သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၉၉၈ ဦး၊ သေဆုံး ၃၃၅ ဦး


Covid-19
Covid-19

Zawgyi/Unicode

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိလလှိုင်းဟာ အရှိန်လျော့မသွားသေးဘဲ ကူးစက် သေဆုံးမှုတွေ နေ့စဉ် များပြားနေဆဲ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့ ည (၈) နာရီ ထုတ်ပြန်ချက်အရ - လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၂,၄၇၄ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၄,၉၉၈ ဦးကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သေဆုံးသူ ၃၅၅ ဦးရှိပြီး ဒါဟာ သေဆုံးနှုန်း ၂.၆၄% ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းစတင်ပြီးတဲ့နောက် အစိုးရက ရရှိထားတဲ့ မှတ်တမ်းတွေအရ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူမရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ ပိုးတွေ့ရှိလူနာ အရေအတွက်ဟာ ဓါတ်ခွဲစမ်းသပ်မှု စုစုပေါင်းရဲ့ ၄၀.၀၇% ဖြစ်ပါတယ်။

ရောဂါပိုး ဓါတ်ခွဲစစ်ဆေးမှုနဲ့ သေဆုံးစာရင်းအတိအကျမယူနိုင်တာတွေကြောင့် အမှန်အတိုင်း ရောဂါကူးစက်ခံရသူနဲ့ သေဆုံးအရေအတွက်ဟာ တရားဝင် ကိန်းဂဏန်းထက် ပိုများနိုင်တယ်လို့ ကူညီရေးအဖွဲ့ကေတွရော ကျန်းမာရေးတာဝန်ရှိသူတွေကပါ ခန့်မှန်းထားပါတယ်။

အပြင်မှာရှိနေကြတဲ့ အများပြည်သူအကြား ရောဂါပိုးကူးစက်မှုနဲ့ သေဆုံးမှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေတဲ့တချိန်တည်းမှာပဲအကျဉ်းထောင်တွေအတွင်းမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါဟာ အလျင်အမြန် ကူးစက် ပြန့်နှံ့နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပြည်မြို့က အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး အနံ့ပျောက်နေသူတွေ အများအပြား ရှိနေတယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်တဲ့အသိုင်းက ပြောပါတယ်။

အလားတူပဲ အင်းစိန်အကျဉ်းထောင်အတွင်းမှာလည်း ရောဂါပိုးကူးစက်မှု အရှိန်မြင့်ဖြစ်ပေါ်နေတာကြောင့် ကောင်းမွန်တဲ့ ကုသမှုပေးဖို့ အကျဉ်းသားတွေက ဇူလိုင်လ ၂၃ ရက်နေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။

=======

Unicode









#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG