သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္စစ္ေဘးဒုကၡသည္စခန္းတခုမွာ ကိုဗစ္ကူးစက္မႈစတင္ေတြ႕


ကခ်င္ဒုကၡသည္စခန္းတြင္း ပိုးသတ္ေဆးျဖန္းေနစဥ္- သတင္းဓာတ္ပံု (Manmaw Buga Hpung Ramma )

ZAWGYI/UNICODE

ကခ်င္လက္နက္ကိုင္အဖြဲ႕ KIO ထိန္းခ်ဳပ္ရာ မိုင္ဂ်ာယန္ေဒသမွာ Covid ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေန ေရာက္ရွိလာေနၿပီလို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ ဒါေပမယ့္ လိုင္ဇာေဒသဘက္က စစ္ေရွာင္စခန္းတစ္ခုမွာေတာ့ Covid ကူးစက္မႈ စတင္ေတြ႕တာေၾကာင့္ စခန္းက သူနဲ႔ ထိစပ္သူေတြကို ပိုးရွိ မရွိ စမ္းသပ္စစ္ေဆးေနပါတယ္။ တ႐ုတ္ျမန္မာနယ္စပ္ KIO နယ္ေျမက Covid ကူးစက္မႈအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူေျပာျပပါမယ္။

KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ရဲ႕ ပညာေရး ဗဟိုဌာနျဖစ္တဲ့ တ႐ုတ္ျမန္မာနယ္စပ္က မိုင္ဂ်ာယန္ၿမိဳ႕မွာ ဒီလ ပထမပတ္က ေက်ာင္းသားေတြအၾကားမွာ Covid ကူးစက္မႈ စတင္ေတြ႕ခဲ့ရာက ၂ပတ္ေက်ာ္ကာလအတြင္း ပိုးေတြ႕လူနာ ၅၅၀ ေလာက္အထိ ျမင့္တက္လာတာပါ။

ဒီလို ပိုးေတြ႕လူနာ ျမင့္တက္လာေပမဲ့ ကူးစက္မႈအေျခအေနကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထား ရွိတယ္လို႔ KIO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးႀကီးေနာ္ဘူက VOA ကို အခုလို ေျပာပါတယ္။

“ ပိုးေတြ႕လူနာကေတာ့ အရင္ကေတာ့ ၅၀၀ေက်ာ္ ရွိတာေပါ့ေနာ္။ အခုေတာ့ ၃၀၀ေက်ာ္ဘက္ကို ျပန္ဆင္း သြားၿပီ။ Negative ျဖစ္ေသာ္ျငားလည္း က်ေနာ္တို႔ကေတာ့ Quarantine ျပန္ထည့္ထားတယ္။ အိမ္ျပန္ခြင့္ကေတာ့ မေပးေသးဘူးေပါ့ေနာ္။ အဲဒါ။ ေနာက္တစ္ခုကေတာ့ ေဆး႐ုံတက္တဲ့အဆင့္ လူနာေတာ့ အခုထိ မရွိဘူး။ ေနာက္ ျပည္သူလူထုေတြကိုလည္း က်ေနာ္တို႔က ေန႔တိုင္းေန႔တိုင္း တို႔ဖတ္ေတြကေတာ့ စစ္ေပးတာ၊ အခု ၃ရက္ေလာက္ေတာ့ရွိၿပီ Positive ျပန္မေတြ႕တာကေတာ့။ ဆိုေတာ့ ေတာ္ေတာ္ေလး ၿငိမ္သြားတဲ့အေနအထားေတာ့ ရွိပါတယ္။ ”

မိုင္ဂ်ာယန္မွာ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနရွိေပမဲ့ Lockdown အသြားအလာကန႔္သတ္မႈခ်ထားတာကိုေတာ့ ဆက္လက္ ထားရွိေနဆဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔ကေတာ့ KIO ဌာနခ်ဳပ္ လိုင္ဇာအဝင္မွာ ေဂ်ယန္းစစ္ေရွာင္စခန္းက လာေရာက္သူ တစ္ဦးမွာ Covid 19 ပိုးေတြ႕ခဲ့ၿပီး ေဂ်ယန္းစခန္းနဲ႔ ေဝႀကိဳင္စခန္းက သူနဲ႔ ထိစပ္သူေတြကို စစ္ေဆးေနေၾကာင္း ဗိုလ္မႈးႀကီးေနာ္ဘူက ေျပာပါတယ္။

