သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္သမားေတြၾကံဳရတဲ့ျပႆနာ အစိုးရစီမံမႈ ညံ့ဖ်င္းတာေၾကာင့္လို႔ လႈပ္ရွားသူမ်ားေဝဖန္


၂၀၂၀ ခုႏွစ္၊ မတ္လ ၂၆ ရက္ေန႔တုန္းက COVID-19 ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားမ်ား ဆႏၵျပတဲ့ ျမင္ကြင္း

(Zawgyi/Unicode)

COVID-19 ေၾကာင့္ တကမာၻလုံး စီးပြားေရးက်ေနခ်ိန္၊ ကုန္ထုတ္လုပ္ငန္းေတြ ရပ္ဆိုင္းထားခ်ိန္ အလုပ္သမားအခြင့္အေရး ေတာင္းဆိုလာတဲ့သူေတြေပၚ အစိုးရက ဖမ္းဆီး၊ ေထာင္ခ်တာေတြ မလုပ္သင့္ဘူးလို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ဒီအေပၚမွာ အလုပ္သမားေတြ၊ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြရဲ႕ အျမင္ကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

COVID-19 ေရာဂါထိန္းခ်ဳပ္ေရးမွာ လူစုလူေဝး မလုပ္ဖို႔ မတ္လ ၁၁ ရက္မွာ အစိုးရက သတိေပးထားၿပီး ၂၀၁၃ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ၊ ကူးစက္ေရာဂါ ကာကြယ္ေရးဥပေဒ ဒါေတြနဲ႔ ေဒသအစိုးရက အေရးယူခြင့္ရွိပါတယ္။

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းက အလုပ္သမား ေခါင္းေဆာင္တခ်ိဳ႕ဟာ ဧၿပီလ တလစာအတြက္ အစိုးရေပးတဲ့ လူမႈဖူလုံေၾကး ၄၀ ရာခိုင္ႏႈန္း ရေအာင္ အလုပ္ရွင္က စီစဥ္ေပးဖို႔၊ တျခားရသင့္တဲ့ အခြင့္အေရးေတြေပးဖို႔ ေတာင္းဆိုရင္း ေမလ ၄ ရက္မွာ ရဲတပ္ဖြဲ႕ရဲ႕ အင္အားသုံးဖမ္းဆီးတာခံရၿပီး ေထာင္ဒဏ္ ၃လ ခ်မွတ္ခံရပါတယ္။

စက္႐ုံအလုပ္သမားအမ်ားစုက ျပည္တြင္ေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၿပီး ဒီအတြက္ စားဖို႔အျပင္ ေနဖို႔အတြက္ ေငြေၾကးအခက္အခဲ ရွိေနတယ္လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢ ဗဟိုေကာ္မတီက မသက္ထားေဆြက ေျပာပါတယ္။

“၄၀ ရာခိုင္ႏႈန္းေပးတယ္၊ ေနာက္ ၆၀ ရာခိုင္းႏႈန္းက်ျပန္ေတာ့ လုပ္ငန္းရွင္က ေပးရပါမယ္လို႔ တိတိက်က် မျပ႒ာန္းထားဘူး။ ေပးရမယ္လို႔ကို မပါတာ ျဖစ္တဲ့အတြက္ လုပ္ငန္းရွင္ေတြအေနနဲ႔က တျပားမွ မေပးဘူး။ အလုပ္သမားေတြက ဧၿပီလ တလုံးမွာ ဒီ ၄၀ ရာခိုင္ႏႈန္းနဲ႔ ဘယ္လိုလုပ္ ရပ္တည္မလဲ။ အဲဒီအတြက္ အလုပ္သမားေတြက ေတာင္းဆိုၾကတာကိုး။ ဒီျဖစ္လာတဲ့ ျပႆနာေတြ အကုန္လုံးက အစိုးရရဲ႕ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းမႈေတြေၾကာင့္လို႔ က်မတို႔က ျမင္တယ္။”

က်န္းမာေရးဝန္ႀကီးဌာန၊ အလုပ္သမားဝန္ႀကီးဌာနနဲ႔ တိုင္းအစိုးရရဲ႕ ၫႊန္ၾကားခ်က္ေတြကို စက္႐ုံေတြက မလိုက္နာဘဲ အလုပ္သမားေတြက ဥပေဒပါ မူလအခြင့္အေရးေတြကို ေတာင္းတဲ့အခါမွာ အလုပ္သမားေတြက တရားစြဲခံရေၾကာင္း သူကေျပာပါတယ္။ အလုပ္ရွင္ရဲ႕ တာဝန္ယူမႈ အပိုင္းကိုလည္း တည္ဆဲဥပေဒေတြမွာ တိတိက်က် မေဖာ္ျပထားေၾကာင္းလည္း ေျပာပါတယ္။

၂၀၁၁ အလုပ္သမားအဖြဲ႕အစည္း ဥပေဒအခန္း (၇) မွာ အလုပ္သမားအဖြဲ႕အစည္းေတြက အလုပ္သမားေတြ အက်ိဳးအတြက္ အကူအညီ ေတာင္းလာရင္ အလုပ္ရွင္က တတ္ႏိုင္သေလာက္ အကူအညီေပးရမယ္လို႔ ေဖာ္ျပထားပါတယ္။ ဥပေဒပါ အခြင့္အေရးေတြကို အလုပ္သမားေတြက အျပည့္အဝ မရဘူလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားကြန္ရက္က ဦးေဌးကေျပာပါတယ္။

“ဗမာျပည္မွာျပသနာဆိုတာ တည္ဆဲဥပေဒပါ အခြင့္အေရးေတြ မရတာ၊ အလုပ္သမားေတြက သူတို႔ေတာင္းတတ္သလို ေတာင္းၾကတာ။ အဲဒါကို ဥပေဒနဲ႔ မညီဘူးဆိုၿပီး အေရးယူၾကတာေပါ့။ ဒီဘက္က်ေတာ့ COVID-19 နဲ႔ပတ္သတ္ၿပီး ၫႊန္ၾကားထားခ်က္အရ လူစုလူေဝးနဲ႔ ၿငိျပန္ေရာ။ ကားေပၚမွာလည္း လူစုလူေဝးနဲ႔ စက္႐ုံေရွ႕မွာလည္း အလုပ္လုပ္တာနဲ႔ လူစုလူေဝးပဲ။ အဲဒါေရာ ညီသလားဆိုေတာ့ အဲဒါေၾကာင့္ တည္ဆဲဥပေဒအရ တရားမွ်တဖို႔လိုတယ္။”

တရားလႊတ္ေတာ္ေရွ႕ေန ဦးေဌးေျပာသြားတာပါ။

အလုပ္သမားေတြဟာ လြတ္လပ္စြာ ဖြဲ႕စည္းခြင့္၊ ေတာင္းဆိုခြင့္၊ စုေပါင္းေတာင္းဆိုခြင့္ေတြကို ၂၀၁၁ အလုပ္သမားအဖြဲ႕အစည္း ဥပေဒအတိုင္း ရရွိထားၿပီးျဖစ္ပါတယ္။ ဒဂုံဆိပ္ကမ္းက အလုပ္မားကေတာ့ ရာဇသတ္ႀကီးဥေပဒ၊ ကပ္ေရာဂါဥပေဒ၊ သဘာဝေဘအႏၲရာယ္ဆိုင္ရာ ဥပေဒ၊ ပုဒ္မမ်ိဳးစုံနဲ႔ လွည့္တရားစြဲခံထားရၿပီး အလုပ္ရွင္က ဥပေဒအရ အၿမဲကင္းလြတ္ခြင့္ရေနေၾကာင္း ဥပေဒပညာရွင္ေတြက ေထာက္ျပပါတယ္။

အလုပ္သမားေတြဟာ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ သုံးပြင့္ဆိုင္ဖြဲ႕စည္းထားတဲ့ ခုံသမာဓိေကာင္စီကို အယုံအၾကည္မရွိလို႔ ဆႏၵထုတ္ေဖာ္တဲ့ နည္းလမ္းကို ေ႐ြးခ်ယ္ၾကတယ္လို႔ဆိုပါတယ္။

