သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COP28 နဲ့ ရုပ်ကြွင်းလောင်စာပြဿနာ


Leonore Gewessler, Austria's climate action minister, speaks during a plenary session at the COP28 U.N. Climate Summit, Saturday, Dec. 9, 2023, in Dubai, United Arab Emirates. (AP Photo/Kamran Jebreili)
Leonore Gewessler, Austria's climate action minister, speaks during a plenary session at the COP28 U.N. Climate Summit, Saturday, Dec. 9, 2023, in Dubai, United Arab Emirates. (AP Photo/Kamran Jebreili)

UAE အာရပ်စော်ဘွားများပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံ COP28 မှာ ရေနံလို ရုပ်ကြွင်းလောင်စာ Fossil fuel အသုံးပြုမှု လုံးဝမရှိတော့အောင်ဆောင်ရွက်မယ့်ကိစ္စ အခြေအတင် ဖြစ်နေကြပါတယ်။ Fossil fuel သုံးစွဲမှု အဆုံးသပ်ရေး ကြိုပမ်းမယ့် အဆိုပြုချက်မှန်သမျှတွေကို ပယ်ချဖို့ ရေနံ ထုတ်လုပ်တင်ပို့ ရောင်းချတဲ့နိုင်ငံများ OPEC အဖွဲ့ အတွင်းရေးမှူးချုပ်က သူ့ရဲ့အဖွဲ့ဝင်နိုင်ငံ ၁၃ နိုင်ငံကို ဒီသီတင်းပတ်အစောပိုင်းက စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုတာဟာ စက်ဆုတ်ရွံရှာစရာကောင်းတယ်လို့ EU လက်ရှိဥက္ကဋ္ဌ စပိန်နိုင်ငံရဲ့ ဂေဟဗေဒဆိုင်ရာ ဝန်ကြီးက ဒီနေ့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တားဆီးနိုင်ဖို့ လေထုညစ်ညမ်းစေတဲ့ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့စတဲ့ လောင်စာတွေကို အသုံးမပြုတော့ဘဲ ပြန်ပြည့်မြဲစွမ်းအင်တွေနဲ့ အစားထိုးသုံးစွဲဖို့ EU ကတွန်းအားပေးနေတာပါ။

ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓါတ်‌ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့အရေးကြီးတယ်ဆိုတာ COP28 ညီလာခံမှာ အဓိကထားဆွေးနွေးနေကြတာဖြစ်ပါတယ်။ OPEC အကြီးအကဲရဲ့ အဖွဲ့ဝင်တွေအပေါ် တောင်းဆိုမှုကြောင့် မယုံနိုင်အောင် အံ့ဩခဲ့ရသလို ဒေါသလည်း ထွက်ရတယ်လို့ ပြင်သစ်စွမ်းအင်ဝန်ကြီးကလည်း ဒီနေ့ ပြောကြားခဲ့ပါတယ်။

COP ညီလာခံဥက္ကဋ္ဌနဲ့ ညီလာခံတက်နေတဲ့နိုင်ငံတွေအနေနဲ့ OPEC အဖွဲ့ရဲ့ လွှမ်းမိုးမှုကို လက်မခံဘဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရုပ်ကြွင်းလောင်စာတွေသုံးစွဲမှု တဖြည်းဖြည်းရပ်သွားစေရမယ်ဆိုတဲ့ ရပ်တည်ချက်အပေါ် သဘောတူနိုင်ကြဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG