{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ပိုးစစ္ေဆးမႈ ၂၂,၇၁၅ ခု လုပ္ခဲ့တာမွာ ပိုးေတြ႕သူ၁,၀၅၇ ေယာက္ရွိၿပီးေသဆုံးသူက ၁၇ ေယာက္ရွိပါတယ္။ ပိုးေတြ႕ရာခိုင္ႏႈန္းက ၄.၆၅% ျဖစ္ၿပီး ေသဆုံးႏႈန္းက ၃.၇၂% ျဖစ္ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ႏိုဝင္ဘာလဆန္းပိုင္းေလာက္စကၿပီး ပိုးေတြ႕ သူ ၁,၀၀၀ ဝန္းက်င္ထိ ေန႔စဥ္လိုျပန္တက္လာပါတယ္။
ခုရက္ပိုင္း ပိုးကူးသူအမ်ားစုကေတာ့ ရွမ္းျပည္ လားရႈိးဘက္ကျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးမႈကလည္း ဒီရက္ပိုင္းမွာ ပိုမ်ားလာတယ္လို႔ ေဒသ ပရဟိတအသင္းေတြက ေျပာပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြထက္ အမွန္တကယ္ ပိုးကူးသူနဲ႔ ေသဆုံးသူက ဒီထက္မကမ်ားႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတလုပ္ေနသူေတြကခန႔္မွန္းၾကပါတယ္။
ေရာဂါထိန္းခ်ဳပ္ေရး ကာကြယ္ေဆးေတြကိုလည္း အသက္ ၁၂ ႏွစ္အထက္ ေက်ာင္းသားလူငယ္ေတြနဲ႔ ရဟန္းသံဃာေတြအပါအဝင္ ႏိုင္ငံအႏွံ႔ျပည္သူေတြကို ထိုးႏွံေပးေနတယ္လို႔ ျမန္မာ့အလင္းနဲ႔ ေၾကးမုံသတင္းစာေတြမွာ ေဖာ္ျပပါတယ္။
ပိုးကူးစက္မႈေတြ ျပန္ျမင့္တက္လာတဲ့အခ်ိန္မွာပဲ ကိုဗစ္ေရာဂါကာကြယ္တားဆီးေရးအတြက္ဆိုၿပီး လူ ၅၀ အစား လူ ၁၀၀ ထက္ပိုၿပီး လူစုလူေဝးမလုပ္ရလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေအာက္တိုဘာလကုန္မွာပဲ ေၾကျငာခ်က္ထုတ္ျပန္ထားတာပါ။
ကိုဗစ္ပိုးေတြ႕ရာခိုင္ႏႈန္းကိုၾကည့္ရင္ ပိုးကူးစက္မႈေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ထားႏိုင္ တဲ့ အေနအထားကို ေရာက္ေနၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ေရာဂါထိန္း ခ်ဳပ္ေရးအတြက္ မလိုအပ္ဘဲအိမ္ျပင္မထြက္ Stat at Home အမိန႔္ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ကေတာ့ ၇၀ ဝန္းက်င္ရွိေနပါေသးတယ္။
***************
{Unicode}
မြန်မာ ကိုဗစ်ကူးစက်နှုန်း အနည်းငယ်ပြန်တက်လာ
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးမှု ၂၂,၇၁၅ ခု လုပ်ခဲ့တာမှာ ပိုးတွေ့သူ၁,၀၅၇ ယောက်ရှိပြီးသေဆုံးသူက ၁၇ ယောက်ရှိပါတယ်။ ပိုးတွေ့ရာခိုင်နှုန်းက ၄.၆၅% ဖြစ်ပြီး သေဆုံးနှုန်းက ၃.၇၂% ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ နိုဝင်ဘာလဆန်းပိုင်းလောက်စကပြီး ပိုးတွေ့ သူ ၁,၀၀၀ ဝန်းကျင်ထိ နေ့စဉ်လိုပြန်တက်လာပါတယ်။
ခုရက်ပိုင်း ပိုးကူးသူအများစုကတော့ ရှမ်းပြည် လားရှိုးဘက်ကဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုကလည်း ဒီရက်ပိုင်းမှာ ပိုများလာတယ်လို့ ဒေသ ပရဟိတအသင်းတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေထက် အမှန်တကယ် ပိုးကူးသူနဲ့ သေဆုံးသူက ဒီထက်မကများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတလုပ်နေသူတွေကခန့်မှန်းကြပါတယ်။
ရောဂါထိန်းချုပ်ရေး ကာကွယ်ဆေးတွေကိုလည်း အသက် ၁၂ နှစ်အထက် ကျောင်းသားလူငယ်တွေနဲ့ ရဟန်းသံဃာတွေအပါအဝင် နိုင်ငံအနှံ့ပြည်သူတွေကို ထိုးနှံပေးနေတယ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြပါတယ်။
ပိုးကူးစက်မှုတွေ ပြန်မြင့်တက်လာတဲ့အချိန်မှာပဲ ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက်ဆိုပြီး လူ ၅၀ အစား လူ ၁၀၀ ထက်ပိုပြီး လူစုလူဝေးမလုပ်ရလို့ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလကုန်မှာပဲ ကြေငြာချက်ထုတ်ပြန်ထားတာပါ။
ကိုဗစ်ပိုးတွေ့ရာခိုင်နှုန်းကိုကြည့်ရင် ပိုးကူးစက်မှုတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင် တဲ့ အနေအထားကို ရောက်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါထိန်း ချုပ်ရေးအတွက် မလိုအပ်ဘဲအိမ်ပြင်မထွက် Stat at Home အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်ကတော့ ၇၀ ဝန်းကျင်ရှိနေပါသေးတယ်။
#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း
***************