သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၄၆၈ ေယာက္၊ ေသဆံုး ၅၃ ဦးထပ္တိုး


ကိုဗစ္ကပ္ေရာဂါၾကား ကိုရင္မ်ားဆြမ္းခံၾကြေနပုံ။ ဂ်ူလုိင္ ၁၅၊ ၂၀၂၁။

Zawgyi/Unicode

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္ အရ ျမန္မာႏိုင္ငံ မွာ ဒီကေန႔ ေနာက္ဆုံး ပိုးစစ္ေဆးသူ ၁၈,၃၀၄ ခု ရွိခဲ့ၿပီး ပိုးေတြ႔သူ ၁,၄၆၈ ဦး ရွိပါတယ္။

ပိုးေတြ႔ရာႏႈန္း ၈.၀၂% ပါ။ ေသဆုံးသြားသူ ၅၃ ဦး ရွိပါတယ္။ေသဆုံးမႈ ရာႏႈန္း ၃.၈၂% လို႔ ေျပာပါတယ္။ ဒီကေန႔အထိဆိုရင္ တရားဝင္စာရင္းအရ ပိုးေတြ႔သူ စုစုေပါင္း ၄၆၄,၀၇၆ ဦး ရွိေနပါၿပီ။

လူမႈ ကူညီေစာင့္ေရွာက္သူေတြကေတာ့ တကယ္ ျဖစ္ေနတာေတြက တရားဝင္ စာရင္းထက္ မ်ားႏိုင္စရာရွိတယ္လို႔ ေျပာၾကပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ ကိုယ္ဝန္ေဆာင္မိခင္ေတြကို ကိုဗစ္ ကာကြယ္ေဆး ထိုးၾကဖို႔ ကူးစက္ေရာဂါကာကြယ္ေရးနဲ႔ ခ်ဳပ္ထိန္းေရးဌာန စီဒီစီ က တိုက္တြန္း လိုက္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ ကိုဗစ္ေရာဂါ ျဖစ္ပြါးခဲ့ရင္ ေနာက္ဆက္တြဲ ျဖစ္ေပၚလာမယ့္ ေရာဂါနဲ႔ မလိုလားအပ္တဲ့ အႏၲရာယ္ေတြ မ်ားလွတာေၾကာင့္ ခုလို အႀကံျပဳလိုက္တာ ျဖစ္ပါတယ္။

လာမယ့္ႏွစ္ ေဖေဖာ္ဝါရီ ၄ ကေန ၂၀ အထိ က်င္းပမယ့္ ေဘက်င္း ေဆာင္းရာသီ အိုလံပစ္ အားကစားပြဲမွာ ကိုဗစ္ကန႔္သတ္ စည္းကမ္းသတ္မွတ္ခ်က္ေတြအတိုင္း က်င့္သုံးမယ္လို႔ ႏိုင္ငံတကာအိုလံပစ္ေကာ္မီတီက ေၾကညာလိုက္ ပါတယ္။ ကိုဗစ္ကာကြယ္ေဆး အျပည့္မယူတဲ့ အားကစားသမားေတြဟာ ကြာရဲန္တင္း ၂၁ ရက္ ဝင္ၾကရမွာ ျဖစ္ပါတယ္။

ဩစေၾတးလ်ား ႏိုင္ငံမွာေတာ့ ၾကာသပေတးေန႔က ဝိတိုရိယျပည္နယ္မွာ ကိုဗစ္ ပိုးေတြ႔သူ အသစ္ ၁,၄၃၈ ေယာက္ ရွိခဲ့ပါတယ္။ အဲဒီ လူ တဝက္ေက်ာ္က Perth ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ေဘာ္လုံးပြဲကို သြားၾကည့္ခဲ့တဲ့သူေတြ ျဖစ္ၾကတယ္လို႔ ျပည္နယ္အစိုးရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


------

Unicode

မြန်မာ COVID-19 ကူးစက်သူ ၁,၄၆၈ ယောက်၊ သေဆုံး ၅၃ ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ မှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၈၃၀၄ ခု ရှိခဲ့ပြီး ပိုးတွေ့သူ ၁,၄၆၈ ဦး ရှိပါတယ်။

ပိုးတွေ့ရာနှုန်း ၈.၀၂% ပါ။ သေဆုံးသွားသူ ၅၃ ဦး ရှိပါတယ်။သေဆုံးမှု ရာနှုန်း ၃.၈၂% လို့ ပြောပါတယ်။ ဒီကနေ့အထိဆိုရင် တရားဝင်စာရင်းအရ ပိုးတွေ့သူ စုစုပေါင်း ၄၆၄,၀၇၆ ဦး ရှိနေပါပြီ။

လူမှု ကူညီစောင့်ရှောက်သူတွေကတော့ တကယ် ဖြစ်နေတာတွေက တရားဝင် စာရင်းထက် များနိုင်စရာရှိတယ်လို့ ပြောကြပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုဗစ် ကာကွယ်ဆေး ထိုးကြဖို့ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ချုပ်ထိန်းရေးဌာန စီဒီစီ က တိုက်တွန်း လိုက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွါးခဲ့ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရောဂါနဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ များလှတာကြောင့် ခုလို အကြံပြုလိုက်တာ ဖြစ်ပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီ ၄ ကနေ ၂၀ အထိ ကျင်းပမယ့် ဘေကျင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲမှာ ကိုဗစ်ကန့်သတ် စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း ကျင့်သုံးမယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မီတီက ကြေညာလိုက် ပါတယ်။ ကိုဗစ်ကာကွယ်ဆေး အပြည့်မယူတဲ့ အားကစားသမားတွေဟာ ကွာရဲန်တင်း ၂၁ ရက် ဝင်ကြရမှာ ဖြစ်ပါတယ်။

ဩစတြေးလျား နိုင်ငံမှာတော့ ကြာသပတေးနေ့က ဝိတိုရိယပြည်နယ်မှာ ကိုဗစ် ပိုးတွေ့သူ အသစ် ၁,၄၃၈ ယောက် ရှိခဲ့ပါတယ်။ အဲဒီ လူ တဝက်ကျော်က Perth မြို့မှာ ကျင်းပခဲ့တဲ့ ဘော်လုံးပွဲကို သွားကြည့်ခဲ့တဲ့သူတွေ ဖြစ်ကြတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG