သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ကိုဗစ္ကန္႔သတ္မႈဆန္႔က်င္တဲ့ ဆႏၵျပသူတခ်ိဳ႕ ဖမ္းဆီးခံရ


တ႐ုတ္ႏုိင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ အစိုးရဆန္႔က်င္ဆႏၵျပသူတဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးေနစဥ္။ (ႏိုဝင္ဘာ ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံမွာ ႏိုင္ငံေရးလြတ္လပ္ခြင့္နဲ႔ COVID ပိတ္ဆို႔မႈေတြ အဆုံးသတ္ေရး ေတာင္းဆိုတဲ့ ႏိုင္ငံတဝန္းဆႏၵျပပြဲေတြရွိေနၿပီး တနလၤာေန႔ကေတာ့ ဆႏၵျပေနၾကသူေတြကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ၁၉၈၉ ခုႏွစ္ ဒီမိုကေရစီေရး ဆႏၵျပပြဲေတြ ၿဖိဳခြင္းခံရၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြမရွိသေလာက္ျဖစ္ခဲ့ၿပီး အခု လတ္တေလာ ႏိုင္ငံတဝန္းၿမိဳ႕ႀကီးေတြနဲ႔ တကၠသိုလ္ေက်ာင္းေတြမွာ စုေဝးဆႏၵျပၾကတာပါ။

ႏိုင္ငံအေနာက္ေျမာက္ပိုင္း ရွင္က်န္းေဒသၿမိဳ႕ေတာ္ Urumqi မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က မီးေလာင္မႈျဖစ္ပြါးခဲ့တာမွာ ကိုဗစ္ပိတ္ဆို႔မႈ စည္းမ်ဥ္းေတြေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးခဲ့ရတဲ့အေပၚ လူေတြက အျပစ္တင္ခဲ့ၾကပါတယ္။

ဆႏၵျပသူေတြက တ႐ုတ္သမၼတ Xi Jinping ရာထူးကႏုတ္ထြက္ဖို႔နဲ႔ ႏိုင္ငံေရးလြတ္လပ္ခြင့္ရွိဖို႔ ေတာင္းဆိုေနၾကတာပါ။ ၿမိဳ႕ေတာ္ေဘဂ်င္းနဲ႔ စီးပြားေရးအခ်က္အခ်ာက်တဲ့ ရွန္ဟိုင္းမွာ တနဂၤေႏြေန႔က ဆႏၵျပလူအုပ္နဲ႔ ရဲတပ္ဖြဲ႔ၾကား ပဋိပကၡေတြျဖစ္ပြါးခဲ့ပါတယ္။ တနဂၤေႏြေန႔မြန္းလြဲပိုင္းမွာေတာ့ ရာနဲ႔ခ်ီတဲ့လူေတြ စာ႐ြက္ေတြနဲ႔ ပန္းေတြကိုင္ေဆာင္စုေဝးၿပီး အသံတိတ္ဆႏၵျပခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း သမၼတ ရွီက်င့္ဖ်င္ရဲ႕ တင္းၾကပ္တဲ့ ကိုဗစ္ကန္႔သတ္ခ်က္ေတြအေပၚ ရွန္ဟိုင္းၿမိဳ႕ခံေတြ ကန္႔ကြက္ဆႏၵျပခဲ့ၾကသလို အခု အေစာပိုင္းမွာလည္း အလားတူ ကန္႔ကြက္ ဆႏၵျပမႈေတြ ျဖစ္ခဲ့တာမွာ လူမႈကြန္ရက္ရဲ႕ အကူအညီနဲ႔ တျခား ၿမိဳ႕ေတြပါ ပါဝင္ခဲ့လာခဲ့တာေၾကာင့္ အခုတႀကိမ္ဟာ အက်ယ္ျပန္႔ဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တရုတ်မှာ ကိုဗစ်ကန့်သတ်မှုဆန့်ကျင်တဲ့ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

တရုတ်နိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ COVID ပိတ်ဆို့မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ နိုင်ငံတဝန်းဆန္ဒပြပွဲတွေရှိနေပြီး တနင်္လာနေ့ကတော့ ဆန္ဒပြနေကြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမရှိသလောက်ဖြစ်ခဲ့ပြီး အခု လတ်တလော နိုင်ငံတဝန်းမြို့ကြီးတွေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ စုဝေးဆန္ဒပြကြတာပါ။

နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမြို့တော် Urumqi မှာ ပြီးခဲ့တဲ့ သီတင်းပတ်က မီးလောင်မှုဖြစ်ပွါးခဲ့တာမှာ ကိုဗစ်ပိတ်ဆို့မှု စည်းမျဉ်းတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတဲ့အပေါ် လူတွေက အပြစ်တင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက တရုတ်သမ္မတ Xi Jinping ရာထူးကနုတ်ထွက်ဖို့နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ရှိဖို့ တောင်းဆိုနေကြတာပါ။ မြို့တော်ဘေဂျင်းနဲ့ စီးပွားရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမှာ တနင်္ဂနွေနေ့က ဆန္ဒပြလူအုပ်နဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေဖြစ်ပွါးခဲ့ပါတယ်။ တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာတော့ ရာနဲ့ချီတဲ့လူတွေ စာရွက်တွေနဲ့ ပန်းတွေကိုင်ဆောင်စုဝေးပြီး အသံတိတ်ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သမ္မတ ရှီကျင့်ဖျင်ရဲ့ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေအပေါ် ရှန်ဟိုင်းမြို့ခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အခု အစောပိုင်းမှာလည်း အလားတူ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာမှာ လူမှုကွန်ရက်ရဲ့ အကူအညီနဲ့ တခြား မြို့တွေပါ ပါဝင်ခဲ့လာခဲ့တာကြောင့် အခုတကြိမ်ဟာ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။

XS
SM
MD
LG