{{Zawgyi/Unicode}}
အေမရိကန္ေဆးကုမၸဏီ Moderna ကထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆးဟာ အသက္ ၆ ႏွစ္ကေန ၁၁ ႏွစ္ၾကား ကေလးငယ္ေတြကို ထိုးေပးဖို႔ လံုျခံဳစိတ္ခ်ရတယ္ဆိုတာ စမ္းသပ္ ေတြ႔ရွိရေၾကာင္း Moderna ကုမၸဏီက ေျပာပါတယ္။
လူႀကီးေတြကိုထိုးေပးတဲ့ ပမာဏရဲ႕ထက္ဝက္အာနိသင္ရွိတဲ့ ကာကြယ္ေဆးကို ၂၈ ရက္ျခားၿပီး ကေလးအေယာက္ ၄,၇၀၀ ေက်ာ္ကို ထိုးေပးခဲ့တာလို႔ ကုမၸဏီက ေျပာပါတယ္။ အဲဒီလို ကာကြယ္ေဆးထိုးေပးထားတဲ့ ကေလးငယ္ေတြရဲ႕ ခႏၶာကိုယ္ကထြက္လာတဲ့ ခုခံစြမ္းဟာ ကာကြယ္ေဆးအျပည့္ထိုးထားၿပီးတဲ့ ဆယ္ေက်ာ္သက္အရြယ္ လူငယ္ေတြနဲ႔ အတူတူပဲျဖစ္တယ္လို႔ Moderna ေဆးကုမၸဏီက ေျပာပါတယ္။
ကာကြယ္ေဆးထိုးၿပီးသြားတဲ့ ကေလးငယ္ေတြမွာ အနည္းငယ္ ႏြမ္းလွ်တာ၊ ေခါင္းနည္းနည္းကိုက္တာ၊ ကိုယ္နည္းနည္းပူတာနဲ႔ ေဆးထိုးေပးလိုက္တဲ့ေနရာမွာ အနည္းငယ္နာက်င္တာ စတဲ့ ေဘးထြက္ဆိုးက်ဳိး အနည္းငယ္သာရွိခဲ့တယ္လို႔လည္း Moderna ေဆးကုမၸဏီက ေျပာပါတယ္။ Moderna နဲ႔ Pfizer ကိုဗစ္ ကာကြယ္ေဆးေတြ ထိုးအၿပီး ဆယ္ေက်ာ္သက္အရြယ္ အမ်ဳိးသမီးနဲ႔ အမ်ဳိးသားလူငယ္တခ်ဳိ႕မွာ ျဖစ္ခဲ့တဲ့ ႏွလုံးႂကြက္သားေရာင္ရမ္းတာ၊ ႏွလုံးေရာင္တာ စတာေတြ ျဖစ္မျဖစ္ သိႏိုင္ဖို႔ ကာကြယ္ေဆး စမ္းထိုးေပးခဲ့တဲ့ ကေလးငယ္ အေရအတြက္ဟာ နည္းလြန္းတယ္လို႔ ဆိုပါတယ္။
Moderna ေဆးကုမၸဏီရဲ႕ အခုစမ္းသပ္ေတြ႔ရွိခ်က္ေတြဟာ မွန္ကန္ တိက်မႈရွိမရွိဆိုတာကို စမ္းသပ္ စစ္ေဆးၿပီး ေဆးပညာဂ်ာနယ္ေတြမွာ ေဖာ္ျပျခင္းမရွိေပမယ့္ သူတို႔အေနနဲ႔ မၾကာခင္မွာ ဒီ စမ္းသပ္ေတြ႔ ရွိခ်က္ေတြကို အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) ကို တင္ျပသြားမယ္လို႔ ေျပာပါတယ္။
အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္အရြယ္ ကေလးငယ္ေတြအတြက္ Pfizer ကိုဗစ္ကာကြယ္ေဆး ထိုးေပးေရး ခြင့္ျပဳသင့္ မျပဳသင့္ဆိုတာကို FDA က ဒီကေန႔ အဂၤါေန႔မွာ သံုးသပ္ေဆြးေႏြးဖို႔ ရွိေနပါတယ္။
==========
{{Unicode}}
အသက် ၆ နှစ်ကနေ ၁၁ နှစ်ကြား Moderna ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လုံခြုံစိတ်ချရ
အမေရိကန်ဆေးကုမ္ပဏီ Moderna ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို ထိုးပေးဖို့ လုံခြုံစိတ်ချရတယ်ဆိုတာ စမ်းသပ် တွေ့ရှိရကြောင်း Moderna ကုမ္ပဏီက ပြောပါတယ်။
လူကြီးတွေကိုထိုးပေးတဲ့ ပမာဏရဲ့ထက်ဝက်အာနိသင်ရှိတဲ့ ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ကလေးအယောက် ၄,၇၀၀ ကျော်ကို ထိုးပေးခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီလို ကာကွယ်ဆေးထိုးပေးထားတဲ့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကထွက်လာတဲ့ ခုခံစွမ်းဟာ ကာကွယ်ဆေးအပြည့်ထိုးထားပြီးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေနဲ့ အတူတူပဲဖြစ်တယ်လို့ Moderna ဆေးကုမ္ပဏီက ပြောပါတယ်။
ကာကွယ်ဆေးထိုးပြီးသွားတဲ့ ကလေးငယ်တွေမှာ အနည်းငယ် နွမ်းလျှတာ၊ ခေါင်းနည်းနည်းကိုက်တာ၊ ကိုယ်နည်းနည်းပူတာနဲ့ ဆေးထိုးပေးလိုက်တဲ့နေရာမှာ အနည်းငယ်နာကျင်တာ စတဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိခဲ့တယ်လို့လည်း Moderna ဆေးကုမ္ပဏီက ပြောပါတယ်။ Moderna နဲ့ Pfizer ကိုဗစ် ကာကွယ်ဆေးတွေ ထိုးအပြီး ဆယ်ကျော်သက်အရွယ် အမျိုးသမီးနဲ့ အမျိုးသားလူငယ်တချို့မှာ ဖြစ်ခဲ့တဲ့ နှလုံးကြွက်သားရောင်ရမ်းတာ၊ နှလုံးရောင်တာ စတာတွေ ဖြစ်မဖြစ် သိနိုင်ဖို့ ကာကွယ်ဆေး စမ်းထိုးပေးခဲ့တဲ့ ကလေးငယ် အရေအတွက်ဟာ နည်းလွန်းတယ်လို့ ဆိုပါတယ်။
Moderna ဆေးကုမ္ပဏီရဲ့ အခုစမ်းသပ်တွေ့ရှိချက်တွေဟာ မှန်ကန် တိကျမှုရှိမရှိဆိုတာကို စမ်းသပ် စစ်ဆေးပြီး ဆေးပညာဂျာနယ်တွေမှာ ဖော်ပြခြင်းမရှိပေမယ့် သူတို့အနေနဲ့ မကြာခင်မှာ ဒီ စမ်းသပ်တွေ့ ရှိချက်တွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကို တင်ပြသွားမယ်လို့ ပြောပါတယ်။
အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးငယ်တွေအတွက် Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးပေးရေး ခွင့်ပြုသင့် မပြုသင့်ဆိုတာကို FDA က ဒီကနေ့ အင်္ဂါနေ့မှာ သုံးသပ်ဆွေးနွေးဖို့ ရှိနေပါတယ်။
#Covid19 #CovidVaccine #VOABurmese
#ဖိုင်ဇာ#မိုဒါးနား#ကလေး၆နှစ်က၁၁နှစ်ကြား#ကိုဗစ်ကာကွယ်ဆေး
==========