သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ မ်ိဳးကြဲစိတ္သစ္ ကာကြယ္ေရး


ျမန္မာမွာ ကိုဗစ္-19 ေနာက္ဆုံးလႈိင္း ျပန္က်လာေပမဲ့၊ အိမ္နီးခ်င္းတခ်ဳိ ႔အပါအဝင္ ကမာၻမွာေတာ့ အိုမီခ႐ြန္ မ်ိဳးကြဲစိတ္သစ္ေတြေၾကာင့္ လႈိင္းအသြင္ျပန္ျဖစ္မွာ စိုးရိမ္ေနၾကတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။ မ်ိဳးကြဲစိတ္သစ္ထဲ အာရွမွာအဓိကေတြ႔ထားတဲ့ XBB က အရင္ကိုဗစ္ထိုးေဆး Monoclonal Antibody အမ်ဳိးအစားကို အာနိသင္ပ်က္သြားေစေပမဲ့၊ ေနာက္ထပ္ေပၚတဲ့ ေသာက္ေဆးေတြ (ျမန္မာမွာသုံးေနတဲ့ Paxlovid နဲ႔ Molnupiravir အပါအဝင္) က ထိေရာက္ဆဲမို႔ အမ်ားႀကီး စိုးရိမ္စရာမလိုေသးပါဘူး။ ဒါ့အျပင္ ေနာက္ဆုံးေပၚကာကြယ္ေဆး Bivalent အပါအဝင္ အရင္ကာကြယ္ေဆးေတြကလည္း ဒီမ်ဳိးကြဲစိတ္သစ္ မကူးေအာင္ မကာကြယ္ႏိုင္ေပမဲ့၊ ကူးစက္ခံလာလွ်င္ အဆုပ္ထိခိုက္တာအပါအဝင္ ျပင္းျပင္းထန္ထန္ မျဖစ္ေအာင္ေတာ့ ဆက္ကာကြယ္ေပးႏိုင္တာ ေတြ႔ထားပါတယ္။

ဒါေပမဲ့ တခ်ိန္ထဲမွာ ကမာၻမွာေရာ ျမန္မာမွာပါ ပြဲေတာ္ရာသီ (ျမန္မာတန္ေဆာင္တိုင္အၿပီးနဲ႔ မၾကာခင္လာမဲ့ ခရစ္စမတ္နဲ႔ ႏွစ္သစ္ကူးအပါအဝင္) ကာလ ျဖစ္လာေနတာမို႔ လူအမ်ားနဲ႔ ထိေတြ႔တာကေန ကူးစက္လြယ္ႏိုင္ေျခေတာ့ အမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ အားလုံးအေနနဲ႔ ကာကြယ္ေဆး (ပုံမွန္နဲ႔ အားျဖည့္) ထပ္ထိုးထားၿပီး၊ ကိုဗစ္ျဖစ္လာလွ်င္ အႏၲရာယ္ႀကီးႏိုင္သူေတြ (အဝလြန္သူ၊ ဆီးခ်ိဳလို ေရာဂါအခံရွိသူနဲ႔ ကင္ဆာရွိသူနဲ႔ ကင္ဆာေဆးကုသမႈခံယူေနရသူ၊ ေက်ာက္ကပ္ေဆးေနရသူေတြလို Immune ကိုယ္ခံအား ထိခိုက္မႈရွိသူေတြ) အေနနဲ႔ လူစုလူေဝးကို တတ္ႏိုင္သေလာက္ ေရွာင္သင့္ပါတယ္။ အခုလို အႏၲရာယ္ႀကီးသူေတြအေနနဲ႔ မျဖစ္မေန လူစုလူေဝးထဲသြားရတာ၊ အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြ သုံးရတာရွိေနပါကလည္း မျဖစ္မေန ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) တပ္ထားသင့္ပါတယ္။ အားလုံးမွာ ကိုဗစ္ ကူးစက္ခံရႏိုင္တဲ့ သံသယလကၡဏာေတြ ေပၚလာလွ်င္ေတာ့ ျဖစ္ႏိုင္လွ်င္ အျမန္ေဆးစစ္ၿပီး၊ ပိုးေတြ႔ပါက အျပင္မထြက္ဘဲ အိမ္မွာပဲ တျခားအတူေနသူေတြကို မကူးစက္ေအာင္ အနည္းဆုံး ၅ ရက္ ခြဲေနသင့္ပါတယ္။

