သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကူးစက္မႈထိန္းခ်ဳပ္ဖို႔ ဩဂုတ္ ၈ ရက္အထိ ႐ုံးပိတ္ရက္ရွည္ထပ္တိုး


Virus Outbreak

Zawgyi/Unicode

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဇူလိုင္လ ၃၁ ရက္ေန႔အထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ COVID 19 ကူးစက္သူ စုစုေပါင္း ၂၉၉,၁၈၅ ေယာက္နဲ႔ ေသဆုံးသူ ၉,၃၃၄ ေယာက္ ရွိၿပီျဖစ္ပါတယ္။ မေန႔က တရက္တည္း ကူးစက္သူ လူနာသစ္ ၄,၇၂၅ ေယာက္ရွိတာပါ။ အမွန္တကယ္ ေန႔စဥ္ကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္းက ဒီထက္ပိုမ်ားႏိုင္တယ္လို႔လည္း က်န္းမာေရးပညာရွင္ေတြက သုံးသပ္ပါတယ္။
ကိုဗစ္ကူးစက္မႈႏႈန္း ကြင္းဆက္ျဖတ္ေတာက္ႏိုင္ေရး ႏိုင္ငံတြင္း ဇူလိုင္လ ၁၇ ရက္ေန႔ကစၿပီး ၾသဂုတ္လ ၁ ရက္ေန႔ထိ ရက္ရွည္ အစိုးရ႐ုံးပိတ္ရက္ေတြကို ေနာက္ထပ္ သီတင္းတပတ္ထပ္တိုး သတ္မွတ္လိုက္တယ္လို႔ ဒီကေန႔ ေၾကညာပါတယ္။ ေရာဂါကူးစက္မႈႏႈန္း က်ဆင္းလာတာေၾကာင့္ ေရာဂါကြင္းဆက္ျဖတ္ႏိုင္ဖို႔ အခုလို ႐ုံးပိတ္ရက္ထပ္တိုးသတ္မွတ္ေၾကာင္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီကေန႔ စစ္ေကာင္စီအာဏာသိမ္းယူခဲ့တဲ့ ၆ လျပည့္မိန္႔ခြန္း အတြင္းေျပာဆိုခဲ့တာပါ။ ဒီလို ရက္ရွည္႐ုံးပိတ္ရက္ သတ္မွတ္ေဆာင္႐ြက္တာမွာ စီးပြါးေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြ မထိခိုက္ေအာင္ ေဆာင္႐ြက္သြားမယ္လို႔လည္း သူက ေျပာပါတယ္။
တခ်ိန္တည္းမွာပဲ ေရာဂါထိန္းခ်ဳပ္ဟန္႔တားေရး ေနအိမ္တြင္ေနထိုင္ေရး (Stay at home) အစီအစဥ္မွာ အက်ဳံးဝင္လာတဲ့ ၿမိဳ႕နယ္က ၁၀၈ ၿမိဳ႕နယ္ရွိပါတယ္။ လက္ရွိမွာ ေရာဂါပိုး ကူးစက္ခံထားရသူေတြကို ျပဳစု ေစာင့္ေရွာက္ေရးပိုင္းမွာလည္း အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ေဆး႐ုံသုံး ေအာက္ဆီဂ်င္၊ ေဆးဝါးနဲ႔ ေဆးပစၥည္းေတြ အလုံအေလာက္မရွိဘဲ ေဆးေတြကိုလည္း ေဈးႀကီးေပးၿပီး ဝယ္ယူေနၾကရတာပါ။ ဒါ့အျပင္ ေဆးဆိုင္မွာ ေဆးဝယ္ဖို႔ တန္းစီ ေစာင့္ေနသူေတြကို စစ္တပ္က အိမ္ျပန္ခိုင္းတာေတြ၊ ေဆးနဲ႔ ေဆးပစၥည္း တင္လာတဲ့ကားေတြကို တားဆီး စစ္ေဆးၿပီးေတာ့ သိမ္းယူတာေတြ၊ ပုဂၢလိက ေအာက္ဆီဂ်င္စက္႐ုံေတြကေန အမ်ားျပည္သူအတြက္ ေအာက္ဆီဂ်င္မေပးဖို႔ တားျမစ္ကန႔္သတ္တာေတြလည္း ရွိတာေၾကာင့္ လည္း ေရာဂါကူးစက္ေနသူေတြကို က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္အဝမေပးႏိုင္သလို ကုသေရးပိုင္း အခက္အခဲေတြနဲ႔ ေတြ႕ႀကဳံေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ကပ်ရောဂါကူးစက်မှုထိန်းချုပ်ဖို့ ဩဂုတ် ၈ ရက်အထိ ရုံးပိတ်ရက်ရှည်ထပ်တိုး

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဇူလိုင်လ ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID 19 ကူးစက်သူ စုစုပေါင်း ၂၉၉,၁၈၅ ယောက်နဲ့ သေဆုံးသူ ၉,၃၃၄ ယောက် ရှိပြီဖြစ်ပါတယ်။ မနေ့က တရက်တည်း ကူးစက်သူ လူနာသစ် ၄,၇၂၅ ယောက်ရှိတာပါ။ အမှန်တကယ် နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းက ဒီထက်ပိုများနိုင်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပါတယ်။
ကိုဗစ်ကူးစက်မှုနှုန်း ကွင်းဆက်ဖြတ်တောက်နိုင်ရေး နိုင်ငံတွင်း ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး သြဂုတ်လ ၁ ရက်နေ့ထိ ရက်ရှည် အစိုးရရုံးပိတ်ရက်တွေကို နောက်ထပ် သီတင်းတပတ်ထပ်တိုး သတ်မှတ်လိုက်တယ်လို့ ဒီကနေ့ ကြေညာပါတယ်။ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာတာကြောင့် ရောဂါကွင်းဆက်ဖြတ်နိုင်ဖို့ အခုလို ရုံးပိတ်ရက်ထပ်တိုးသတ်မှတ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ စစ်ကောင်စီအာဏာသိမ်းယူခဲ့တဲ့ ၆ လပြည့်မိန့်ခွန်း အတွင်းပြောဆိုခဲ့တာပါ။ ဒီလို ရက်ရှည်ရုံးပိတ်ရက် သတ်မှတ်ဆောင်ရွက်တာမှာ စီးပွါးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ မထိခိုက်အောင် ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။
တချိန်တည်းမှာပဲ ရောဂါထိန်းချုပ်ဟန့်တားရေး နေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်မှာ အကျုံးဝင်လာတဲ့ မြို့နယ်က ၁၀၈ မြို့နယ်ရှိပါတယ်။ လက်ရှိမှာ ရောဂါပိုး ကူးစက်ခံထားရသူတွေကို ပြုစု စောင့်ရှောက်ရေးပိုင်းမှာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဆေးရုံသုံး အောက်ဆီဂျင်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ အလုံအလောက်မရှိဘဲ ဆေးတွေကိုလည်း ဈေးကြီးပေးပြီး ဝယ်ယူနေကြရတာပါ။ ဒါ့အပြင် ဆေးဆိုင်မှာ ဆေးဝယ်ဖို့ တန်းစီ စောင့်နေသူတွေကို စစ်တပ်က အိမ်ပြန်ခိုင်းတာတွေ၊ ဆေးနဲ့ ဆေးပစ္စည်း တင်လာတဲ့ကားတွေကို တားဆီး စစ်ဆေးပြီးတော့ သိမ်းယူတာတွေ၊ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကနေ အများပြည်သူအတွက် အောက်ဆီဂျင်မပေးဖို့ တားမြစ်ကန့်သတ်တာတွေလည်း ရှိတာကြောင့် လည်း ရောဂါကူးစက်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်သလို ကုသရေးပိုင်း အခက်အခဲတွေနဲ့ တွေ့ကြုံနေကြရပါတယ်။

#Covid19 #MyanmarCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG