် COP 27 ရဲ့ ဥက္ကဋ္ဌနေရာကို အီဂျစ်ကို လွှဲပြောင်းပေးရမှာပါ။ “ကမ္ဘာ့ခေါင်းဆောင်တွေကို ဘယ်နှစ်ခါ နှိုးရဦးမှာလဲ” လို့ သူက ဖွင့်ပွဲမှာ မေးခွန်းထုတ်သွားပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ကို ၂၀၃၀ မှာ ၄၅ ရာနှုန်း လျှော့ရမှာဖြစ်ပြီး၊ ကမ္ဘာ့အပူချိန်က ၁၉ ရာစုနှောင်းပိုင်း အပူချိန်ထက် ၁.၅ စင်တီဂရိတ်ထက် ပိုမပူဖို့ လိုအပ်ပါတယ်။ မလုပ်နိုင်ရင် ကမ္ဘာကြီးဟာ အပူလောင်တဲ့ ကိန်းဆိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားကြတာပါ။ ဒါပေမဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင်တော့ ဒီဆယ်စုအကုန်မှာ ကာဘွန်ထုတ်လုပ်မှုက ၁၀ ရာနှုန်းတိုးပြီး အပူချိန်က ၂.၈ ဒီဂရီ စင်တီဂရိတ် တက်လာမယ့်သဘော ရှိပါတယ်။

ကမ္ဘာကြီးဟာ စက်မှုနိုင်ငံတွေကြောင့် ရာသီဥတုပူနွေးလာတာဖြစ်ပြီး ဖောက်ပြန်မှုဒဏ်ကို ဆင်းရဲတဲ့တိုင်းပြည်တွေက ခံရတာ ဖြစ်ပါတယ်။ အခု COP 27 ညီလာခံမှာတော့ ဒီအတွက် လျော်ကြေးတောင်းဆိုသံတွေက အဓိက ဖြစ်မှာပါ။ ဖွံဖြိုးဆဲနိုင်ငံတွေက အဲဒီလိုလျော်ကြေးပေးဖို့ မြင့်မြင့်မားမား မျှော်လင့်ထားကြကြောင်း ကုလသမဂ္ဂ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အလုပ်အမှုဆောင် အတွင်းရေးမှူး Simon Stiell က သောကြာနေ့က ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဖွံဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား သဘောတူညီချက်တစ်ရပ် ချမှတ်ဖို့တောင်းဆိုထားပါတယ်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကမ္ဘာ့ခေါင်းဆောင် ၁၂၀ က ဒီညီလာခံ ကို တက်ရောက်လာကြမှာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အင်္ဂါနေ့ လွှတ်တော် အမတ်ရွေးကောက်ပွဲပြီးမှ တက်ရောက်မယ်လို့ ဆိုပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်က ဒီညီလာခံကို တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပမယ့် ကမ္ဘာ့နိုင်ငံကြီး ၂၀ ရဲ့ G 20 ညီလာခံမှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG