သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၁၇ ၿမိဳ႕နယ္က Stay at Home ပယ္ဖ်က္


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ကူးစက္မႈ ျမင့္တက္ေနခ်ိန္က မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home ထုတ္ျပန္ခဲ့တဲ့ ၿမိဳ႕နယ္တခ်ိဳ႕ကို ဒီေန႔ ႏိုဝင္ဘာ ၁၂ ရက္ ကစၿပီး ပယ္ဖ်က္လိုက္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက အခုေနာက္ဆုံး Stay at Home ထုတ္ျပန္ခ်က္ ပယ္ဖ်က္လိုက္တဲ့ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ ပဲခူးတိုင္းထဲက ၿမိဳ႕နယ္ ၅ ခု ပါဝင္ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ တကယ္ပဲ ေလ်ာ့က်သြားပါၿပီလား ... ရန္ကုန္ကလာတဲ့ ဒီသတင္းကို မခင္ျဖဴေထြးကတင္ျပေပးထားပါတယ္။

ရန္ကုန္၊ မႏၲေလး၊ ဧရာဝတီ၊ ပဲခူး၊ တနသၤာရီတိုင္းနဲ႔ မေကြးတိုင္း၊ မြန္ျပည္နယ္ အတြင္းက ၿမိဳ႕နယ္ ၁၇ ခုမွာ ႏိုဝင္ဘာလ ၁၂ ရက္ ဒီကေန႔ကစၿပီးေတာ့ Stay at Home အစီအစဥ္ ပယ္ဖ်က္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ Stay at Home အစီအစဥ္ ပယ္ဖ်က္လိုက္တဲ့ထဲမွာ ပဲခူးတိုင္းထဲမွာ အုတ္တြင္း၊ ကဝ၊ ဒိုက္ဦး၊ ျပည္နဲ႔ နတ္တလင္း စတဲ့ ၿမိဳ႕နယ္ ၅ ခု ပါဝင္ပါတယ္။ ကိုဗစ္စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပးလိုက္ေပမယ့္ ေျမျပင္အေနအထားမွာေတာ့ ကိုဗစ္ျဖစ္ပြားမႈက စိတ္ခ်ရတဲ့ အေနအထား မေရာက္ေသးဘူးလို႔ ပဲခူးတိုင္းအေျခစိုက္ ပရဟိတေဆာင္႐ြက္ေပးေနတဲ့ အသင္းတခုက ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ေရာ ႐ိုး႐ိုးလူနာနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ကူညီေဆာင္႐ြက္ေပးေနပါတယ္။ ဒါေပမယ့္ သူတို႔ အဲလိုေျဖေလွ်ာ့လိုက္တဲ့အေပၚမွာ က်ေနာ္တို႔ ဒီပရဟိတအပိုင္းေတြ လုပ္ရတာေတြက်ေတာ့ သိပ္ၿပီးအဆင္မေျပဘူးေပါ့ေနာ္။ အဆင္မေျပဘူးဆိုတာက လူေတြက လိုက္နာမႈအား ေလွ်ာ့နည္းသြားတယ္။ ေလွ်ာ့နည္းသြားတဲ့အေပၚမွာ က်ေနာ္တို႔ေတာင္ အခု စတုတၳလႈိင္းလိုလို၊ ဘာလိုလိုဆိုၿပီးေတာ့ ျပန္စစ္လာတာေတြ ေတြ႕ရတဲ့အေပၚမွာ ေတာ္ေတာ္ဂ႐ုစိုက္ ေနရတယ္။ လက္ရွိ က်ေနာ္တို႔ၿမိဳ႕မွာကေတာ့ အမ်ားအားျဖင့္ေတာ့ မျဖစ္ေသးဘူးေပါ့ေနာ္။ တေယာက္စ၊ ႏွစ္ေယာက္စေတာ့ ကိုဗစ္နဲ႔ဆုံးသြားတာတို႔ ျဖစ္တာေတြေတာ့ ေတြ႕ရတယ္ေပါ့ေနာ္။"

ပဲခူးတိုင္းထဲမွာ ဇူလိုင္လက ေဈးနဲ႔ ေက်ာင္းေတြကေန အစုလိုက္ ကိုဗစ္ကပ္ေရာဂါစက္ျပန႔္ပြားမႈေတြ ရွိခဲ့တဲ့အတြက္ ေဈးေတြ၊ အေျခခံပညာေက်ာင္းေတြကို ယာယီပိတ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္နဲ႔ ဩဂုတ္လတုန္းက ကိုဗစ္ကူးစက္ျဖစ္ပြားမႈနဲ႔ ေသဆုံးႏႈန္းအမ်ားအျပားရွိခဲ့ၿပီး အခုအခ်ိန္မွာေတာ့ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကပ္ေရာဂါ ကူးစက္မႈေတြ နည္းသြားၿပီဆိုေပမဲ့ ေနာက္ထပ္လႈိင္းတခု ထပ္မျဖစ္ဖို႔အတြက္ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို ေသခ်ာလိုက္နာေစခ်င္တယ္ လို႔ ပရဟိတ ေဆာင္႐ြက္ေပးသူေတြက ေျပာပါတယ္။

"ကိုဗစ္က်ေတာ့ ဒီေဆး႐ုံမွာ ေဆးစစ္တာေတြရွိတယ္။ ကိုဗစ္နဲ႔ ေသဆုံးသြားတဲ့သူေတြ ရွိတယ္။ ၿပီးခဲ့တဲ့ ၃၊ ၄ ရက္မွာပဲ ကိုဗစ္နဲ႔ တေယာက္ဆုံးသြားတာ ရွိတယ္။ အရင္ပုံစံ အတိုင္းပဲေပါ့ေနာ္။ Mask တပ္တာေတြ သိပ္မေတြ႕ရေတာ့ဘူး။"

ျပည္တြင္းမွာ ကိုဗစ္တတိယလႈိင္း ျပင္းျပင္းထန္ထန္ျဖစ္ခဲ့တဲ့ ဇူလိုင္လနဲ႔ဩဂုတ္လအစပိုင္းတုန္းက လူစည္ကားတဲ့ ေဈးနဲ႔ ေက်ာင္းေတြကေနတဆင့္ အစုလိုက္ေရာဂါ ကူးစက္မႈေတြ ရွိခဲ့ပါတယ္။ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္မွာလည္း တကၠသိုလ္အေဆာင္ အတူေနသူေတြ အစုလိုက္ကူးစက္မႈေတြ ရွိခဲ့ပါတယ္။ ဒီကေန႔စၿပီး Stay at Home ပယ္ဖ်က္လိုက္ၿပီျဖစ္တဲ့ ေမာ္လၿမိဳင္ၿမိဳ႕နယ္မွာေတာ့ ကိုဗစ္ျဖစ္ပြားမႈ စိုးရိမ္ရတဲ့ အေျခအေနမွာ မရွိေတာ့ေပမယ့္ ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းလိုက္နာမႈေတြကေတာ့ အားနည္းေနတယ္လို႔ ၿမိဳ႕နယ္ က်န္းမာေရးတာဝန္ရွိသူတဦးက ေျပာပါတယ္။

"ေမာ္လၿမိဳင္အေနအထားကေတာ့ စိတ္ခ်ရတဲ့ အေနအထားရွိပါတယ္။ ရာသီတုပ္ေကြးကေတာ့ ေတာ္ေတာ္မ်ားမ်ား ျဖစ္ၾကတယ္။ တခ်ိဳ႕ဆို မိသားစုလိုက္ျဖစ္ၾကတယ္။ ဒါေပမယ့္ စိုးရိမ္ရမႈေတာ့ မရွိဘူး။ ၄၊ ၅ ရက္ေလာက္ေနရင္ ေပ်ာက္သြားၾကပါတယ္။ Mask ကေတာ့ ၉၀ ရာခိုင္ႏႈန္းေလာက္ က တပ္ၾကတယ္။ လူစုလူေဝးကေတာ့ မလုပ္နဲ႔လို႔ အခုကေၾကညာထားေသးတာေပါ့ေနာ္။ မလုပ္နဲ႔ လို႔ ေၾကညာထားလည္းပဲ လုပ္ေနၾကတာပါပဲ။ အဓိကေတာ့ က်ေနာ္တို႔ အကုန္လုံး က်န္းမာေရးရႈေထာင့္ကေန ဒီ Mask ကိုတပ္သင့္တယ္ေပါ့ေနာ္။"

ကိုဗစ္တတိယလႈိင္း အရွိန္ျမင့္ခဲ့တဲ့ ဇူလိုင္လကစၿပီး ကူးစက္မႈ အေျခအေနဆိုးခဲ့တဲ့ တိုင္းနဲ႔ျပည္နယ္ေတြထဲက ၿမိဳ႕နယ္ေတြကို Stay at Home ထုတ္ျပန္ခဲ့တာ စုစုေပါင္း ၁၁၉ ၿမိဳ႕နယ္ ရွိခဲ့ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြထဲကေန ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ ေလ်ာ့က်လာတဲ့ ၿမိဳ႕နယ္ေတြကို ဒီထုတ္ျပန္ခ်က္ေတြ တျဖည္းျဖည္း ပယ္ဖ်က္ေနတာ အခုဆို ၆၇ ၿမိဳ႕နယ္ ရွိပါၿပီ။ ဒါေပမယ့္ Stay at Home အစီအစဥ္ ထုတ္ျပန္ထားတဲ့ ၅၂ ၿမိဳ႕နယ္ က်န္ရွိေနပါေသးတယ္။

၁၇ ၿမိဳ႕နယ္က Stay at Home ပယ္ဖ်က္
please wait

No media source currently available

0:00 0:03:55 0:00
တိုက္႐ိုက္ လင့္ခ္

=========

{{Unicode}}

၁၇ မြို့နယ်က Stay at Home ပယ်ဖျက်

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှု မြင့်တက်နေချိန်က မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တချို့ကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက် ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ပဲခူးတိုင်းထဲက မြို့နယ် ၅ ခု ပါဝင်ပါတယ်။ အဲဒီမြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တကယ်ပဲ လျော့ကျသွားပါပြီလား ... ရန်ကုန်ကလာတဲ့ ဒီသတင်းကို မခင်ဖြူထွေးကတင်ပြပေးထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း၊ မွန်ပြည်နယ် အတွင်းက မြို့နယ် ၁၇ ခုမှာ နိုဝင်ဘာလ ၁၂ ရက် ဒီကနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တဲ့ထဲမှာ ပဲခူးတိုင်းထဲမှာ အုတ်တွင်း၊ ကဝ၊ ဒိုက်ဦး၊ ပြည်နဲ့ နတ်တလင်း စတဲ့ မြို့နယ် ၅ ခု ပါဝင်ပါတယ်။ ကိုဗစ်စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပေမယ့် မြေပြင်အနေအထားမှာတော့ ကိုဗစ်ဖြစ်ပွားမှုက စိတ်ချရတဲ့ အနေအထား မရောက်သေးဘူးလို့ ပဲခူးတိုင်းအခြေစိုက် ပရဟိတဆောင်ရွက်ပေးနေတဲ့ အသင်းတခုက ပြောပါတယ်။

"ကျနော်တို့ကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ရော ရိုးရိုးလူနာနဲ့ ပတ်သက်ပြီးတော့ရော ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် သူတို့ အဲလိုဖြေလျှော့လိုက်တဲ့အပေါ်မှာ ကျနော်တို့ ဒီပရဟိတအပိုင်းတွေ လုပ်ရတာတွေကျတော့ သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။ အဆင်မပြေဘူးဆိုတာက လူတွေက လိုက်နာမှုအား လျှော့နည်းသွားတယ်။ လျှော့နည်းသွားတဲ့အပေါ်မှာ ကျနော်တို့တောင် အခု စတုတ္ထလှိုင်းလိုလို၊ ဘာလိုလိုဆိုပြီးတော့ ပြန်စစ်လာတာတွေ တွေ့ရတဲ့အပေါ်မှာ တော်တော်ဂရုစိုက် နေရတယ်။ လက်ရှိ ကျနော်တို့မြို့မှာကတော့ အများအားဖြင့်တော့ မဖြစ်သေးဘူးပေါ့နော်။ တယောက်စ၊ နှစ်ယောက်စတော့ ကိုဗစ်နဲ့ဆုံးသွားတာတို့ ဖြစ်တာတွေတော့ တွေ့ရတယ်ပေါ့နော်။"

