သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ တေက်ာ့ျပန္ကူးလို႔ ေဘဂ်င္းနဲ႔ တ႐ုတ္ၿမိဳ႕ႀကီးတခ်ိဳ႕ အသြားအလာကန္႔သတ္  


[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္လိႈင္းသစ္တက္လာတာေၾကာင့္ ၿမိဳ႕ေတာ္မွာ ပန္းၿခံေတြပိတ္ၿပီး တျခားကန႔္သတ္ခ်က္ေတြ ခ်လိုက္ပါတယ္။

တႏိ္ုင္ငံလံုး ကူးစက္သူသစ္ တေသာင္းက်ာ္လာအၿပီး Beijing ၿမိဳ႕ေတာ္မွာ အခုလို ကန္႔သတ္တာအျပင္ ႏိုင္ငံေတာင္ပိုင္း Guangzhou နဲ႔ အေနာက္ပိုင္း Chongqing ၿမိဳ႕ေတြမွာလည္း လူ ၅ သန္းေလာက္ အသြားအလာကန႔္သတ္ခံထားရပါတယ္။

ဒီေန႔ တႏိုင္ငံလံုး ကူးစက္သူေပါင္း ၁၀,၇၀၀ ေက်ာ္ေတြ႕ခဲ့ၿပီး ဒီအထဲ Beijing က ကူးစက္သူသစ္ ၁၁၈ ေယာက္ပါဝင္ပါတယ္။ ဒီအထဲ အမ်ားစုက ေရာဂါလကၡဏာမျပပါဘူး။ ဒါေၾကာင့္ Beijing ၿမိဳ႕ခံ ၂၁ သန္းေလာက္ကို ေန႔တိုင္း ေရာဂါစစ္ေဆးေနၿပီး ေက်ာင္းအေတာ္ေတာ္မ်ားမ်ား အြန္လိုင္းကေျပာင္းသင္ေပးၿပီး ေဆး႐ုံဝန္ေဆာင္မႈေတြ ကန႔္သတ္ထားသလို ေဈးဆိုင္နဲ႔ စားေသာက္ဆိုင္တခ်ိဳ႕ပိတ္ၿပီး ဝန္ထမ္းတခ်ိဳ႕ကို သီးျခားခြဲ ေနခိုင္းထားပါတယ္။

လူသန္းခ်ီအသြားအလာ ကန႔္သတ္ခံထားရသလို စီးပြားေရးကို ဆိုးဆိုး႐ြား႐ြား႐ိုက္ခတ္ေစတဲ့ တ႐ုတ္ရဲ႕ ကိုဗစ္ကင္းစင္ေရး Zero-Covid မူကို လူေတြက စိတ္ပ်က္ေနၾကပါတယ္။ ဒီအေပၚ တံု႔ျပန္တဲ့သေဘာအေနနဲ႔ တ႐ုတ္အစိုးရက ကိုဗစ္စည္းကမ္းတခ်ဳိ႕ကိုေတာ့ ဒီေန႔ပဲ စေလွ်ာ့ေပးလိုက္ရာမွာ ႏိုင္ငံျခားကဝင္လာတဲ့ ခရီးသည္ေတြ သီးျခားခြဲေနတဲ့ရက္ကို ၇ ရက္ ကေန ၅ ရက္ကို ေလွ်ာ့ေပးလိုက္ၿပီး အိမ္မွာ ၃ ရက္ဆက္အျပင္မထြက္ပဲေနရမွာပါ။

အေမရိကန္သံရံုးအေနနဲ႔ေတာ့ အေမရိကန္ႏိုင္ငံသားေတြ တ႐ုတ္ႏိုင္ငံကို ဒါမွမဟုတ္ တ႐ုတ္ႏိုင္ငံထဲမွာ မျဖစ္မေန မလုိအပ္ဘဲ ခရီးမသြားၾကဖို႔ ဒီအပတ္ထဲ ထပ္ေၾကညာခဲ့ပါတယ္။

တခ်ိန္တည္းမွာ တ႐ုတ္ကိုဗစ္ Zero မူဝါဒကို မေက်နပ္လို႔ တခ်ိဳ႕ေနရာေတြမွာ ဆႏၵျပတဲ့သူေတြနဲ႔ ရဲတပ္ဖြဲ႔၊ က်န္းမာေရးဝန္ထမ္းေတြၾကား ပဋိပကၡေတြျဖစ္ေနတာကို လူမႈကြန္ယက္ေပၚက ဗီဒီယိုေတြမွာ ဆက္ေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလအထိ ၃ လတာကာလအတြင္း စီးပြါးေရး ၃.၉ ရာခိုင္ႏႈန္းေလာက္ ျပန္တက္လာၿပီးတဲ့ေနာက္ နယ္စပ္ေတြကို ျပန္ဖြင့္ဖို႔ အမ်ားကေမွ်ာ္လင့္ေနေပမဲ့ အခုထိ နယ္စပ္ေတြကို ဆက္ၿပီးပိတ္ထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ကိုဗစ် တကျော့ပြန်ကူးလို့ ဘေဂျင်းနဲ့ တရုတ်မြို့ကြီးတချို့ အသွားအလာကန့်သတ်

တရုတ်နိုင်ငံမှာ ကိုဗစ်လှိုင်းသစ်တက်လာတာကြောင့် မြို့တော်မှာ ပန်းခြံတွေပိတ်ပြီး တခြားကန့်သတ်ချက်တွေ ချလိုက်ပါတယ်။

တနိုင်ငံလုံး ကူးစက်သူသစ် တသောင်းကျာ်လာအပြီး Beijing မြို့တော်မှာ အခုလို ကန့်သတ်တာအပြင် နိုင်ငံတောင်ပိုင်း Guangzhou နဲ့ အနောက်ပိုင်း Chongqing မြို့တွေမှာလည်း လူ ၅ သန်းလောက် အသွားအလာကန့်သတ်ခံထားရပါတယ်။

ဒီနေ့ တနိုင်ငံလုံး ကူးစက်သူပေါင်း ၁၀,၇၀၀ ကျော်တွေ့ခဲ့ပြီး ဒီအထဲ Beijing က ကူးစက်သူသစ် ၁၁၈ ယောက်ပါဝင်ပါတယ်။ ဒီအထဲ အများစုက ရောဂါလက္ခဏာမပြပါဘူး။ ဒါကြောင့် Beijing မြို့ခံ ၂၁ သန်းလောက်ကို နေ့တိုင်း ရောဂါစစ်ဆေးနေပြီး ကျောင်းအတော်တော်များများ အွန်လိုင်းကပြောင်းသင်ပေးပြီး ဆေးရုံဝန်ဆောင်မှုတွေ ကန့်သတ်ထားသလို ဈေးဆိုင်နဲ့ စားသောက်ဆိုင်တချို့ပိတ်ပြီး ဝန်ထမ်းတချို့ကို သီးခြားခွဲ နေခိုင်းထားပါတယ်။

လူသန်းချီအသွားအလာ ကန့်သတ်ခံထားရသလို စီးပွားရေးကို ဆိုးဆိုးရွားရွားရိုက်ခတ်စေတဲ့ တရုတ်ရဲ့ ကိုဗစ်ကင်းစင်ရေး Zero-Covid မူကို လူတွေက စိတ်ပျက်နေကြပါတယ်။ ဒီအပေါ် တုံ့ပြန်တဲ့သဘောအနေနဲ့ တရုတ်အစိုးရက ကိုဗစ်စည်းကမ်းတချို့ကိုတော့ ဒီနေ့ပဲ စလျှော့ပေးလိုက်ရာမှာ နိုင်ငံခြားကဝင်လာတဲ့ ခရီးသည်တွေ သီးခြားခွဲနေတဲ့ရက်ကို ၇ ရက် ကနေ ၅ ရက်ကို လျှော့ပေးလိုက်ပြီး အိမ်မှာ ၃ ရက်ဆက်အပြင်မထွက်ပဲနေရမှာပါ။

အမေရိကန်သံရုံးအနေနဲ့တော့ အမေရိကန်နိုင်ငံသားတွေ တရုတ်နိုင်ငံကို ဒါမှမဟုတ် တရုတ်နိုင်ငံထဲမှာ မဖြစ်မနေ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဒီအပတ်ထဲ ထပ်ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာ တရုတ်ကိုဗစ် Zero မူဝါဒကို မကျေနပ်လို့ တချို့နေရာတွေမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းတွေကြား ပဋိပက္ခတွေဖြစ်နေတာကို လူမှုကွန်ယက်ပေါ်က ဗီဒီယိုတွေမှာ ဆက်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ၃ လတာကာလအတွင်း စီးပွါးရေး ၃.၉ ရာခိုင်နှုန်းလောက် ပြန်တက်လာပြီးတဲ့နောက် နယ်စပ်တွေကို ပြန်ဖွင့်ဖို့ အများကမျှော်လင့်နေပေမဲ့ အခုထိ နယ်စပ်တွေကို ဆက်ပြီးပိတ်ထားပါတယ် ခင်ဗျာ။

XS
SM
MD
LG