သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်း၊ ဂျုံဈေး ရုတ်တရက် မြင့်တက်မှု ကုလ စိုးရိမ်


ကမ္ဘာ့ဈေးကွက်မှာ ပြောင်းနဲ့ ဂျုံဈေးတွေ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ထဲမှာကို ၂၀ ရာခိုင်နှုန်း မြင့်တက်သွားတဲ့အပေါ် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာ စိုက်ပျိုးရေးအဖွဲ့ FAO က စိုးရိမ်နေပါတယ်။ ဈေးတက်သွားပုံဟာ ရုတ်တရက် ထိုးတက်သွားတာမျိုး ဖြစ်တယ်လို့ FAO အဖွဲ့က စီးပွားရေးပညာရှင် ရွှတ်ကရီး အာမက် (Shukri Ahmed) က ဗွီအိုအေကို ပြောပါတယ်။

မေလ မတိုင်ခင်အထိက ကမ္ဘာတဝန်းမှာ ပြောင်းစိုက်ပျိုးမှု အထွက်တိုးမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားခဲ့ဲကြတာလို့ သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြောင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးခေါင်ရေရှား ဖြစ်နေတာကြောင့် ပြောင်းဈေးတွေ တက်သွားခဲ့သလို ပင်လယ်နက်ဒေသမှာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကလည်း ဂျုံစိုက်ပျိုးမှုကို ထိခိုက်နေတယ်လို့ FAO ကမ္ဘာတဝန်း သတင်းအချက်အလက်နဲ့ ကြိုတင် သတိပေးဌာနက သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

ခုလို စားသောက်ကုန်ဈေးတွေ တက်သွားတာကြောင့် ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပပို့ကုန်တွေကို မှီခိုအားကိုးနေရတဲ့ အစိုးရတွေအတွက် ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရနိုင်တယ်လို့ FAO အဖွဲ့က စီးပွားရေးပညာရှင် မစ္စတာ ရွှတ်ကရီး အာမက်က ပြောပါတယ်။
XS
SM
MD
LG