ပဲခူးတိုင်းထဲမှာ ဇူလိုင်လက ဈေးနဲ့ ကျောင်းတွေကနေ အစုလိုက် ကိုဗစ်ကပ်ရောဂါစက်ပြန့်ပွားမှုတွေ ရှိခဲ့တဲ့အတွက် ဈေးတွေ၊ အခြေခံပညာကျောင်းတွေကို ယာယီပိတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတုန်းက ကိုဗစ်ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးနှုန်းအများအပြားရှိခဲ့ပြီး အခုအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကပ်ရောဂါ ကူးစက်မှုတွေ နည်းသွားပြီဆိုပေမဲ့ နောက်ထပ်လှိုင်းတခု ထပ်မဖြစ်ဖို့အတွက် ရောဂါကာကွယ်ရေး နည်းလမ်းတွေကို သေချာလိုက်နာစေချင်တယ် လို့ ပရဟိတ ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

"ကိုဗစ်ကျတော့ ဒီဆေးရုံမှာ ဆေးစစ်တာတွေရှိတယ်။ ကိုဗစ်နဲ့ သေဆုံးသွားတဲ့သူတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၃၊ ၄ ရက်မှာပဲ ကိုဗစ်နဲ့ တယောက်ဆုံးသွားတာ ရှိတယ်။ အရင်ပုံစံ အတိုင်းပဲပေါ့နော်။ Mask တပ်တာတွေ သိပ်မတွေ့ရတော့ဘူး။"

ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ဇူလိုင်လနဲ့ဩဂုတ်လအစပိုင်းတုန်းက လူစည်ကားတဲ့ ဈေးနဲ့ ကျောင်းတွေကနေတဆင့် အစုလိုက်ရောဂါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာလည်း တက္ကသိုလ်အဆောင် အတူနေသူတွေ အစုလိုက်ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ဒီကနေ့စပြီး Stay at Home ပယ်ဖျက်လိုက်ပြီဖြစ်တဲ့ မော်လမြိုင်မြို့နယ်မှာတော့ ကိုဗစ်ဖြစ်ပွားမှု စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတော့ပေမယ့် ရောဂါထိန်းချုပ်ရေး စည်းမျဉ်းလိုက်နာမှုတွေကတော့ အားနည်းနေတယ်လို့ မြို့နယ် ကျန်းမာရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

"မော်လမြိုင်အနေအထားကတော့ စိတ်ချရတဲ့ အနေအထားရှိပါတယ်။ ရာသီတုပ်ကွေးကတော့ တော်တော်များများ ဖြစ်ကြတယ်။ တချို့ဆို မိသားစုလိုက်ဖြစ်ကြတယ်။ ဒါပေမယ့် စိုးရိမ်ရမှုတော့ မရှိဘူး။ ၄၊ ၅ ရက်လောက်နေရင် ပျောက်သွားကြပါတယ်။ Mask ကတော့ ၉၀ ရာခိုင်နှုန်းလောက် က တပ်ကြတယ်။ လူစုလူဝေးကတော့ မလုပ်နဲ့လို့ အခုကကြေညာထားသေးတာပေါ့နော်။ မလုပ်နဲ့ လို့ ကြေညာထားလည်းပဲ လုပ်နေကြတာပါပဲ။ အဓိကတော့ ကျနော်တို့ အကုန်လုံး ကျန်းမာရေးရှုထောင့်ကနေ ဒီ Mask ကိုတပ်သင့်တယ်ပေါ့နော်။"

ကိုဗစ်တတိယလှိုင်း အရှိန်မြင့်ခဲ့တဲ့ ဇူလိုင်လကစပြီး ကူးစက်မှု အခြေအနေဆိုးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေကို Stay at Home ထုတ်ပြန်ခဲ့တာ စုစုပေါင်း ၁၁၉ မြို့နယ် ရှိခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲကနေ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု လျော့ကျလာတဲ့ မြို့နယ်တွေကို ဒီထုတ်ပြန်ချက်တွေ တဖြည်းဖြည်း ပယ်ဖျက်နေတာ အခုဆို ၆၇ မြို့နယ် ရှိပါပြီ။ ဒါပေမယ့် Stay at Home အစီအစဉ် ထုတ်ပြန်ထားတဲ့ ၅၂ မြို့နယ် ကျန်ရှိနေပါသေးတယ်။

#Stay at Home #ကိုဗစ်ကပ်ရောဂါ #ကန့်သတ်ချက်ပယ်ဖျက် #ပဲခူးတိုင်း #မွန်ပြည်နယ် #မကွေးတိုင်း #ဧရာဝတီတိုင်း #မန္တလေးတိုင်း #တနင်္သာရီတိုင်း #ရန်ကုန် #ပရဟိတ

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG