(Zawgyi / Unicode)
----------------------
(Unicode)
ကိုဗစ်ထိန်းချုပ်ရေး မန္တလေးမြို့မြင်ကွင်း (သတင်းဓာတ်ပုံ)
မန္တလေးတိုင်း မန္တလေးခရိုင်မှာ COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ မနေ့ ဒီဇင်ဘာ ၅ ရက်ကစလို့ ဒီဇင်ဘာ ၁၈ ရက်အထိ Stay Home နေကြဖို့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပါတယ်။
မဖြစ်မနေ အပြင်သွားလာခွင့် ပြုထားပြီး သတ်မှတ်ချက်တွေနဲ့ မညီဘဲ မြို့နယ်ကျော် သွားရောက်သူတွေကို ဒဏ်ကြေးငွေ ၅,၀၀၀ ပေးဆောင်စေပါတယ်။
မန္တလေးတိုင်းမှာတော့ အခုချိန်ထိ ကူးစက်မှု ၇,၂၀၀ ကျော်ရှိပြီး ရောဂါသက်သာပြီး ဆေးရုံဆင်းသူ ၄,၇၀၀ ကျော်ရှိပြီးတော့ သေဆုံးသူ ၇၈ ယောက်ထိ ရှိပါတယ်။
ရွေးကောက်ပွဲအပြီးကာလမှာ ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး တနေ့ကို ၂၀၀ ကျော်နှုန်း ကူးစက်မှုထိ ရှိလာတဲ့အတွက် အခုလို တင်းကျပ်ပြီး ထိန်းချုပ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
(ဒီဇင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - ထက်အောင်ခန့် (ဗွီအိုအေ))