သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Merck ကုမၸဏီထုတ္ ကိုဗစ္ကုသေဆးစမ္းသပ္မႈ ရလဒ္ေကာင္းထြက္ေန


Merck & Co,Inc. ကထုတ္လုပ္စမ္းသပ္ေနတဲ့ ကမၻာ့ပထမဆံုး COVID-19 ကာကြယ္ေသာက္ေဆး (Photo by Handout / Merck & Co,Inc. / AFP)

{Zawgyi/Unicode}

အေမရိကန္ေဆးကုမၸဏီတခုျဖစ္တဲ့ Merck က သူတို႔စမ္းသပ္ေနတဲ့ COVID-19 ကပ္ေရာဂါအတြက္ ေသာက္ေဆးကို coronavirus ပိုး လတ္တေလာကူးစက္ေနသူေတြနဲ႔ စမ္းသပ္ခဲ့တာမွာ ေဆး႐ုံတင္ရမႈနဲ႔ေသဆုံးမႈ ထက္ဝက္ေလွ်ာ့ခ်ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

မၾကာခင္ သူတို႔ရဲ႕ ကိုဗစ္ေရာဂါ ေသာက္ေဆးကို အေမရိကန္နဲ႔ ကမာၻတဝန္းမွာ သုံးစြဲႏိုင္ေရး ခြင့္ျပဳခ်က္ေတာင္းမယ္ လို႔ Merck ေဆးကုမၸဏီက ေျပာပါတယ္။ တကယ္လို႔ ခြင့္ျပဳခ်က္ရမယ္ဆိုရင္ ဒီေဆးဟာ COVID-19 ကပ္ေရာဂါကို ကုသႏိုင္မယ့္ ပထမဆုံးေသာက္ေဆးျဖစ္လာပါလိမ့္မယ္။

သူတို႔စမ္းသပ္မႈကို ကုမၸဏီတြင္းထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဘက္မလိုက္ သုံးသပ္သူရဲ႕ ဆန္းစစ္သုံးသပ္ခ်က္ေတာ့ မရွိေသးပါဘူး။ ကိုဗစ္ကူးစက္ေနသူေတြထဲက အဝလြန္သူေတြ၊ ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါရွိသူေတြလို စိုးရိမ္ရတယ္လို႔ သတ္မွတ္ခံထားရသူေတြမွာ ေရာဂါလကၡဏာ သိပ္မျပင္းထန္သူ ၇၇၅ ေယာက္ကို စမ္းသပ္ခဲ့ပါတယ္။

စမ္းသပ္မႈအတြင္း Molnupiravir လို႔ နာမည္ေပးထားတဲ့ေဆးကို ေသာက္သုံးသူထဲက ရက္ ၃၀ အၾကာမွာ ေဆး႐ုံတင္ ကုသမႈခံရသူနဲ႔ ေသဆုံးသူ ၇.၃% သာရွိၿပီး အာနိသင္မပါတဲ့ေဆး ေသာက္သူေတြထဲက ေဆး႐ုံတင္ကုသမႈခံရသူနဲ႔ ေသဆုံးသူက ၁၄.၁% ရွိခဲ့ပါတယ္။ သူတို႔စမ္းသပ္ေဆးေသာက္ထားတဲ့ အဖြဲ႕ထဲမွာ စမ္းသပ္ကာလအတြင္း ေသဆုံးသူ တေယာက္မွမရွိခဲ့ဘဲ အာသိသင္မပါတဲ့ေဆး ေသာက္ထားတဲ့အုပ္စုထဲမွာ ေသဆုံးသူ ၈ ေယာက္ရွိခဲ့တယ္လို႔လည္း Merck ေဆးကုမၸဏီက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

Merck ကုမ္ပဏီထုတ် ကိုဗစ်ကုသဆေးစမ်းသပ်မှု ရလဒ်ကောင်းထွက်နေ

အမေရိကန်ဆေးကုမ္ပဏီတခုဖြစ်တဲ့ Merck က သူတို့စမ်းသပ်နေတဲ့ COVID-19 ကပ်ရောဂါအတွက် သောက်ဆေးကို coronavirus ပိုး လတ်တလောကူးစက်နေသူတွေနဲ့ စမ်းသပ်ခဲ့တာမှာ ဆေးရုံတင်ရမှုနဲ့သေဆုံးမှု ထက်ဝက်လျှော့ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မကြာခင် သူတို့ရဲ့ ကိုဗစ်ရောဂါ သောက်ဆေးကို အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ သုံးစွဲနိုင်ရေး ခွင့်ပြုချက်တောင်းမယ် လို့ Merck ဆေးကုမ္ပဏီက ပြောပါတယ်။ တကယ်လို့ ခွင့်ပြုချက်ရမယ်ဆိုရင် ဒီဆေးဟာ COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့် ပထမဆုံးသောက်ဆေးဖြစ်လာပါလိမ့်မယ်။

သူတို့စမ်းသပ်မှုကို ကုမ္ပဏီတွင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘက်မလိုက် သုံးသပ်သူရဲ့ ဆန်းစစ်သုံးသပ်ချက်တော့ မရှိသေးပါဘူး။ ကိုဗစ်ကူးစက်နေသူတွေထဲက အဝလွန်သူတွေ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါရှိသူတွေလို စိုးရိမ်ရတယ်လို့ သတ်မှတ်ခံထားရသူတွေမှာ ရောဂါလက္ခဏာ သိပ်မပြင်းထန်သူ ၇၇၅ ယောက်ကို စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်မှုအတွင်း Molnupiravir လို့ နာမည်ပေးထားတဲ့ဆေးကို သောက်သုံးသူထဲက ရက် ၃၀ အကြာမှာ ဆေးရုံတင် ကုသမှုခံရသူနဲ့ သေဆုံးသူ ၇.၃% သာရှိပြီး အာနိသင်မပါတဲ့ဆေး သောက်သူတွေထဲက ဆေးရုံတင်ကုသမှုခံရသူနဲ့ သေဆုံးသူက ၁၄.၁% ရှိခဲ့ပါတယ်။ သူတို့စမ်းသပ်ဆေးသောက်ထားတဲ့ အဖွဲ့ထဲမှာ စမ်းသပ်ကာလအတွင်း သေဆုံးသူ တယောက်မှမရှိခဲ့ဘဲ အာသိသင်မပါတဲ့ဆေး သောက်ထားတဲ့အုပ်စုထဲမှာ သေဆုံးသူ ၈ ယောက်ရှိခဲ့တယ်လို့လည်း Merck ဆေးကုမ္ပဏီက ပြောပါတယ်။

#Merck #COVID #Molnupiravir #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG