သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၁၇၆ ဦးမွာ ဆက္ရွိေန


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ၀တ္စံုျပည့္၀တ္ၿပီး ပိုးသတ္ေဆးဖ်န္းေနတဲ့ မီးသတ္၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေမလ ၈ ရက္၊ ေသာၾကာေန႔ညဘက္ ဓာတ္ခြဲနမူနာစုစုေပါင္း ၄၁၉ ခုမွာ COVID-19 ကူးစက္တဲ့ ေနာက္ထပ္ ဓာတ္ခြဲအတည္ျပဳလူနာသစ္ မေတြ႔ရဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန (ရန္ကုန္) က ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ ၉၃ ခု၊ ေဆးသုေတသနဦးစီးဌာနက ဓာတ္ခြဲနမူနာ ၉၃ ခုနဲ႔ ေနျပည္ေတာ္ အမွတ္ (၂) တပ္မေတာ္ ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၂၃၃ ခု၊ စုစုေပါင္း ၄၁၉ ကို စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

အဲဒီစစ္ေဆးမႈေတြမွာ လူနာသစ္မေတြ႔တဲ့အတြက္ ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာအေရအတြက္ ၁၇၆ ေယာက္မွာပဲ ဆက္ရွိေနပါတယ္။

ေရာဂါကူးစက္သူေတြထဲ ေသဆံုးသူ ၆ ေယာက္၊ ေရာဂါကင္းစင္သြားသူ ၆၇ ေယာက္ ႐ွိသြားၿပီျဖစ္ၿပီးေတာ့ အဲဒီထဲက ၄၃ ေယာက္ကို ေဆးရံုက ဆင္းခြင့္ေပးခဲ့ၿပီး ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ရောဂါကူးစက်သူ ၁၇၆ ဦးမှာ ဆက်ရှိနေ

မြန်မာနိုင်ငံမှာ မေလ ၈ ရက်၊ သောကြာနေ့ညဘက် ဓာတ်ခွဲနမူနာစုစုပေါင်း ၄၁၉ ခုမှာ COVID-19 ကူးစက်တဲ့ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (ရန်ကုန်) က ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၉၃ ခုနဲ့ နေပြည်တော် အမှတ် (၂) တပ်မတော် ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၂၃၃ ခု၊ စုစုပေါင်း ၄၁၉ ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆေးမှုတွေမှာ လူနာသစ်မတွေ့တဲ့အတွက် ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာအရေအတွက် ၁၇၆ ယောက်မှာပဲ ဆက်ရှိနေပါတယ်။

ရောဂါကူးစက်သူတွေထဲ သေဆုံးသူ ၆ ယောက်၊ ရောဂါကင်းစင်သွားသူ ၆၇ ယောက် ရှိသွားပြီဖြစ်ပြီးတော့ အဲဒီထဲက ၄၃ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG