Zawgyi/Unicode
ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၅၀%ဒီႏွစ္မကုန္ခင္ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးႏိုင္ေအာင္ ရည္႐ြယ္လုပ္ေဆာင္ေနတဲ့အေၾကာင္း အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားေပမဲ့ လက္ေတြ႔ျဖစ္လာဖို႔မွာေတာ့ အခက္အခဲ အမ်ားအျပား ရွိေနပါတယ္။
ေငြေၾကးတတ္ႏိုင္သူေတြက အခေၾကးေငြေပးၿပီး ကာကြယ္ေဆး ထိုးေနၾကတာေတြ ရွိေနေပမဲ့ အေျခခံလူတန္းစားေတြအတြက္ကေတာ့ ကာကြယ္ေဆးရဖို႔ ခက္ခဲသလို ကာကြယ္ေဆးအေပၚ စိတ္ခ်ယုံၾကည္ရမႈပိုင္း စိုးရိမ္ခ်က္ေတြလည္း ရွိေနပါတယ္။
စစ္ေကာင္စီက်န္းမာေရးဌာနကေတာ့ ဇူလိုင္လ ေနာက္ဆုံးပတ္ကစၿပီး ကာကြယ္ေဆးထိုးအစီအစဥ္ စတင္ေနတဲ့အေၾကာင္း ေျပာဆိုထားၿပီး တ႐ုတ္ႏိုင္ငံထုတ္ Sinopharm နဲ႔ Sinovac ကာကြယ္ေဆးေတြကို ထိုးေပးေနတာျဖစ္ပါတယ္။
က်န္းမာေရးဝန္ထမ္းေတြ၊ ပရဟိတ အကူအညီေပးလုပ္သားေတြ၊ အက်ဥ္းသားေတြနဲ႔ အသက္ ၆၅ ႏွစ္အထက္ေတြကို ဦးစားေပး ထိုးေပးေနၿပီး လူေပါင္း ၁.၈ သန္းေက်ာ္ကို ကာကြယ္ေဆးထိုးၿပီးေၾကာင္း ၾသဂုတ္လ ၆ ရက္ ႏိုင္ငံပိုင္သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ႏိုင္ငံတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တာေတြ၊ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးတာေတြ ဆက္ရွိေနဆဲပါ။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၁,၂၃၈ ခုကုိ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔သူ ၃,၀၀၉ ေယာက္ရွိၿပီး ေသဆံုးသူ ၁၅၁ ေယာက္ရွိတယ္လုိ႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။ က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတကူညီေပးေနသူေတြကေတာ့ အမွန္တကယ္ ကူးစက္ေသဆုံးႏႈန္းဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းၾကပါတယ္။
ေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရးအတြက္ဆိုၿပီး ႐ံုးေတြ၊ လုပ္ငန္းေတြ၊ ေက်ာင္းေတြကို ဆက္တိုက္လို ပိတ္လာတာမွာ အခုထပ္ၿပီး ဒီလ ၂၃ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ စစ္ေကာင္စီက တိုးျမွင့္သတ္မွတ္လိုက္ပါတယ္။
=====
Unicode
၂၀၂၁ ခုနှစ်အတွင်း လူဦးရေ ၅၀% ကိုဗစ်ကာကွယ်ဆေးထိုးရေးမျှော်မှန်းချက် လက်တွေ့ဖြစ်ဖို့ခက်
မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀%ဒီနှစ်မကုန်ခင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတဲ့အကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပေမဲ့ လက်တွေ့ဖြစ်လာဖို့မှာတော့ အခက်အခဲ အများအပြား ရှိနေပါတယ်။
ငွေကြေးတတ်နိုင်သူတွေက အခကြေးငွေပေးပြီး ကာကွယ်ဆေး ထိုးနေကြတာတွေ ရှိနေပေမဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ ကာကွယ်ဆေးရဖို့ ခက်ခဲသလို ကာကွယ်ဆေးအပေါ် စိတ်ချယုံကြည်ရမှုပိုင်း စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
စစ်ကောင်စီကျန်းမာရေးဌာနကတော့ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ကာကွယ်ဆေးထိုးအစီအစဉ် စတင်နေတဲ့အကြောင်း ပြောဆိုထားပြီး တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ထိုးပေးနေတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အကူအညီပေးလုပ်သားတွေ၊ အကျဉ်းသားတွေနဲ့ အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေး ထိုးပေးနေပြီး လူပေါင်း ၁.၈ သန်းကျော်ကို ကာကွယ်ဆေးထိုးပြီးကြောင်း သြဂုတ်လ ၆ ရက် နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၂၃၈ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၀၀၉ ယောက်ရှိပြီး သေဆုံးသူ ၁၅၁ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ဆိုပြီး ရုံးတွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေကို ဆက်တိုက်လို ပိတ်လာတာမှာ အခုထပ်ပြီး ဒီလ ၂၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
#COVID #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း