သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ဖိလစ်ပိုင်ကို ကန် ပြန်လည်ကူညီမည်


အမေရကိန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ( အောက်တိုဘာ ၂၀၁၆)
အမေရကိန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ( အောက်တိုဘာ ၂၀၁၆)

ဖိလစ်ပိုင်နိုင်ငံမှာ အကြမ်းဖက်မူတိုက်ဖျက်ရေးအတွက်အမေရိကန်ဘက်က ပိုကူပေးရေး ဆွေးနွေးဖို့ရှိတာကြောင့် ဖိလစ်ပိုင်နဲ့တရုတ် မိတ်ဆွေသစ်ဖြစ်လာချိန် ရှိလာခဲ့တဲ့ အမေရိကန်နဲ့ တင်းမာမူတွေအပြီး၊ပြန်နီးစပ်မူတွေရှိလာနိုင်တယ်လို့ သုံးသပ်မူတွေ ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မနီလာကို ကိုယ်စားလှယ်တစ်ဦး ဒီအပတ်ထဲ စေလွှတ်ပြီး ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတဝိုက်ရှိ မွတ်ဆလင်တွေအကြား အစွန်းရောက်လုပ်ငန်းတွေဖြစ်စေနိုင်တဲ့ ပြဿနာတွေကို၊ ရှာဖွေ ဖြေရှင်းနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပဋိပက္ခနဲ့ တည်ငြိမ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Denise Natali က၊ အမေရိကန်အရာရှိတွေအနေနဲ့ ဖိလစ်ပိုင် မိတ်ဖက်အရာရှိတွေအကြား အကြမ်းဖက်မူတိုက်ဖျက်ရေးနဲ့ မဟာမိတ်ခိုင်မာရေးအတွက် အကျိုးရှိတဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

IS အစ္စလာမ်မစ် အစွန်းရောက်တွေအပါအဝင် အကြမ်းဖက်သူတွေကို နှိမ်နင်းရေး၊ထပ်လောင်း အထောက်အကူတွေ အမေရိကန်ဖက်က ပေးနေတာကြောင့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte စတက်လာပြီး၊ တရုတ်နဲ့မိတ်ဆွေသစ်ဖွဲ့မူကြောင့် (၃) နှစ်ကြာ ရှိလာခဲ့တဲ့ အမေရိကန်အကူအညီဆန့်ကျင်ရေးနဲ့ ဆက်ဆံရေးအေးစက်မူတွေ ပြန်နွေးထွေးလာမယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ တရုတ်နဲ့ မိတ်ဆွေသစ်ဖွဲ့မူကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ဖုထစ်ခဲ့ပေမဲ့၊ စစ်ရေးနဲ့ လုံခြုံရေးအပိုင်း ဆက်ဆံရေးကတော့ အမေရိကန်နဲ့ဆက်ကောင်းနေခဲ့တယ်၊ ဖိလစ်ပိုင် စစ်ရေးနဲ့ ထောက်လှမ်းရေးအရာရှိတွေနဲ့ အမေရိကန် စစ်တပ်နဲ့ လုံခြုံရေးကျွမ်းကျင်သူတွေ အနီးကပ်ဆက်လက် ပူးပေါင်းဆောင်ရွက်လာခဲ့ပါတယ်လို့၊ ဖီလစ်ပိုင်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Maria Ela Atienza က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG