သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၃,၆၈၉ ဦး၊ သေဆုံး ၃၃၀ ဦး


APTOPIX Virus Outbreak Myanmar Daily Life
APTOPIX Virus Outbreak Myanmar Daily Life

Zawgyi/Unicode

ကိုဗစ် တတိယလှိုင်း အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၂,၃၉၄ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၃,၆၈၉ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၃၀ ဦး ရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကို စံနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်းမရှိတာအပြင် သေဆုံးသူစာရင်းကိုလည်း တိကျစွာ ပြုစုနိုင်ခြင်း မရှိတာတွေကြောင့် ရောဂါပိုး ကူးစက်သူနဲ့သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနက နေ့စဉ် ထုတ်ပြန်နေတဲ့ စာရင်းထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ကနေ့အချိန် သေဆုံးသူ အများအပြားရှိနေတာမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အနုပညာရှင် အများအပြားလည်း ပါဝင်ပါတယ်။

နိုင်ငံကျော် လူရွှင်တော်လည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်တဲ့ ဦးမေတ္တာဟာ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ တလလောက်အတွင်း ဦးမေတ္တာလိုပဲ ထင်ရှားတဲ့ အနုပညာရှင်နဲ့ စာရေးဆရာအများအပြားလဲ ကိုဗစ်-၁၉ နဲ့ သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီက သြဂုတ်လ ၈ ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်အထိ တိုးမြင့်သတ်မှတ်ထားသလို စာသင်ကျောင်းတွေကိုလည်း သြဂုတ်လ ၈ ရက်နေ့အထိ ပိတ်ထားပါတယ်။ ဒါ့အပြင် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးက မြို့နယ်ပေါင်း ၁၀၀ ကျော်မှာလည်း Stay at home - မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

=====

တိုက်ရိုက် လင့်ခ်


Unicode







#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG