သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါ မူလဇစ်မြစ် ထောက်လှမ်းရေး အစီရင်ခံစာ CIA ထုတ်ပြန်


CIA အကြီးအကဲသစ် John Ratcliffe
CIA အကြီးအကဲသစ် John Ratcliffe

ကိုဗစ်ကပ်ရောဂါဟာ ဓာတ်ခွဲခန်းတခုကနေ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်နိုင်ခြေများကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ တရုတ်နိုင်ငံကို ရည်ညွှန်းထားပေမဲ့ CIA ရဲ့ သုံးသပ်ချက်အပေါ် အပြည့်အ၀ အားထားလို့ မရနိုင်ကြောင်းလည်း ဖော်ပြခဲ့တာပါ။

အစီရင်ခံစာဟာ ထောက်လှမ်းရေး အချက်အလက်သစ်တွေအပေါ် မူတည်ပြီး ထွက်ပေါ်လာတာ မဟုတ်ဘဲ သမ္မတ Joe Biden လက်ထက်မှာ ကတည်းက CIA အကြီးအကဲ William Burns က ပြုစုထားတာပါ။ အစီရင်ခံစာကိုတော့ သမ္မတ Donald Trump က CIA အကြီးအကဲသစ်အဖြစ် ရွေးချယ်ခဲ့ပြီး ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆို တာဝန်ယူခဲ့တဲ့ John Ratcliffe ရဲ့ အမိန့်နဲ့ မနေ့ကပဲ လျို့ဝှက်အစီရင်ခံစာအဆင့်ကို ပယ်ဖျက်ပြီး၊ အများသိအောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အထောက်အထားတွေအရ ကိုဗစ်ရောဂါရဲ့ မူလဇစ်မြစ်ဟာ သဘာဝက မဟုတ်ဘဲ၊ ဓာတ်ခွဲခန်းမှာ ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ဒါပေမဲ့လည်း အထောက်အထားတွေဟာ လုံလောက်မှု မရှိတာကြောင့် ဆန်းစစ်ချက်အပေါ် အပြည့်အဝယုံကြည်ဖို့ မဖြစ်နိုင်ကြောင်းလည်း ထောက်ပြထားပါတယ်။

Forum

XS
SM
MD
LG