သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓါတ္ခြဲအတည္ျပဳ ၂,၆၇၄ ဦး၊ ေသဆုံး ၁၈၅ ဦး


ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါကူးစက္မႈတုိးလာတာနဲ႔အမွ် ေအာက္စီဂ်င္ျပတ္လပ္ေနတဲ့အေျခအေန။

Zawgyi/Unicode

ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ကုိဗစ္-၁၉ တတိယလႈိင္းေၾကာင့္ ေရာဂါပုိးကူးစက္သူေတြ ေန႔စဥ္ ေထာင္နဲ႔ခ်ီရွိေနတဲ့အျပင္ ေသဆုံးသူေတြဟာလည္း ေန႔စဥ္ ရာ ဂဏန္းမွာ ရွိေနဆဲျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္း ၁၀,၁၀၅ ဦးကုိ စစ္ေဆးခဲ့တာမွာ ပုိးေတြ႔သူ ၂,၆၇၄ ဦး ရွိတယ္လုိ႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူကေတာ့၁၈၅ ဦး ရွိခဲ့ေၾကာင္းလည္း က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ စာရင္းေတြဟာ အျပင္မွာအမွန္တကယ္ ကူးစက္၊ ေသဆုံးသူအေရအတြက္နဲ႔ ကြာဟမႈေတြရွိေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႔ေတြက ေျပာပါတယ္။
ဧရာဝတီတုိင္း၊ ပုသိမ္ၿမိဳ႕မွာ မေန႔ ၾသဂုတ္လ ၁၄ ရက္ေန႔တရက္တည္းမွာတင္ ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၁၂ ဦးရွိခဲ့ေၾကာင္း ကူညီေဆာင္ရြက္ေပးေနတဲ့ ပရဟိတအဖြဲ႔ေတြက ေျပာပါတယ္။
ဒီအေတာအတြင္း တရုတ္ႏုိင္ငံက ေရာက္လာတဲ့ ကုိဗစ္-၁၉ ကာကြယ္ေဆးေတြနဲ႔ ျပည္တြင္းမွာရွိတဲ့ သက္ႀကီးရြယ္အုိေတြကုိ စစ္ေကာင္စီက ကာကြယ္ေဆးထုိးေပးေနပါတယ္။ ကာကြယ္ေဆးကုိ အခမဲ့ထုိးေပးရမွာျဖစ္ေပမယ့္လည္း တခ်ဳိ႕ေနရာေတြမွာ ကာကြယ္ေဆးထုိးရဖုိ႔အတြက္ က်ပ္ေငြ သိန္းနဲ႔ခ်ီၿပီး ေပးေနရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။
လတ္တေလာျဖစ္ေပၚေနတဲ့ ကုိဗစ္-၁၉ တတိယလႈိင္းကုိ အရွိန္ေလ်ာ့သြားေအာင္ လုပ္ေဆာင္တဲ့အေနနဲ႔ စာသင္ေက်ာင္းေတြနဲ႔ အစုိးရရုံးေတြကုိ ၾသဂုတ္လ ၂၂ ရက္ ေန႔ အထိ ပိတ္ပင္ထားမယ့္အေၾကာင္း က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။
=======

Unicode

၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၂,၆၇၄ ဦး၊ သေဆုံး ၁၈၅ ဦး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါပိုးကူးစက်သူတွေ နေ့စဉ် ထောင်နဲ့ချီရှိနေတဲ့အပြင် သေဆုံးသူတွေဟာလည်း နေ့စဉ် ရာ ဂဏန်းမှာ ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၀,၁၀၅ ဦးကို စစ်ဆေးခဲ့တာမှာ ပိုးတွေ့သူ ၂,၆၇၄ ဦး ရှိတယ်လို့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူကတော့၁၈၅ ဦး ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေဟာ အပြင်မှာအမှန်တကယ် ကူးစက်၊ သေဆုံးသူအရေအတွက်နဲ့ ကွာဟမှုတွေရှိကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မနေ့ သြဂုတ်လ ၁၄ ရက်နေ့တရက်တည်းမှာတင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဒီအတောအတွင်း တရုတ်နိုင်ငံက ရောက်လာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေနဲ့ ပြည်တွင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီက ကာကွယ်ဆေးထိုးပေးနေပါတယ်။ ကာကွယ်ဆေးကို အခမဲ့ထိုးပေးရမှာဖြစ်ပေမယ့်လည်း တချို့နေရာတွေမှာ ကာကွယ်ဆေးထိုးရဖို့အတွက် ကျပ်ငွေ သိန်းနဲ့ချီပြီး ပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို အရှိန်လျော့သွားအောင် လုပ်ဆောင်တဲ့အနေနဲ့ စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို သြဂုတ်လ ၂၂ ရက် နေ့ အထိ ပိတ်ပင်ထားမယ့်အကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

#Covid19 #MyanmarCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG