သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၅,၆၅၇ ဦး၊ သေဆုံး ၁၉၇ ဦး


COVID-19) outbreak in Yangon, Myanmar
COVID-19) outbreak in Yangon, Myanmar

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၃၅၉ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၆၅၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၉၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညအထိဆိုရင် ပိုးတွေ့သူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၆,၇၅၆ ယောက်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဓါတ်ခွဲစစ်ဆေးမှုတွေနဲ့ စီစစ်မှုတွေ အပြည့်မလုပ်နိုင်တာမို့ တကယ်လက်တွေ့ ပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းထက်များနိုင်တယ်လို့ ကူညီရေးလုပ်သားတွေရော ကျန်းမာရေးဝန်ထမ်းတွေကပါ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံတဝန်း ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရဆဲရှိပြီး ကူးစက် သေဆုံးသူ အရေအတွက်ကလည်း နေ့စဉ် သိသိသာသာ လျော့မသွားသေးပါဘူး။

ကူးစက်ခံရသူရော သေဆုံးသူတွေထဲမှာပါ အသက်အရွယ်ကြီးရင့်သူ၊ ရောဂါအခံရှိသူတွေသာမက ကျန်းမာသူတွေ၊ လူငယ်တွေပါ ပါနေပါတယ်။

ကမ္ဘာတဝန်း နိုင်ငံအသီးသီးမှာ ပျံ့နံှံ့ကူးစက်နေတဲ့ ကိုဗစ် ဗီဇမျိုးကွဲတွေထဲက Alpha, Beta, Delta နဲ့ Kappa မျိုးကွဲလေးခုလုံးကို မြန်မာနိုင်ငံမှာ တွေ့ထားတယ်လို့လည်း ကျန်းမာရေးဌာနက ကြေညာထားပါတယ်။

ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီး ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားတာကို အခုထပ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

မြို့အတော်များများမှာ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲဖြစ်ပြီး အောက်ဆီဂျင်ဖြည့်ဖို့ အချိန်အကြာကြီး တန်းစီစောင့်ကြရပါတယ်။ ဒီကြားထဲမှာပဲ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေ သာမန် လူထုကို အောက်ဆီဂျင်မပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားပါသေးတယ်။

အခုလို ဆိုးရွားလှတဲ့အခြေအနေကြောင့် နိုင်ငံတကာက အကူအညီပေးကြဖို့ ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းပေါင်း ၁၆ ကျောင်းက ကျောင်းသားသမဂ္ဂတွေ မနေ့ကပဲ စာထုတ်ပြီး ပန်ကြားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့လက်ရှိ COVID-19 ကပ်ရောဂါဟာ တိုင်းပြည်အတွက် အရေးပေါ်အခြေအနေအဆင့်သာမက ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေပြီဆိုပြီး နိုင်ငံတကာက ချက်ခြင်း ကြားဝင်ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ မြန်မာကျန်းမာရေးအဖွဲ့အစည်း ၂၇ ဖွဲ့နဲ့အတူ MedAid International Foundation တို့က ဇူလိုင်လ ၁၉ရက်နေ့မှာ တောင်းဆိုထားပါတယ်။

Unicode











#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG