သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးပညာေရးေကာလိပ္ သင္တန္းတက္ေနသူ ၁၉ ဦး ကိုဗစ္ကူးစက္ေန


ပရဟိတမင္းေခါင္း ရွာေဖြကယ္ဆယ္ေရးအဖြဲ႔

{{Zawgyi/Unicode}}

မႏၲေလးၿမိဳ႕က ပညာေရးေကာလိပ္ TTC မွာ သင္တန္းတက္ေနသူ ၁၉ ဦး ကိုဗစ္ ကပ္ေရာဂါ ကူးစက္ခဲ့ပါတယ္။ အခုလို ကိုဗစ္ကပ္ေရာဂါ အစုလိုက္ကူးစက္မႈ႐ွိေနမဲ့ ေဒသခံေတြကေတာ့ သိပ္ၿပီး စိုးရိမ္ပံု မရဘူးလို႔ ပရဟိတလုပ္ေနသူေတြက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ စည္းကမ္းခ်က္ေတြကိုလည္း ဂ႐ုတစိုက္ လိုက္နာဖို႔ လည္း တိုက္တြန္းေနပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

မႏၲေလးၿမိဳ႕၃၃ လမ္း၊ ၆၆ နဲ႔ ၆၇ လမ္း ၾကားမွာရွိတဲ့ ဆရာအတတ္သင္ ပညာေရး ေကာလိပ္ TTC မွာ သင္တန္းတက္ေနသူေတြထဲက အမ်ဳိးသမီး ၁၉ ဦး ကိုဗစ္ ကပ္ေရာဂါ ကူးစက္ခဲ့ပါတယ္။သူတို႔ကို ကန္ေတာ္နဒီေဆး႐ုံဆီ မေန႔က ႏိုဝင္ဘာ ၁၄ ရက္ေန႔က သြားေရာက္ပို႔ေဆာင္ေပးခဲ့တယ္လို႔ ပရဟိတမင္းေခါင္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ တာဝန္ရွိသူက ေျပာပါတယ္။

"သူတို႔သင္တန္းသား အသစ္ေတြနဲ႔ တူပါတယ္။ နယ္ကေနလာၾကေတာ့ သူတို႔ swab ယူလိုက္တာ positive ၁၉ ေယာက္ ထြက္တယ္။ သူတို႔အေျခအေနကေတာ့ အကုန္က်န္းက်န္းမာမာပါပဲ။"

ဘယ္ေဒသေတြကေန လာၿပီး ဆရာ အတတ္သင္ သင္တန္းလာတက္ၾကသလဲဆိုတာကိုေတာ့ ပရိဟိတကူညီသူေတြ မသိၾကပါဘူး။ အဲဒီ သင္တန္းေက်ာင္းမွာ သင္တန္းတက္ေရာက္ေနသူ အမ်ားအျပားရွိတယ္လို႔လည္း အနီးဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ကူးစက္မႈ ျမင့္တက္ေနခ်ိန္မွာ မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home ထုတ္ျပန္ခဲ့တဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေရာဂါျဖစ္ပြားမႈ ထိန္းခ်ဳပ္ႏိုင္လို႔ ျပန္လည္ေျဖေလွ်ာ့မႈေတြ လုပ္လာတဲ့အထဲ မႏၲေလးတိုင္းအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္ေတြလည္း ပါဝင္ခဲ့ပါတယ္။ ေအာက္တိုဘာလကုန္ပိုင္းတုန္းက မႏၲေလးမွာရွိတဲ့ ၿမိဳ႕နယ္ ၁၀ ခု အျပင္ ၿပီးခဲ့တဲ့ ၿပီးခဲ့တဲ့ေသာၾကာေန႔ ႏုိဝင္ဘာ ၁၂ ရက္ေန႔ပဲမႏၲေလးတိုင္းထဲက ၿမိဳ႕နယ္တခုကို Stay at Home သတ္မွတ္ခ်က္ ေျဖေလွ်ာ့ေပးခဲ့တာပါ။ ဒါေပမယ့္လည္း အခု ႏိုဝင္ဘာလကစၿပီး ေရာဂါကူးစက္ျဖစ္ပြားသူေတြ ျပန္ရွိလာတယ္လို႔ ပရဟိတေဆာင္႐ြက္ေပးေနသူက ေျပာပါတယ္။

