ကန္ နဲ႔ ကေနဒါ ေရာက္ျမန္မာေတြ ေႏြဦးေတာ္လွန္ေရး (၂ ႏွစ္ျပည့္ ဆႏၵျပ )
{{Zawgyi/Unicode}}
ေဖေဖၚဝါရီ ၁ ရက္ ဗုဒၶဟူးေန႔မွာ က်ေရာက္မယ့္ ျမန္မာႏိုင္ငံ စစ္တပ္ အာဏာသိမ္းတာ ၂ ႏွစ္ျပည့္တဲ့ေန႔ ေႏြဦးေတာ္လွန္ေရး ၂ ႏွစ္ျပည့္ ကာလကို ရည္စူးၿပီး အေမရိကန္ နဲ႔ ကေနဒါေရာက္ ျမန္မာေတြ ၿမိဳ႕ႀကီးတခ်ိဳ႕မွာ စေနေန႔က စုေဝး ဆႏၵျပခဲ့ၾကပါတယ္။
အေမရိကန္ႏိ္ုင္ငံ နယူးေရာက္ဆႏၵျပပြဲမွာ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပမႈေတြ စတင္ခဲ့တဲ့ သံပံုးတီးၿပီး ေတာထုတ္တဲ့ ပံုစံအတိုင္း ျပသခဲ့ၾကသလို ျမန္မာႏိ္ုင္ငံတြင္း စစ္တပ္ရဲ႕ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈ မွတ္တမ္းဓါတ္ပံုေတြပါ ခင္းက်င္း ျပသခဲ့တယ္လို႔ နယူးေရာက္က ဆႏၵျပမႈ ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုေနတင္ျမင့္က ေျပာပါတယ္။
" နယူးေယာက္ၿမိဳ႕ တိုင္းစကြဲယား ရင္ျပင္မွာ က်ေနာ္တို႔ ေႏြဦးေတာ္လွန္ေရး ၂ ႏွစ္ေျမာက္က်င္းပေနတာျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရး လုပ္ေဆာင္ခဲ့တာ ဒီႏွစ္က က်ေနာ္တို႔အတြက္ အခ်ိန္းအေျပာင္းတခုျဖစ္တယ္။ စစ္အာဏာရွင္ေတြ နီးဂုံးခ်ဳပ္မဲ့ ႏွစ္ျဖစ္တယ္ "
နယူးေရာက္ျပည္နယ္ထဲက ၿမိဳ႕ေတြအျပင္ နယူးဂ်ာစီ၊ ကနက္တီးကပ္၊ ဗာဂ်ီးနီးယား၊ ေမရီလန္း လို အေမရိကန္အေရွ႕ျခမ္း ျပည္နယ္ေတြမွာ ေနထိုင္သူေတြသာမက အေနာက္ျခမ္းက Utah ျပည္နယ္မွာ ေနထိုင္သူ ျမန္မာႏိုင္ငံသားေတြပါ လာေရာက္စုေဝး ဆႏၵျပၾကတာ ျဖစ္ပါတယ္။ အေနာက္ျခမ္း ကယ္လီဖိုးနီးယား ျပည္နယ္က San Francisco ၿမိဳ႕မွာလည္း အေမရိကန္ေရာက္ ျမန္မာေတြ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။
ကေနဒါႏိုင္ငံ ဗန္ကူးဗားၿမိဳ႕က Jack Poole ရင္ျပင္မွာလည္း ကေနဒါေရာက္ ျမန္မာေတြ စုေဝးၿပီး စစ္တပ္အာဏာသိမ္းမႈ မေအာင္ျမင္မႈ ၂ ႏွစ္ ျပည့္အထိန္းအမွတ္ ရႈတ္ခ်ပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။
ကန် နဲ့ ကနေဒါ ရောက်မြန်မာတွေ နွေဦးတော်လှန်ရေး (၂ နှစ်ပြည့် ဆန္ဒပြ )
{{Zawgyi/Unicode}}
ဖေဖေါ်ဝါရီ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ စစ်တပ် အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့နေ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် ကာလကို ရည်စူးပြီး အမေရိကန် နဲ့ ကနေဒါရောက် မြန်မာတွေ မြို့ကြီးတချို့မှာ စနေနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ နယူးရောက်ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ သံပုံးတီးပြီး တောထုတ်တဲ့ ပုံစံအတိုင်း ပြသခဲ့ကြသလို မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု မှတ်တမ်းဓါတ်ပုံတွေပါ ခင်းကျင်း ပြသခဲ့တယ်လို့ နယူးရောက်က ဆန္ဒပြမှု ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေတင်မြင့်က ပြောပါတယ်။
" နယူးယောက်မြို့ တိုင်းစကွဲယား ရင်ပြင်မှာ ကျနော်တို့ နွေဦးတော်လှန်ရေး ၂ နှစ်မြောက်ကျင်းပနေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး လုပ်ဆောင်ခဲ့တာ ဒီနှစ်က ကျနော်တို့အတွက် အချိန်းအပြောင်းတခုဖြစ်တယ်။ စစ်အာဏာရှင်တွေ နီးဂုံးချုပ်မဲ့ နှစ်ဖြစ်တယ် "
နယူးရောက်ပြည်နယ်ထဲက မြို့တွေအပြင် နယူးဂျာစီ၊ ကနက်တီးကပ်၊ ဗာဂျီးနီးယား၊ မေရီလန်း လို အမေရိကန်အရှေ့ခြမ်း ပြည်နယ်တွေမှာ နေထိုင်သူတွေသာမက အနောက်ခြမ်းက Utah ပြည်နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေပါ လာရောက်စုဝေး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အနောက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်က San Francisco မြို့မှာလည်း အမေရိကန်ရောက် မြန်မာတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့က Jack Poole ရင်ပြင်မှာလည်း ကနေဒါရောက် မြန်မာတွေ စုဝေးပြီး စစ်တပ်အာဏာသိမ်းမှု မအောင်မြင်မှု ၂ နှစ် ပြည့် အထိန်းအမှတ် ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြပါတယ်။