“လိုင္ဇာၿမိဳ႕တြင္းမွာကေတာ့ အခုထက္ထိ ပိုးေတြ႕တဲ့လူနာေတာ့ မေတြ႕ရေသးပါဘူး။ ဒါေပမဲ့ အျပင္ကေန ဝင္လာတဲ့သူေတြဆီမွာကေတာ့ ပိုးေတြ႕တာေတြ ရွိပါတယ္။ ေဂ်ယန္းမွာ ပိုးေတြ႕တာ ရွိပါတယ္။ သူကေတာ့ ဝင္လာတာနဲ႔ က်ေနာ္တို႔က သူ႔ကို စစ္လိုက္ေတာ့ ပိုးေတြ႕လို႔ သူ႔ကို အျပင္ဘက္ကို ျပန္ထုတ္ထားတာ။ ေနာက္ ေဂ်ယန္းတို႔၊ လိုင္ဇာ ေဝႀကိဳင္ရပ္ကြက္ဘက္မွာ သူ ထိေတြ႕တဲ့ သူေတြ ရွိတယ္။ Contact person လို႔ ေျပာရမွာေပါ့။ အဲဒါေတြကိုလည္း က်ေနာ္တို႔ ဒီ တို႔ဖတ္ေတြ စစ္ေနပါတယ္။”

ေဂ်ယန္းနဲ႔ ေဝႀကိဳင္စခန္းကိုလည္း ဒီေန႔က စတင္ၿပီး Lockdown ခ်ထားပါတယ္။ KIO ထိန္းခ်ဳပ္ေဒသမွ စစ္ေရွာင္စခန္း ၁၄ခု၊ လူဦးေရ ၅ေသာင္းေက်ာ္ေလာက္ရွိေနပါတယ္။ ေလာေလာဆည္ လိုင္ဇာေဒသတေလ်ာက္မွာ လူ ၁ေသာင္းေက်ာ္ကို ကာကြယ္ေဆး ထိုးေပးထားေၾကာင္းနဲ႔ ဒီလို ကာကြယ္ေဆးထိုးရာမွာ တ႐ုတ္ႏိုင္ငံ ၾကက္ေျခနီအသင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္တာေတြ ရွိေၾကာင္းလည္း ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္းမွာပဲ အစိုးရ ထိန္းခ်ဳပ္ရာ ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္းနား စခန္းက စစ္ေရွာင္ ၄ဦးမွာ ပိုးေတြ႕တာေၾကာင့္ အသြားအလာ ကန႔္သတ္တာေတြ ေဆာင္႐ြက္ေနပါတယ္။ မိုင္းနားစခန္းက အေျခအေနကို စခန္းတာဝန္ခံ ဦးဘရန္ဆိုင္းက အခုလို ေျပာပါတယ္။

“၂၃ရက္ေန႔က စေတြ႕တာဗ်။ ဒီကေန႔နဲ႔ ဆိုရင္ေတာ့ ၄ေယာက္ေလာက္ရွိသြားၿပီ။ သူတို႔ကိုက်ေနာ့ ဒီ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈးကို ဆက္သြယ္ၿပီးေတာ့ က်န္းမာေရး ဝန္ႀကီးဌာနကေနၿပီးေတာ့ အခု ေဆး႐ုံကို ေခၚသြားၿပီ။ ေဆး႐ုံမွာ ေဆးကုသ ခံေနတာ။ အခုေနာက္ထပ္ ဖ်ားနာတဲ့ လူနာေတြေရာ ရွိေသးတယ္။ မေန႔က က်န္းမာေရးက လူေတြ ေရာက္လာၿပီး ေဆးေတြ ဘာေတြေတာ့ လာေပးထားတယ္။ ေနာက္ထပ္ ၃ရက္ေနမွ မသက္သာရင္ စစ္မယ္လို႔ေတာ့ ေျပာတယ္။ ေလာေလာဆည္ေတာ့ ၄၀နီးပါးေတာ့ ရွိတယ္။ ”