"ေျမျပင္အေနအထားမွာေတာ့ ေလာေလာဆယ္ ကိုဗစ္က ဒီလထဲမွာ နည္းနည္းေလးျပန္ထတယ္။ ပထမတလက နည္းနည္းရပ္သြားေသးတယ္ေလ။ ရပ္သြားၿပီး အခုဒီလထဲမွာ ျပန္ျဖစ္ၿပီးေတာ့ နည္းနည္းအေသအေပ်ာက္ေတြ ထြက္လာတယ္။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္း ျပင္းျပင္းထန္ထန္ျဖစ္ခဲ့တဲ့ ဇူလိုင္လနဲ႔ ဩဂုတ္ လအစပိုင္းတုန္းက လူစည္ကားတဲ့ ေစ်းနဲ႔ေက်ာင္းေတြကေနတဆင့္ အစုလိုက္ေရာဂါ ကူးစက္မႈေတြ ရွိခဲ့ပါတယ္။ အခု ကိုဗစ္ျပင္းထန္ခ်ိန္ကို ေက်ာ္လြန္လာႏိုင္ၿပီလို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာထားေပမယ့္ ျပည္သူေတြၾကားမွာ ကိုဗစ္စည္းမ်ဥ္းေတြ လိုက္နာမႈအားနည္းေနတုန္းပဲလို႔ ကူညီေဆာင္႐ြက္ေပးသူေတြက ေျပာပါတယ္။မႏၱေလးမွာ တေနရာထဲမွာ ကူးစက္သူ ၂၀ ေလာက္႐ွိေနခ်ိန္မွာေတာင္ ကပ္ေရာဂါ ကာကြယ္ဖုိ႔ အေျခခံအခ်က္ျဖစ္တဲ့ မ်က္ႏွာနဲ႔ ႏွာေခါင္းစည္း Mask တပ္ဖို႔ကိုေတာင္ ေပါ့ေလ်ာ့ၾကတယ္လို႔ ေျပာပါတယ္။

"ေလာေလာဆယ္ ကိုဗစ္ကို သူတို႔မေၾကာက္ေတာ့ဘူး။ အခုက Mask ကို မတပ္ၾကေတာ့တာ။ ျပန္လည္ၿပီးေတာ့ ကိုဗစ္စည္းကမ္းနဲ႔အညီ ထိန္းထိန္းသိမ္းသိမ္းေလး ေနထိုင္ေစခ်င္တယ္။ နယ္ေတြက ရပ္မွမရပ္တာ။ မႏၲေလးက ရပ္ေပမယ့္လို႔ နယ္ေတြကရပ္မသြားဘူး။ နည္းနည္းေလးေတာ့ ျပန္လည္ၿပီးေတာ့ ထိန္းသိမ္းေစခ်င္တယ္။"

ေဒသတြင္း ကိုဗစ္ကူးစက္မႈ အေျခအေနေၾကာင့္ Stay at Home ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ကေတာ့ ၅၂ ခု က်န္ရွိေနပါေသးတယ္။ အေျခခံပညာ စာသင္ေက်ာင္းေတြကို ျပန္ဖြင့္ထားသလို၊ အဆင့္ျမင့္ တကၠသိုလ္၊ ေကာလိပ္ေတြ ျပန္ၿပီးဖြင့္လွစ္ဖို႔ အတြက္ကိုလည္း က်န္းမာေရးနဲ႔ ပညာေရးဝန္ႀကီးဌာနက ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ လူတိုင္း ကာကြယ္ေဆးထိုးႏွံဖို႔အတြက္ကိုလည္း သက္ဆိုင္ရာ ရပ္ကြက္အလိုက္ လိုက္လံႏႈိးေဆာ္တာေတြ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

မန္တလေးပညာရေးကောလိပ် သင်တန်းတက်နေသူ ၁၉ ဦး ကိုဗစ်ကူးစက်နေ

မန္တလေးမြို့က ပညာရေးကောလိပ် TTC မှာ သင်တန်းတက်နေသူ ၁၉ ဦး ကိုဗစ် ကပ်ရောဂါ ကူးစက်ခဲ့ပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ အစုလိုက်ကူးစက်မှုရှိနေမဲ့ ဒေသခံတွေကတော့ သိပ်ပြီး စိုးရိမ်ပုံ မရဘူးလို့ ပရဟိတလုပ်နေသူတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက်တွေကိုလည်း ဂရုတစိုက် လိုက်နာဖို့ လည်း တိုက်တွန်းနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မန္တလေးမြို့၃၃ လမ်း၊ ၆၆ နဲ့ ၆၇ လမ်း ကြားမှာရှိတဲ့ ဆရာအတတ်သင် ပညာရေး ကောလိပ် TTC မှာ သင်တန်းတက်နေသူတွေထဲက အမျိုးသမီး ၁၉ ဦး ကိုဗစ် ကပ်ရောဂါ ကူးစက်ခဲ့ပါတယ်။သူတို့ကို ကန်တော်နဒီဆေးရုံဆီ မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့က သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့သင်တန်းသား အသစ်တွေနဲ့ တူပါတယ်။ နယ်ကနေလာကြတော့ သူတို့ swab ယူလိုက်တာ positive ၁၉ ယောက် ထွက်တယ်။ သူတို့အခြေအနေကတော့ အကုန်ကျန်းကျန်းမာမာပါပဲ။"

