သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လျှို့ဝှက်ဖိုင်တွေ ဂျာမနီ စစ်ဆေး


ဂျာမဏီနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အဖွဲ့ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေ စစ်နေတဲ့ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ဆီက ခိုးယူလာတယ်လို့ ပြော တဲ့ ထောင်သောင်းချီ အချက်လက်ဖိုင်တွေ ။ ( မတ် ၁၀၊ ၂၀၁၆)
ဂျာမဏီနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အဖွဲ့ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေ စစ်နေတဲ့ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ဆီက ခိုးယူလာတယ်လို့ ပြော တဲ့ ထောင်သောင်းချီ အချက်လက်ဖိုင်တွေ ။ ( မတ် ၁၀၊ ၂၀၁၆)

အိုင်အက်စ် အစ္စလာမ် စစ်သွေးကြွအဖွဲ့ဆီက ခိုးယူလာတယ် လို့ ပြောတဲ့ ထောင်သောင်းချီ အချက်လက်ဖိုင်တွေကို ဂျာမဏီနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အဖွဲ့ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက ဆန်းစစ်နေကြပါတယ်။ ဒီဖိုင်တွေထဲမှာ အကြမ်းဖက်သမားတွေရဲ့ လူသစ်စုဆောင်း ထားသူတွေဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေ ပါဝင်နေတယ်လို့ ပြောပါတယ်။

အိုင်အက်စ် အဖွဲ့တွင်း လုံခြုံရေးဆိုင်ရာ အကြီးအကဲ ဆီကနေ ကွန်ပြူတာ အချက်အလက် မှတ်တမ်း memory stick ကို ခိုးယူခဲ့တယ်လို့ တူရကီမှာ သတင်းထောက်တွေကို ပြောကြားခဲ့တဲ့ အိုင်အက်စ်အဖွဲ့ကို စိတ်နာပြီး ထွက်ပြေးလာသူ တယောက်ဆီက ရတဲ့ အချက်အလက်တွေ ဖြစ်ကြောင်း ဗြိတိန်က Sky သတင်းဌာနက ပြောပါတယ်။

ဒီမှတ်တမ်းဖိုင်တွေထဲမှာ အိုင်အက်စ် အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ၊ လူသစ်စုဆောင်းထားသူတွေနဲ့ အိုင်အက်စ် အဖွဲ့ကို သနား ဂရုဏာ သက်နေသူတွေ စုစုပေါင်း အချက်အလက် ၂ သောင်း ၂ ထောင်ကျော်ရဲ့ အချက်အလက်တွေ ပါဝင်မယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

ဂျာမဏီ ပြည်ထဲရေး ဝန်ကြီး Thomas de Maiziere ကတော့ ဒီအချက်အလက်တွေကနေ စစ်သွေးကြွတွေဘယ်မှာ လှုပ်ရှားနေနေ သူတို့ကို ခြေရာခံလိုက်ဖို့ အထောက်အကူ ရစေပြီး ရရှိလာတဲ့ အချက်အလက်တွေကနေ သူတို့ကို တရားစွဲဆိုနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီမှတ်တမ်း ဖိုင်တွေထဲမှာ အိုင်အက်စ် အဖွဲ့ဝင် အဖြစ် လက်မခံခင် လူသစ်တွေကို မေးမြန်းတဲ့ မေးခွန်း ၂၃ ခု အပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံက ဂျီဟတ် အဖွဲ့ဝင်တွေနဲ့ ဆိုင်တဲ အချက်အလက်တွေ ပါဝင်တယ်လို့ ဗြိတိန်၊ ဂျာမဏီနဲ့ ဆီးရီးယားက လာတဲ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ MI 6 ထောက်လှန်းရေးအဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲဟောင်း Richard Barrett က ခိုးယူထားတဲ့ အိုင်အက်စ် အဖွဲ့ရဲ့ မှတ်တမ်းဖိုင်တွေ အခုလို ရလာတာဟာ တကယ်ကြီးမားတဲ့ အချက်အလက်ဆိုင်ရာ ရွှေတွင်းတတွင်းပဲ လို့ ဆိုတဲ့ ပြောကြားချက်ကို ကိုးကားပြီး Sky သတင်းမှာဖေါ်ပြထားပါတယ်။

အခုရတဲ့ အချက်လက်တွေ အားလုံးဟာ အစစ်အမှန်တွေလို့ ဆန်းစစ်သူအားလုံးက မတွက်ပေမယ့် ဒီအချက်အလက်တွေဟာ တိုက်ခိုက်သူတွေနဲ့ သူတို့ကို ဂရုဏာသက်နေသူတွေရဲ့ ကွန်ယက်အဖွဲ့တွေကို ရှာဖွေရာမှာ အထောက်အကူ ရနိုင်သလို အကြမ်းဖက်အဖွဲ့ရဲ့ ဖွဲ့စည်းပုံနဲ့ အစီအစဉ်တွေနဲ့ ပါတ်သက်ပြီး အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ တွက်ဆနိုင်လာမယ်လို့ ပြောပါတယ်။

XS
SM
MD
LG