ျမန္မာႏိုင္ငံမွာ ႀကိဳတင္ကာကြယ္ေရးအတြက္ အထူးသျဖင့္ က်န္းမာေရးတာဝန္ရွိသူေတြအေနနဲ႔ အိမ္နီးခ်င္းနဲ႔ ကမာၻမွာျဖစ္ေနတဲ့ ကိုဗစ္မ်ိဳးကြဲစိတ္သစ္ ေနာက္ဆုံးအေျခအေနေတြကို မျပတ္တမ္းေစာင့္ၾကည့္ၿပီး၊ လိုအပ္လွ်င္ တခ်ဳိ ႔စစ္ေဆးမႈေတြနဲ႔ လူထုပညာေပးလုပ္ငန္းေတြ ျပန္တိုးလုပ္သင့္ပါတယ္။ ျပည္သူေတြအေနနဲ႔ေတာ့ အလြန္အမင္း သတိထားၿပီး စိုးရိမ္ထိပ္လန႔္စရာ မလိုေပမဲ့၊ လူမ်ားတဲ့ အလုံပိတ္ခန္းေတြဝင္လွ်င္ေတာ့ ပုံမွန္ကာကြယ္ေရးေတြ (ပါးစပ္ႏွာေခါင္းစည္းတပ္၊ ခပ္ခြာခြာေန၊ လက္ေဆးတာေတြ) ကို တတ္ႏိုင္သေလာက္ ဆက္လုပ္ေပးသင့္ပါတယ္။ အခုမ်ိဳးကြဲစိတ္သစ္ XBB ျဖစ္လာသူေတြမွာ ထူးထူးျခားျခား လကၡဏာမေတြ႔ရေသးေပမဲ့၊ လိုအပ္သူေတြအတြက္ ကိုဗစ္ေသာက္ေဆး (ဥပမာ Paxlovid မ်ိဳး) ေပးလိုက္လွ်င္ လကၡဏာေတြ (လည္ပင္းနာ၊ ႏွာေစး ေခ်ာင္းဆိုး၊ အဖ်ားက် စတာေတြ) ခ်က္ခ်င္းနီးပါး ပိုျမန္ျမန္ (အရင္ထက္ ၂ ရက္ ၃ ရက္ ပိုေစာၿပီး) သက္သာသြားေစတာကိုေတာ့ တစုံတရာ ေတြ႔ထားပါတယ္။ ဒါေပမဲ့လဲ အခုလိုသက္သာမႈက ေဆးေသာက္ၿပီးရလာတဲ့ ယုံၾကည္မႈေၾကာင့္ (Placebo Effect) ေၾကာင့္လည္း တစုံတရာ ျဖစ္ႏိုင္ပါေသးတယ္။

အထက္ပါကာကြယ္ေရးေတြကို အားလုံးဝိုင္းလုပ္ႏိုင္လွ်င္ေတာ့ အရင္ျပင္းထန္ခဲ့တဲ့ ကိုဗစ္လႈိင္းေတြလို ထိန္းရခက္၊ အသက္ဆုံး႐ူံးမႈ မမ်ားေစဘဲ၊ အခုမ်ိဳးကြဲစိတ္သစ္အျပင္ ေနာက္ဆက္ေပၚလာႏိုင္တဲ့ မ်ဳိးကြဲစိတ္သစ္ေတြကိုလည္း ဆက္ကာကြယ္သြားႏိုင္ဖို႔ က်န္းမာေရးပညာရွင္ေတြက ေမွ်ာ္လင့္ထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာ ကိုဗစ္လူနာေတြကို ဖုန္းကတဆင့္ ကူေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=== Unicode ====

မြန်မာမှာ ကိုဗစ်-19 နောက်ဆုံးလှိုင်း ပြန်ကျလာပေမဲ့၊ အိမ်နီးချင်းတချို့အပါအဝင် ကမ္ဘာမှာတော့ အိုမီခရွန် မျိုးကွဲစိတ်သစ်တွေကြောင့် လှိုင်းအသွင်ပြန်ဖြစ်မှာ စိုးရိမ်နေကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ မျိုးကွဲစိတ်သစ်ထဲ အာရှမှာအဓိကတွေ့ထားတဲ့ XBB က အရင်ကိုဗစ်ထိုးဆေး Monoclonal Antibody အမျိုးအစားကို အာနိသင်ပျက်သွားစေပေမဲ့၊ နောက်ထပ်ပေါ်တဲ့ သောက်ဆေးတွေ (မြန်မာမှာသုံးနေတဲ့ Paxlovid နဲ့ Molnupiravir အပါအဝင်) က ထိရောက်ဆဲမို့ အများကြီး စိုးရိမ်စရာမလိုသေးပါဘူး။ ဒါ့အပြင် နောက်ဆုံးပေါ်ကာကွယ်ဆေး Bivalent အပါအဝင် အရင်ကာကွယ်ဆေးတွေကလည်း ဒီမျိုးကွဲစိတ်သစ် မကူးအောင် မကာကွယ်နိုင်ပေမဲ့၊ ကူးစက်ခံလာလျှင် အဆုပ်ထိခိုက်တာအပါအဝင် ပြင်းပြင်းထန်ထန် မဖြစ်အောင်တော့ ဆက်ကာကွယ်ပေးနိုင်တာ တွေ့ထားပါတယ်။