ဘယ်ဒေသတွေကနေ လာပြီး ဆရာ အတတ်သင် သင်တန်းလာတက်ကြသလဲဆိုတာကိုတော့ ပရိဟိတကူညီသူတွေ မသိကြပါဘူး။ အဲဒီ သင်တန်းကျောင်းမှာ သင်တန်းတက်ရောက်နေသူ အများအပြားရှိတယ်လို့လည်း အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှု မြင့်တက်နေချိန်မှာ မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တချို့မှာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်လို့ ပြန်လည်ဖြေလျှော့မှုတွေ လုပ်လာတဲ့အထဲ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်တိုဘာလကုန်ပိုင်းတုန်းက မန္တလေးမှာရှိတဲ့ မြို့နယ် ၁၀ ခု အပြင် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ပဲမန္တလေးတိုင်းထဲက မြို့နယ်တခုကို Stay at Home သတ်မှတ်ချက် ဖြေလျှော့ပေးခဲ့တာပါ။ ဒါပေမယ့်လည်း အခု နိုဝင်ဘာလကစပြီး ရောဂါကူးစက်ဖြစ်ပွားသူတွေ ပြန်ရှိလာတယ်လို့ ပရဟိတဆောင်ရွက်ပေးနေသူက ပြောပါတယ်။

"မြေပြင်အနေအထားမှာတော့ လောလောဆယ် ကိုဗစ်က ဒီလထဲမှာ နည်းနည်းလေးပြန်ထတယ်။ ပထမတလက နည်းနည်းရပ်သွားသေးတယ်လေ။ ရပ်သွားပြီး အခုဒီလထဲမှာ ပြန်ဖြစ်ပြီးတော့ နည်းနည်းအသေအပျောက်တွေ ထွက်လာတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ် လအစပိုင်းတုန်းက လူစည်ကားတဲ့ ဈေးနဲ့ကျောင်းတွေကနေတဆင့် အစုလိုက်ရောဂါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ အခု ကိုဗစ်ပြင်းထန်ချိန်ကို ကျော်လွန်လာနိုင်ပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပေမယ့် ပြည်သူတွေကြားမှာ ကိုဗစ်စည်းမျဉ်းတွေ လိုက်နာမှုအားနည်းနေတုန်းပဲလို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။မန္တလေးမှာ တနေရာထဲမှာ ကူးစက်သူ ၂၀ လောက်ရှိနေချိန်မှာတောင် ကပ်ရောဂါ ကာကွယ်ဖို့ အခြေခံအချက်ဖြစ်တဲ့ မျက်နှာနဲ့ နှာခေါင်းစည်း Mask တပ်ဖို့ကိုတောင် ပေါ့လျော့ကြတယ်လို့ ပြောပါတယ်။

"လောလောဆယ် ကိုဗစ်ကို သူတို့မကြောက်တော့ဘူး။ အခုက Mask ကို မတပ်ကြတော့တာ။ ပြန်လည်ပြီးတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းလေး နေထိုင်စေချင်တယ်။ နယ်တွေက ရပ်မှမရပ်တာ။ မန္တလေးက ရပ်ပေမယ့်လို့ နယ်တွေကရပ်မသွားဘူး။ နည်းနည်းလေးတော့ ပြန်လည်ပြီးတော့ ထိန်းသိမ်းစေချင်တယ်။"

ဒေသတွင်း ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် Stay at Home ထုတ်ပြန်ထားတဲ့ မြို့နယ်ကတော့ ၅၂ ခု ကျန်ရှိနေပါသေးတယ်။ အခြေခံပညာ စာသင်ကျောင်းတွေကို ပြန်ဖွင့်ထားသလို၊ အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ်တွေ ပြန်ပြီးဖွင့်လှစ်ဖို့ အတွက်ကိုလည်း ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လူတိုင်း ကာကွယ်ဆေးထိုးနှံဖို့အတွက်ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အလိုက် လိုက်လံနှိုးဆော်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

#TTC#Covid19#မန္တလေးပညာရေးကောလိပ်#ကိုဗစ်ကူးစက်###

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG