သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကန္႔သတ္ခ်က္ ကန္ CDC ေလွ်ာ႔ခ်


Atlanta ၿမိဳ႔က CDC အေဆာက္အအုံ

အေမရိကန္ က်န္းမာေရးဌာနႀကီးတခုျဖစ္တဲ့ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ တားဆီးေရးဌာန (CDC)က ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္ေတြကို ေလွ်ာ့ခ်လိုက္ေၾကာင္း ၾကာသပေတးေန႔က ေၾကညာလိုက္ပါတယ္။ ေရာဂါကူးစက္ခံရသူနဲ႔ နီးနီးကပ္ကပ္ ထိေတြ႕ဆက္ဆံဖူးသူေတြ သီးျခားခဲြ ေနထိုင္ဖို႔၊ လူတေယာက္နဲ႔တေယာက္ ၆ ေပ အကြာမွာေနၾကဖို႔ဆိုတဲ့ တိုက္တြန္းခ်က္ေတြကို CDC က ႐ုပ္သိမ္းလိုက္တာပါ။

ကပ္ေရာဂါ စတင္ခဲ့တဲ့ ၂ ႏွစ္ခဲြေက်ာ္ကာလအတြင္း ကာကြယ္ေဆးထိုးတာ ဒါမွမဟုတ္ ေရာဂါကူးစက္ခံရတာေၾကာင့္ အသက္ ၁၆ ႏွစ္နဲ႔အထက္ အေမရိကန္ႏိုင္ငံသား ခန္႔မွန္းေျခ ၉၅ ရာခိုင္ႏႈန္း ေရာဂါဒဏ္ခံႏိုင္ရည္ရွိမႈအတိုင္းအတာတခုကို ေရာက္လာတာေၾကာင့္ ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္တာလို႔လည္း ေျပာပါတယ္။
ကပ္ေရာဂါ အေျခအေနဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကနဲ႔ မတူေတာ့ဘူးလို႔လည္း CDC လမ္းၫႊန္ခ်က္ ေရးဆဲြသူ တဦးျဖစ္တဲ့ Greta Massetti ကေျပာပါတယ္။ လမ္းၫႊန္ခ်က္သစ္ဟာ အေမရိကန္ အားလုံးနဲ႔ အက်ဳံး၀င္မွာျဖစ္ေပမဲ့ အထူးသျဖင့္ ဒီလထဲမွာ ျပန္ဖြင့္ေတာ့မယ့္ စာသင္ေက်ာင္းေတြအတြက္ အဓိက သက္ေရာက္မႈ ရွိႏိုင္ပါတယ္။
ေရာဂါပိုး ကူးစက္မႈ ရွိမရွိ ေက်ာင္းေတြမွာ ေန႔စဥ္ပုံမွန္ စစ္ေဆးမႈေတြ လုပ္စရာ မလိုေတာ့ဘူးလို႔ လမ္းၫႊန္ခ်က္သစ္မွာ ထည့္သြင္းထားေပမဲ့ အေျခအေနအရ လိုအပ္ရင္ ျပန္လုပ္ခြင့္ျပဳထားပါတယ္။ ကိုဗစ္ေရာဂါ ကူးစက္သူနဲ႔ အနီးကပ္ ထိေတြ႕ဆက္ဆံမိရင္ အိမ္မွာသီးျခားခဲြေနစရာမလိုဘဲ ပုံမွန္ေဆးစစ္ဖို႔ သတ္မွတ္ထားတာကိုလည္း လမ္းၫႊန္ခ်က္ကေန ႐ုပ္သိမ္းခဲ့တာပါ။ ေရာဂါကူးစက္မႈႏႈန္း မ်ားေနတဲ့ ေနရာေတြ၊ ေရာဂါကူးစက္ခံရႏိုင္တဲ့ ကိုယ္ခံအားမေကာင္းသူေတြကလဲြလို႔ ႏွာေခါင္းစည္းေတြ မျဖစ္မေန တပ္ထားဖို႔ လမ္းၫႊန္ခ်က္ကိုလည္း CDC က ဖယ္ရွားလိုက္ပါတယ္။

ကိုဗစ္ကန္႔သတ္ခ်က္ ကန္ CDC ေလွ်ာ႔ခ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန် ကျန်းမာရေးဌာနကြီးတခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာန (CDC)က ကိုဗစ်ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို လျှော့ချလိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ရောဂါကူးစက်ခံရသူနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံဖူးသူတွေ သီးခြားခွဲ နေထိုင်ဖို့၊ လူတယောက်နဲ့တယောက် ၆ ပေ အကွာမှာနေကြဖို့ဆိုတဲ့ တိုက်တွန်းချက်တွေကို CDC က ရုပ်သိမ်းလိုက်တာပါ။

ကပ်ရောဂါ စတင်ခဲ့တဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း ကာကွယ်ဆေးထိုးတာ ဒါမှမဟုတ် ရောဂါကူးစက်ခံရတာကြောင့် အသက် ၁၆ နှစ်နဲ့အထက် အမေရိကန်နိုင်ငံသား ခန့်မှန်းခြေ ၉၅ ရာခိုင်နှုန်း ရောဂါဒဏ်ခံနိုင်ရည်ရှိမှုအတိုင်းအတာတခုကို ရောက်လာတာကြောင့် လျှော့ချဖို့ ဆုံးဖြတ်တာလို့လည်း ပြောပါတယ်။
ကပ်ရောဂါ အခြေအနေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ မတူတော့ဘူးလို့လည်း CDC လမ်းညွှန်ချက် ရေးဆွဲသူ တဦးဖြစ်တဲ့ Greta Massetti ကပြောပါတယ်။ လမ်းညွှန်ချက်သစ်ဟာ အမေရိကန် အားလုံးနဲ့ အကျုံးဝင်မှာဖြစ်ပေမဲ့ အထူးသဖြင့် ဒီလထဲမှာ ပြန်ဖွင့်တော့မယ့် စာသင်ကျောင်းတွေအတွက် အဓိက သက်ရောက်မှု ရှိနိုင်ပါတယ်။
ရောဂါပိုး ကူးစက်မှု ရှိမရှိ ကျောင်းတွေမှာ နေ့စဉ်ပုံမှန် စစ်ဆေးမှုတွေ လုပ်စရာ မလိုတော့ဘူးလို့ လမ်းညွှန်ချက်သစ်မှာ ထည့်သွင်းထားပေမဲ့ အခြေအနေအရ လိုအပ်ရင် ပြန်လုပ်ခွင့်ပြုထားပါတယ်။ ကိုဗစ်ရောဂါ ကူးစက်သူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမိရင် အိမ်မှာသီးခြားခွဲနေစရာမလိုဘဲ ပုံမှန်ဆေးစစ်ဖို့ သတ်မှတ်ထားတာကိုလည်း လမ်းညွှန်ချက်ကနေ ရုပ်သိမ်းခဲ့တာပါ။ ရောဂါကူးစက်မှုနှုန်း များနေတဲ့ နေရာတွေ၊ ရောဂါကူးစက်ခံရနိုင်တဲ့ ကိုယ်ခံအားမကောင်းသူတွေကလွဲလို့ နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ထားဖို့ လမ်းညွှန်ချက်ကိုလည်း CDC က ဖယ်ရှားလိုက်ပါတယ်။

XS
SM
MD
LG