သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အလုပ်ရှင်တွေ H1B ဗီဇာ စလျှောက်ကြပြီ


အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံခြားသား လုပ်သားတွေအတွက် (နိုင်ငံခြားသားအများစု မျှော်လင့်တောင့်တကြတဲ့) ပြည်ဝင်ခွင့် ဗီဇာတွေကို အမေရိကန် အလုပ်ရှင်တွေ လျှောက်ထားနေကြပါတယ်။

ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ လုပ်သားဈေးကွက် လျှင်လျှင်မြန်မြန်ကို တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာလို့ ယူဆကြပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တနှစ် တနှစ်ကို နိုင်ငံခြားသားအလုပ်သမား ၆ သောင်း ၅ ထောင်ကျော်အထိ ခေါ်ယူနိုင်ပါတယ်။ လုပ်ငန်းတွေအတွက် အနည်းဆုံး ဘွဲ့တခု ရဖို့လိုပြီး၊ အများစုကတော့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

အမေရိကန် တက္ကသိုလ်တွေကနေ အဆင့်မြင့်ဘွဲ့ ရထားတဲ့ နောက်ထပ် ၂ သောင်းကိုလည်း အလုပ်ဗီဇာ လျှောက်ထား ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံသားနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဌာနကနေ အခုနှစ် အောက်တိုဘာလကစပြီးတော့ H1B ဗီဇာတွေ ထုတ်ပေးနိုင်ဖို့ အခု တနင်္လာနေ့မှာ လျှောက်ထားချက်တွေ စတင် လက်ခံနေပါပြီ။ ဒါပေမဲ့လည်း လျာထားတဲ့ နိုင်ငံခြားသား အလုပ်သမား ၆ သောင်း ၅ ထောင်အတွက်ကို အခုသီတင်းပတ်အကုန်မှာ နောက်ဆုံးထား တင်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စုမှာ ကနဦးအားဖြင့် ၃ နှစ်အထိ နေထိုင် အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည့်သွား ရင် နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ လျှောက်ထားနိုင်ပါတယ်။

လိုအပ်နေတဲ့ အလုပ်နေရာတွေကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ဖို့ အမေရိကန် ပညာရေးစနစ်ကနေ ကျွမ်းကျင်သူတွေ မမွေးထုတ်ပေးနိုင်တာကြောင့်၊ အခုလို နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ယူရတာ ဖြစ်တယ်လို့ JP Morgan Chase ဘဏ်ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင်တဦး က ဗွီအိုအေ ကို ပြောပါတယ်။

လိုအပ်နေတဲ့ ဒီအလုပ်တွေဟာ အထူး ကျွမ်းကျင်မှုရှိဖို့တော့ လိုတယ်လို့တော့ ထပ်လောင်း ပြောဆိုသွားပါတယ်။
XS
SM
MD
LG