သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လူနာတွေနဲ့ ဘေဂျင်းဆေးရုံတွေ ကုတင်မလောက်တော့ 


တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ရောဂါလူနာတွေအဆမတန်များနေပြီး ဆေးရုံတွေမှာနေရာမဆန့်တော့လို့ လျှောက်လမ်းပေါ်မှာ တွန်းလှည်းတွေ၊ ဘီးတပ်ကုလားထိုင်တွေနဲ့ ကုသမှုခံယူနေကြရသူများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃) 
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ရောဂါလူနာတွေအဆမတန်များနေပြီး ဆေးရုံတွေမှာနေရာမဆန့်တော့လို့ လျှောက်လမ်းပေါ်မှာ တွန်းလှည်းတွေ၊ ဘီးတပ်ကုလားထိုင်တွေနဲ့ ကုသမှုခံယူနေကြရသူများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃) 

[[Zawgyi/Unicode]]

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ COVID-19 ရောဂါကူးစက်မှုတွေ သိသိသာသာ တိုးလာနေတာနဲ့အမျှ ဆေးရုံတွေမှာ ဖျားနာသူတွေ ပြည့်လျှံပြီး လူနာကုတင်တွေ မလုံလောက်တော့တဲ့အထိ ဖြစ်နေပါတယ်။

သက်ကြီးရွယ်အိုအများစုပါတဲ့ ကိုဗစ်လူနာတွေဟာ ဆေးရုံ လျှောက်လှမ်းတွေတလျှောက် လူနာတင်တွန်းလှည်းပေါ်မှာ လဲလျှောင်းနေကြရတာရှိသလို တချို့က ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ရင်း အောက်စီဂျင်စက် တပ်ထားရပါတယ်။

ဘေဂျင်းမြို့အရှေ့ပိုင်းက Chuiyangliu ဆေးရုံမှာဆိုရင် ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ လူနာတွေ ပြည့်လျှံနေတဲ့အတွက် အရေးပေါ်ကားတွေနဲ့ ရောက်လာနေတဲ့ လူနာတွေအတွက် ကုတင်လွတ် မရှိတော့ပါဘူး။ ဆရာဝန်နဲ့သူနာပြုတွေ မနားတမ်း အလုပ် လုပ်နေကြရပြီး အရေးပေါ်အဖြစ်ဆုံး လူနာတွေကို စာရင်းကောက်ယူ ကုသပေးနိုင်ဖို့ ကြိုးစားနေကြရပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ဟန့်တားရေး တင်းကျပ်တဲ့စည်းကမ်းတွေကို ပြီးခဲ့တဲ့လက ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီးတဲ့နောက် အပြင်းအထန်ဖျားနာပြီး ဆေးရုံတက် ကုသရသူတွေ သိသိသာသာ တိုးလာနေတာပါ။

၃ နှစ်နီးပါးကြာ ကိုဗစ်ကန့်သတ်ရေး အသွားအလာပိတ်ဆို့မှုတွေ၊ အိမ်တွင်းမှာပဲနေဖို့ ညွန်ကြားချက်တွေနဲ့ စာသင်ကျောင်းတွေ ပိတ်ပစ်တာတွေအထိ ထိန်းချုပ်မှုတွေကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်ပြီး ၁၉၈၀ ပြည့်လွန်ကာလနောက်ပိုင်းအကြီးဆုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂ အီးယူကတော့ တရုတ်ကလာတဲ့ ခရီးသွားတွေကို တရုတ်နိုင်ငံက မထွက်ခွာခင်ကတည်းက COVID 19 ရောဂါ ရှိမရှိ စစ်ဆေးတာတွေလုပ်ပြီးမှ နိုင်ငံတွင်း ဝင်ရောက်ခွင့် လက်ခံဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။ တရုတ်ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေကို အီးယူနိုင်ငံတချို့က ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ချမှတ် ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

======================

[[Unicode]]







XS
SM
MD
LG