သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ် ရေငုတ်သင်္ဘော တည်ဆောက်နေပြီလား


 မြောက်ကိုရီးယားရဲ့ လက်နက် ထုတ်လုပ်မှု ဆိုင်ရာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် 38North ထုတ်ပြန်တဲ့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ
မြောက်ကိုရီးယားရဲ့ လက်နက် ထုတ်လုပ်မှု ဆိုင်ရာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် 38North ထုတ်ပြန်တဲ့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တွေ ပစ်လွှတ်ဖို့ ရေငုတ်သဘောတခု တည်ဆောက်နေပြီ ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားရဲ့ လက်နက် ထုတ်လုပ်မှုဆိုင်ရာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် 38North အဖွဲ့က ပြောကြားလိုက်ပါတယ်။

ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေကို သူတို့အဖွဲ့က ဝက်ဘက်ဆိုက်မှာ တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီပုံတွေမှာ ရေကြောင်းဆိုင်ရာ ဆောက်လုပ်ရေး အစီအစဉ်တခု လုပ်ဆောင်နေတာကို ပြသထားတာပါ။ ဒါပေမယ့် အဲဒီ အစီအစဉ်ဟာ ရေငုတ်သင်္ဘောတစင်း လို့တော့ အတည်မပြုနိုင်ပါဘူး။

တကယ်လို့ သူတို့ရဲ့ ကောင်းကင် ဂြိုဟ်တု ဓါတ်ပုံတွေက ရေငုတ်သင်္ဘော တစင်း ဖြစ်နေမယ် ဆိုရင် ဒါဟာ မြောက်ကိုရီးယားက အရင် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ သင်္ဘောထက်ကို ပိုပြီး ကြီးနိုင်တာပါ။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့လထဲ ရေငုတ်သင်္ဘောပေါ်ကနေ ပဲ့ထိမ်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့ နောက်မှာ မြောက်ကိုရီးယားရဲ့ ရေကြောင်း အစီအစဉ်နဲ့ ပါတ်သက်ပြီး ကမ္ဘာတဝှမ်းက စိုးရိမ်မှုတွေ ပိုပြီး တိုးလာနေတာဖြစ်ပါတယ်။

ဒီဒုံးကျည်ကို သြဂုတ်လထဲမှာ Sinpo ကမ်းရိုးတန်းမြို့ကလေးနားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ဂျပန်လေကြောင်း ကာကွယ်ရေး ပိုင်နက်ဇုံ (ADIZ) ထဲမှာ ရှိတဲ့ ပင်လယ်ပြင်ထဲ ကျမသွားခင် မိုင် ၃၀၀ ကျော် အကွာအဝေးထိ ရောက် လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG