မြန်မာနိုင်ငံအတွင်း နေ့စဉ် ဆန် ဝယ်ယူ စားသုံးမှုနှုန်း ပိုမို တိကျစွာ သိရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က ဦးဆောင်ပြီး ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခုအတွင်းမှာရှိတဲ့ မိသားစုပေါင်း ၄,၀၀၀ ထံကနေ ပထမဆုံးအကြိမ်အဖြစ် စစ်တမ်း ကောက်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီ စစ်တမ်းကို ဧပြီလနဲ့ မေလ - ၂ လအတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ဒီစစ်တမ်းကနေ ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားသလဲဆိုတာတွေကိုတော့ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။