Covid 19 ပိုးေတြ႕ရွိခဲ့တဲ့ေနာက္ စခန္းကို Lockdown ခ်ထားခဲ့တာေၾကာင့္ စခန္းတြင္းမွာ ရိကၡာအခက္အခဲ ရွိလာေၾကာင္းလည္း ေျပာပါတယ္။

ကခ်င္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ကိုဗစ္ကာလအတြင္း ေနထိုင္စားေသာက္ေရးအဆင္ေျပေစဖို႔ ျမစ္ႀကီးနား၊ ဝိုင္းေမာ္ၿမိဳ႕နယ္က စစ္ေရွာင္စခန္း ၄၃ခု အပါအဝင္ ပရဟိတ ဘာသာေရးေက်ာင္းေတြ၊ မိဘမဲ့ ေက်ာင္းေတြကို အေျခခံ စားေသာက္ကုန္နဲ႔ ေဆးဝါးေတြ လႈဒါန္းခဲ့ေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။

UNICODE

ကချင်စစ်ဘေးဒုက္ခသည်စခန်းတခုမှာ ကိုဗစ်ကူးစက်မှုစတင်တွေ့

ကချင်လက်နက်ကိုင်အဖွဲ့ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်ဒေသမှာ Covid ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အခြေအနေ ရောက်ရှိလာနေပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် လိုင်ဇာဒေသဘက်က စစ်ရှောင်စခန်းတစ်ခုမှာတော့ Covid ကူးစက်မှု စတင်တွေ့တာကြောင့် စခန်းက သူနဲ့ ထိစပ်သူတွေကို ပိုးရှိ မရှိ စမ်းသပ်စစ်ဆေးနေပါတယ်။ တရုတ်မြန်မာနယ်စပ် KIO နယ်မြေက Covid ကူးစက်မှုအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူပြောပြပါမယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ပညာရေး ဗဟိုဌာနဖြစ်တဲ့ တရုတ်မြန်မာနယ်စပ်က မိုင်ဂျာယန်မြို့မှာ ဒီလ ပထမပတ်က ကျောင်းသားတွေအကြားမှာ Covid ကူးစက်မှု စတင်တွေ့ခဲ့ရာက ၂ပတ်ကျော်ကာလအတွင်း ပိုးတွေ့လူနာ ၅၅၀ လောက်အထိ မြင့်တက်လာတာပါ။

ဒီလို ပိုးတွေ့လူနာ မြင့်တက်လာပေမဲ့ ကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်တဲ့ အနေအထား ရှိတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ ပိုးတွေ့လူနာကတော့ အရင်ကတော့ ၅၀၀ကျော် ရှိတာပေါ့နော်။ အခုတော့ ၃၀၀ကျော်ဘက်ကို ပြန်ဆင်း သွားပြီ။ Negative ဖြစ်သော်ငြားလည်း ကျနော်တို့ကတော့ Quarantine ပြန်ထည့်ထားတယ်။ အိမ်ပြန်ခွင့်ကတော့ မပေးသေးဘူးပေါ့နော်။ အဲဒါ။ နောက်တစ်ခုကတော့ ဆေးရုံတက်တဲ့အဆင့် လူနာတော့ အခုထိ မရှိဘူး။ နောက် ပြည်သူလူထုတွေကိုလည်း ကျနော်တို့က နေ့တိုင်းနေ့တိုင်း တို့ဖတ်တွေကတော့ စစ်ပေးတာ၊ အခု ၃ရက်လောက်တော့ရှိပြီ Positive ပြန်မတွေ့တာကတော့။ ဆိုတော့ တော်တော်လေး ငြိမ်သွားတဲ့အနေအထားတော့ ရှိပါတယ်။ ”