“ခုံသမာဓိေတြ၊ ခုံေကာင္စီေတြကို အယုံအၾကည္မရွိလို႔ ဒဂုံဆိပ္ကမ္း အလုပ္သမားေတြက မတက္တာေပါ့ေနာ္။ အလုပ္သမားဦးစီးဌာနေတြ ကိုယ္တိုင္ကိုက အလုပ္သမားဘက္ေတြမွာ မရွိဘဲနဲ႔ အလုပ္သမားေတြ ဒုကၡေရာက္ေအာင္ ဖန္တီးေနတာျဖစ္တဲ့အတြက္ က်မတို႔က ဒီလိုမ်ိဳး အားကိုးတဲ့ဟာမ်ိဳး မလုပ္ခဲ့တာေပါ့။”

ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က မသက္ထားေဆြ ေျပာသြားတာပါ။

အလုပ္သမားေတာင္းဆိုမႈေတြဟာ ၂၀၁၀ ေလာက္ကစၿပီး အခုအခ်ိန္အထိ မေျဖရွင္းႏိုင္ေသးပဲရွိပါတယ္။ ႏိုင္ငံေတာ္သမၼတရဲ႕ ေမလ ၁ရက္ ကမာၻ႔အလုပ္သမားေန႔ သဝဏ္လႊာမွာေတာ့ ႏိုင္ငံတိုးတက္ဖို႔ အလုပ္ရွင္၊ အလုပ္သမား ဟန္ခ်က္ညီ ပူးေပါင္းၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အလုပ်သမားတွေကြုံရတဲ့ပြဿနာ အစိုးရစီမံမှု ညံ့ဖျင်းတာကြောင့်လို့ လှုပ်ရှားသူများဝေဖန်

COVID-19 ကြောင့် တကမ္ဘာလုံး စီးပွားရေးကျနေချိန်၊ ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းထားချိန် အလုပ်သမားအခွင့်အရေး တောင်းဆိုလာတဲ့သူတွေပေါ် အစိုးရက ဖမ်းဆီး၊ ထောင်ချတာတွေ မလုပ်သင့်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအပေါ်မှာ အလုပ်သမားတွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

COVID-19 ရောဂါထိန်းချုပ်ရေးမှာ လူစုလူဝေး မလုပ်ဖို့ မတ်လ ၁၁ ရက်မှာ အစိုးရက သတိပေးထားပြီး ၂၀၁၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေ ဒါတွေနဲ့ ဒေသအစိုးရက အရေးယူခွင့်ရှိပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းက အလုပ်သမား ခေါင်းဆောင်တချို့ဟာ ဧပြီလ တလစာအတွက် အစိုးရပေးတဲ့ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်း ရအောင် အလုပ်ရှင်က စီစဉ်ပေးဖို့၊ တခြားရသင့်တဲ့ အခွင့်အရေးတွေပေးဖို့ တောင်းဆိုရင်း မေလ ၄ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးဖမ်းဆီးတာခံရပြီး ထောင်ဒဏ် ၃လ ချမှတ်ခံရပါတယ်။

စက်ရုံအလုပ်သမားအများစုက ပြည်တွင်ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး ဒီအတွက် စားဖို့အပြင် နေဖို့အတွက် ငွေကြေးအခက်အခဲ ရှိနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီက မသက်ထားဆွေက ပြောပါတယ်။

“၄၀ ရာခိုင်နှုန်းပေးတယ်၊ နောက် ၆၀ ရာခိုင်းနှုန်းကျပြန်တော့ လုပ်ငန်းရှင်က ပေးရပါမယ်လို့ တိတိကျကျ မပြဋ္ဌာန်းထားဘူး။ ပေးရမယ်လို့ကို မပါတာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့က တပြားမှ မပေးဘူး။ အလုပ်သမားတွေက ဧပြီလ တလုံးမှာ ဒီ ၄၀ ရာခိုင်နှုန်းနဲ့ ဘယ်လိုလုပ် ရပ်တည်မလဲ။ အဲဒီအတွက် အလုပ်သမားတွေက တောင်းဆိုကြတာကိုး။ ဒီဖြစ်လာတဲ့ ပြဿနာတွေ အကုန်လုံးက အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့်လို့ ကျမတို့က မြင်တယ်။”

ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်တွေကို စက်ရုံတွေက မလိုက်နာဘဲ အလုပ်သမားတွေက ဥပဒေပါ မူလအခွင့်အရေးတွေကို တောင်းတဲ့အခါမှာ အလုပ်သမားတွေက တရားစွဲခံရကြောင်း သူကပြောပါတယ်။ အလုပ်ရှင်ရဲ့ တာဝန်ယူမှု အပိုင်းကိုလည်း တည်ဆဲဥပဒေတွေမှာ တိတိကျကျ မဖော်ပြထားကြောင်းလည်း ပြောပါတယ်။

၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေအခန်း (၇) မှာ အလုပ်သမားအဖွဲ့အစည်းတွေက အလုပ်သမားတွေ အကျိုးအတွက် အကူအညီ တောင်းလာရင် အလုပ်ရှင်က တတ်နိုင်သလောက် အကူအညီပေးရမယ်လို့ ဖော်ပြထားပါတယ်။ ဥပဒေပါ အခွင့်အရေးတွေကို အလုပ်သမားတွေက အပြည့်အဝ မရဘူလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်က ဦးဌေးကပြောပါတယ်။

“ဗမာပြည်မှာပြသနာဆိုတာ တည်ဆဲဥပဒေပါ အခွင့်အရေးတွေ မရတာ၊ အလုပ်သမားတွေက သူတို့တောင်းတတ်သလို တောင်းကြတာ။ အဲဒါကို ဥပဒေနဲ့ မညီဘူးဆိုပြီး အရေးယူကြတာပေါ့။ ဒီဘက်ကျတော့ COVID-19 နဲ့ပတ်သတ်ပြီး ညွှန်ကြားထားချက်အရ လူစုလူဝေးနဲ့ ငြိပြန်ရော။ ကားပေါ်မှာလည်း လူစုလူဝေးနဲ့ စက်ရုံရှေ့မှာလည်း အလုပ်လုပ်တာနဲ့ လူစုလူဝေးပဲ။ အဲဒါရော ညီသလားဆိုတော့ အဲဒါကြောင့် တည်ဆဲဥပဒေအရ တရားမျှတဖို့လိုတယ်။”

တရားလွှတ်တော်ရှေ့နေ ဦးဌေးပြောသွားတာပါ။

အလုပ်သမားတွေဟာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ တောင်းဆိုခွင့်၊ စုပေါင်းတောင်းဆိုခွင့်တွေကို ၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေအတိုင်း ရရှိထားပြီးဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းက အလုပ်မားကတော့ ရာဇသတ်ကြီးဥပေဒ၊ ကပ်ရောဂါဥပဒေ၊ သဘာဝဘေအန္တရာယ်ဆိုင်ရာ ဥပဒေ၊ ပုဒ်မမျိုးစုံနဲ့ လှည့်တရားစွဲခံထားရပြီး အလုပ်ရှင်က ဥပဒေအရ အမြဲကင်းလွတ်ခွင့်ရနေကြောင်း ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။

အလုပ်သမားတွေဟာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဖွဲ့စည်းထားတဲ့ ခုံသမာဓိကောင်စီကို အယုံအကြည်မရှိလို့ ဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းကို ရွေးချယ်ကြတယ်လို့ဆိုပါတယ်။

“ခုံသမာဓိတွေ၊ ခုံကောင်စီတွေကို အယုံအကြည်မရှိလို့ ဒဂုံဆိပ်ကမ်း အလုပ်သမားတွေက မတက်တာပေါ့နော်။ အလုပ်သမားဦးစီးဌာနတွေ ကိုယ်တိုင်ကိုက အလုပ်သမားဘက်တွေမှာ မရှိဘဲနဲ့ အလုပ်သမားတွေ ဒုက္ခရောက်အောင် ဖန်တီးနေတာဖြစ်တဲ့အတွက် ကျမတို့က ဒီလိုမျိုး အားကိုးတဲ့ဟာမျိုး မလုပ်ခဲ့တာပေါ့။”

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က မသက်ထားဆွေ ပြောသွားတာပါ။

အလုပ်သမားတောင်းဆိုမှုတွေဟာ ၂၀၁၀ လောက်ကစပြီး အခုအချိန်အထိ မဖြေရှင်းနိုင်သေးပဲရှိပါတယ်။ နိုင်ငံတော်သမ္မတရဲ့ မေလ ၁ရက် ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာမှာတော့ နိုင်ငံတိုးတက်ဖို့ အလုပ်ရှင်၊ အလုပ်သမား ဟန်ချက်ညီ ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG