သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကိုလာတဲ့တရုတ်ဧည့်သည်တွေ ကိုဗစ်ဆေးစစ်ချက်ပြဖို့မလို 


ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုံမိလေဆိပ်အတွင်းက ရိုးရာဘီလူးရုပ်ကိုနှာခေါင်းစည်းဖြင့်မြင်ရပုံ။ 
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုံမိလေဆိပ်အတွင်းက ရိုးရာဘီလူးရုပ်ကိုနှာခေါင်းစည်းဖြင့်မြင်ရပုံ။ 

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံကို တရုတ်ကလာတဲ့ ခရီးသည်တွေအနေနဲ့ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးထားတဲ့ အထောက်အထား ပြစရာမလိုဘူးလို့ ထိုင်းအရာရှိတွေက ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာရေးအတွက် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လကြတဲ့ ဘယ်နိုင်ငံကကမ္ဘာလှည့်ခရီးသည်မဆို ကိုဗစ်ရောဂါမရှိကြောင်း အထောက်အထားပြစရာမလိုဘူးလို့ ထိုင်းကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပို့ဆောင်ရေးဌာနတွေက အရာရှိတွေနဲ့ တွေ့ဆုံအပြီးမှာ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောကြားလိုက်တာပါ။ နိုင်ငံခြားခရီးသွားလုပ်ငန်းကနေ ဝင်ငွေအများအပြားရနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်အလွန်ကာလအတွက် ဒီ နိုင်ငံခြားခရီးသွားလုပ်ငန်း ပြန်နာလန်ထူလာရေး ကြိုးပမ်းနေချိန်မှာ အခုလို ကိုဗစ်စစ်ဆေးချက် ကင်းလွတ်ခွင့်ဆက်ပေးနေတာလို့ သုံးသပ်သူတွေက မြင်ပါတယ်။

တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေပြန်မြင့်မားလာနေချိန် မျိုးကွဲစိတ်သစ်တွေထပ်ပေါ်မှာ စိုးရိမ်ကြတဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်အပါအဝင် တခြားနိုင်ငံတချို့ကတော့ တရုတ်ကလာတဲ့ ခရီးသွားတွေအပေါ် ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်နဲ့ ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်ထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းအရာရှိတွေကတော့ နိုင်ငံအားလုံးက ခရီးသွားတွေကို တန်းတူညီမျှ ဆက်ဆံသင့်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့လအတွင်း ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက် တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေသလို သေဆုံးသူအရေအတွက်လည်း များပြားလာနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ တကယ်တော့ ကိုဗစ်မတိုင်ခင် ထိုင်းကိုလာလည်တဲ့ နိုင်ငံခြားသားခရီးသည်တွေထဲ တရုတ်နိုင်ငံကလာသူ အများစုဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၁၁ သန်းနီးပါး တရုတ်ကဝင်လာခဲ့တယ်လို့ ထိုင်းအစိုးရ သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

======================

[[Unicode]]






XS
SM
MD
LG