မိုင်ဂျာယန်မှာ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်တဲ့အခြေအနေရှိပေမဲ့ Lockdown အသွားအလာကန့်သတ်မှုချထားတာကိုတော့ ဆက်လက် ထားရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ KIO ဌာနချုပ် လိုင်ဇာအဝင်မှာ ဂျေယန်းစစ်ရှောင်စခန်းက လာရောက်သူ တစ်ဦးမှာ Covid 19 ပိုးတွေ့ခဲ့ပြီး ဂျေယန်းစခန်းနဲ့ ဝေကြိုင်စခန်းက သူနဲ့ ထိစပ်သူတွေကို စစ်ဆေးနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“လိုင်ဇာမြို့တွင်းမှာကတော့ အခုထက်ထိ ပိုးတွေ့တဲ့လူနာတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အပြင်ကနေ ဝင်လာတဲ့သူတွေဆီမှာကတော့ ပိုးတွေ့တာတွေ ရှိပါတယ်။ ဂျေယန်းမှာ ပိုးတွေ့တာ ရှိပါတယ်။ သူကတော့ ဝင်လာတာနဲ့ ကျနော်တို့က သူ့ကို စစ်လိုက်တော့ ပိုးတွေ့လို့ သူ့ကို အပြင်ဘက်ကို ပြန်ထုတ်ထားတာ။ နောက် ဂျေယန်းတို့၊ လိုင်ဇာ ဝေကြိုင်ရပ်ကွက်ဘက်မှာ သူ ထိတွေ့တဲ့ သူတွေ ရှိတယ်။ Contact person လို့ ပြောရမှာပေါ့။ အဲဒါတွေကိုလည်း ကျနော်တို့ ဒီ တို့ဖတ်တွေ စစ်နေပါတယ်။”

ဂျေယန်းနဲ့ ဝေကြိုင်စခန်းကိုလည်း ဒီနေ့က စတင်ပြီး Lockdown ချထားပါတယ်။

KIO ထိန်းချုပ်ဒေသမှ စစ်ရှောင်စခန်း ၁၄ခု၊ လူဦးရေ ၅သောင်းကျော်လောက်ရှိနေပါတယ်။ လောလောဆည် လိုင်ဇာဒေသတလျောက်မှာ လူ ၁သောင်းကျော်ကို ကာကွယ်ဆေး ထိုးပေးထားကြောင်းနဲ့ ဒီလို ကာကွယ်ဆေးထိုးရာမှာ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိကြောင်းလည်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ အစိုးရ ထိန်းချုပ်ရာ ဝိုင်းမော်မြို့နယ် မိုင်းနား စခန်းက စစ်ရှောင် ၄ဦးမှာ ပိုးတွေ့တာကြောင့် အသွားအလာ ကန့်သတ်တာတွေ ဆောင်ရွက်နေပါတယ်။မိုင်းနားစခန်းက အခြေအနေကို စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက အခုလို ပြောပါတယ်။

“၂၃ရက်နေ့က စတွေ့တာဗျ။ ဒီကနေ့နဲ့ ဆိုရင်တော့ ၄ယောက်လောက်ရှိသွားပြီ။ သူတို့ကိုကျနော့ ဒီ မြို့နယ် အုပ်ချုပ်ရေးမှုးကို ဆက်သွယ်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနကနေပြီးတော့ အခု ဆေးရုံကို ခေါ်သွားပြီ။ ဆေးရုံမှာ ဆေးကုသ ခံနေတာ။ အခုနောက်ထပ် ဖျားနာတဲ့ လူနာတွေရော ရှိသေးတယ်။ မနေ့က ကျန်းမာရေးက လူတွေ ရောက်လာပြီး ဆေးတွေ ဘာတွေတော့ လာပေးထားတယ်။ နောက်ထပ် ၃ရက်နေမှ မသက်သာရင် စစ်မယ်လို့တော့ ပြောတယ်။ လောလောဆည်တော့ ၄၀နီးပါးတော့ ရှိတယ်။ ”

Covid 19 ပိုးတွေ့ရှိခဲ့တဲ့နောက် စခန်းကို Lockdown ချထားခဲ့တာကြောင့် စခန်းတွင်းမှာ ရိက္ခာအခက်အခဲ ရှိလာကြောင်းလည်း ပြောပါတယ်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ကိုဗစ်ကာလအတွင်း နေထိုင်စားသောက်ရေးအဆင်ပြေစေဖို့ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်း ၄၃ခု အပါအဝင် ပရဟိတ ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ ကျောင်းတွေကို အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးတွေ လှုဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG