သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးအရာရှိကြီး Kristie Kenney မြန်မာပြည်သွားမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney ဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လူမှု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ YSEALI ကျောင်းသားဟောင်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွါးရေး အသိုင်းဝိုင်း ခေါင်းဆောင်တွေ နည်းပညာဆိုင်ရာ TechCamp အဖွဲ့ဝင်ဟောင်းတွေနဲ့လည်း တွေ့ဆုံ စကားပြောဖို့ ရှိပါတယ်။ မစ္စ Kenney ရဲ့ ခရီးစဉ်ဟာ မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းကို အမေရိကန် ပြည်ထောင်စုက အလေးအနက်ထားကြောင်း၊ ပြည်သူ လူထု အချင်းချင်းကြား ဆက်ဆံမှုရဲ့ တန်ဖိုးနဲ့ မြန်မာနိုင်ငံ စီးပွါးဖွံ့ဖြိုးမှု အတွက် အမေရိကန်ရဲ့ အထောက်အပံ့ အရေးပါမှုကို အလေးထား ဖေါ်ပြရာ ရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မစ္စ Kenney ဟာ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ပြီး အပြန်မှာ မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

ကန်နိုင်ငံခြားရေးအရာရှိကြီး Kristie Kenney မြန်မာပြည်သွားမည်
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG