သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲမှုတိုက်ဖျက်ဖို့ အမေရိကန်က ဒေါ်လာ ၃ ဘီလျံကတိပြု

U.S. Vice President Kamala Harris speaks during the United Nations Climate Change Conference COP28, in Dubai, United Arab Emirates, December 2, 2023. REUTERS/Amr Alfiky
U.S. Vice President Kamala Harris speaks during the United Nations Climate Change Conference COP28, in Dubai, United Arab Emirates, December 2, 2023. REUTERS/Amr Alfiky

ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP28 မှာ ဒီကနေ့ ကတိပြုလိုက်ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သဘာဝဘေးဒဏ် ခံနိုင်ရည်ပိုရှိဖို့၊ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ သန့်ရှင်းလောင်စာ တီထွင်သုံးစွဲနိုင်ဖို့အတွက် Green Climate Fund လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီ ရံပုံငွေထဲကို အမေရိကန်က ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်ဆိုတာကို ဒီနေရာကနေ အသိပေးလိုပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပြဿနာကို လက်တွေကျကျ ကိုင်တွယ်ဆောင်ရွက်သင့်တယ်ဆိုတာကို ဒီကနေ့ လက်တွေ့ ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကျမတို့ရဲ့ စုပေါင်း လုပ်ဆောင်မှုတွေက အနာဂတ်မှာ ဆယ်စုနှစ်ပေါင်းများစွာမှာ လူသားတွေအတွက် သက်ရောက်မှု ဖြစ်စေပါလိမ့်မယ်” - လို့ အမေရိကန် ဒုသမ္မတ Harris က ပြောသွားတာပါ။

COP28 ညီလာခံမှာ အစောပိုင်းကလည်း ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို တခြားနိုင်ငံတွေက ထည့်ဝင်ဖို့ ကတိပြုခဲ့ကြတာ စုစုပေါင်း ဒေါ်လာ ၁၃ ဘီလျံခွဲလောက် ရှိပါတယ်။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းရေး ချမ်းသာတဲ့နိုင်ငံတွေက လုံလောက်တဲ့ ရံပုံငွေ ထည့်ဝင်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂက ဦးဆောင်ကျင်းပတဲ့ ဒီ ဥတုရာသီ ညီလာခံ တက်ရောက်နေကြတဲ့ ပညာရှင်တွေရဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အမေရိကန်သမ္မတ Barack Obama လက်ထက် ၂၀၁၄ ခုနှစ်မှာ အမေရိကန်က ဒီရန်ပုံငွေထဲကို ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်ခဲ့ပေမဲ့ သမ္မတဟောင်း Trump လက်ထက်မှာတော့ ထည့်ဝင်ခဲ့ခြင်း မရှိပါဘူး။

This item is part of
XS
SM
MD
LG