ဒါပေမဲ့ တချိန်ထဲမှာ ကမ္ဘာမှာရော မြန်မာမှာပါ ပွဲတော်ရာသီ (မြန်မာတန်ဆောင်တိုင်အပြီးနဲ့ မကြာခင်လာမဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးအပါအဝင်) ကာလ ဖြစ်လာနေတာမို့ လူအများနဲ့ ထိတွေ့တာကနေ ကူးစက်လွယ်နိုင်ခြေတော့ အများကြီးရှိနေပါတယ်။ ဒါကြောင့် အားလုံးအနေနဲ့ ကာကွယ်ဆေး (ပုံမှန်နဲ့ အားဖြည့်) ထပ်ထိုးထားပြီး၊ ကိုဗစ်ဖြစ်လာလျှင် အန္တရာယ်ကြီးနိုင်သူတွေ (အဝလွန်သူ၊ ဆီးချိုလို ရောဂါအခံရှိသူနဲ့ ကင်ဆာရှိသူနဲ့ ကင်ဆာဆေးကုသမှုခံယူနေရသူ၊ ကျောက်ကပ်ဆေးနေရသူတွေလို Immune ကိုယ်ခံအား ထိခိုက်မှုရှိသူတွေ) အနေနဲ့ လူစုလူဝေးကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ အခုလို အန္တရာယ်ကြီးသူတွေအနေနဲ့ မဖြစ်မနေ လူစုလူဝေးထဲသွားရတာ၊ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ သုံးရတာရှိနေပါကလည်း မဖြစ်မနေ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ထားသင့်ပါတယ်။ အားလုံးမှာ ကိုဗစ် ကူးစက်ခံရနိုင်တဲ့ သံသယလက္ခဏာတွေ ပေါ်လာလျှင်တော့ ဖြစ်နိုင်လျှင် အမြန်ဆေးစစ်ပြီး၊ ပိုးတွေ့ပါက အပြင်မထွက်ဘဲ အိမ်မှာပဲ တခြားအတူနေသူတွေကို မကူးစက်အောင် အနည်းဆုံး ၅ ရက် ခွဲနေသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်ရေးအတွက် အထူးသဖြင့် ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ အိမ်နီးချင်းနဲ့ ကမ္ဘာမှာဖြစ်နေတဲ့ ကိုဗစ်မျိုးကွဲစိတ်သစ် နောက်ဆုံးအခြေအနေတွေကို မပြတ်တမ်းစောင့်ကြည့်ပြီး၊ လိုအပ်လျှင် တချို့စစ်ဆေးမှုတွေနဲ့ လူထုပညာပေးလုပ်ငန်းတွေ ပြန်တိုးလုပ်သင့်ပါတယ်။ ပြည်သူတွေအနေနဲ့တော့ အလွန်အမင်း သတိထားပြီး စိုးရိမ်ထိပ်လန့်စရာ မလိုပေမဲ့၊ လူများတဲ့ အလုံပိတ်ခန်းတွေဝင်လျှင်တော့ ပုံမှန်ကာကွယ်ရေးတွေ (ပါးစပ်နှာခေါင်းစည်းတပ်၊ ခပ်ခွာခွာနေ၊ လက်ဆေးတာတွေ) ကို တတ်နိုင်သလောက် ဆက်လုပ်ပေးသင့်ပါတယ်။ အခုမျိုးကွဲစိတ်သစ် XBB ဖြစ်လာသူတွေမှာ ထူးထူးခြားခြား လက္ခဏာမတွေ့ရသေးပေမဲ့၊ လိုအပ်သူတွေအတွက် ကိုဗစ်သောက်ဆေး (ဥပမာ Paxlovid မျိုး) ပေးလိုက်လျှင် လက္ခဏာတွေ (လည်ပင်းနာ၊ နှာစေး ချောင်းဆိုး၊ အဖျားကျ စတာတွေ) ချက်ချင်းနီးပါး ပိုမြန်မြန် (အရင်ထက် ၂ ရက် ၃ ရက် ပိုစောပြီး) သက်သာသွားစေတာကိုတော့ တစုံတရာ တွေ့ထားပါတယ်။ ဒါပေမဲ့လဲ အခုလိုသက်သာမှုက ဆေးသောက်ပြီးရလာတဲ့ ယုံကြည်မှုကြောင့် (Placebo Effect) ကြောင့်လည်း တစုံတရာ ဖြစ်နိုင်ပါသေးတယ်။

အထက်ပါကာကွယ်ရေးတွေကို အားလုံးဝိုင်းလုပ်နိုင်လျှင်တော့ အရင်ပြင်းထန်ခဲ့တဲ့ ကိုဗစ်လှိုင်းတွေလို ထိန်းရခက်၊ အသက်ဆုံးရူံးမှု မများစေဘဲ၊ အခုမျိုးကွဲစိတ်သစ်အပြင် နောက်ဆက်ပေါ်လာနိုင်တဲ့ မျိုးကွဲစိတ်သစ်တွေကိုလည်း ဆက်ကာကွယ်သွားနိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက မျှော်လင့်ထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာ ကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG